Asia
တောင်ကိုရီးယား-အမေရိကန် သမ္မတ တွေ့ဆုံ၍ မဟာမိတ်ဆက်ဆံရေးအား ခိုင်မြဲစေရန် ဆွေးနွေး
ဂယောင်းဂျူ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်သည် တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့၌ ခရီးစဉ်ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် အောက်တိုဘာ ၂၉ ရက်တွင် တွေ့ဆုံ၍ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဆက်ဆံရေး ခိုင်မြဲစေရေး စသည့် အရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် လီဂျေမြောင်က တောင်ကိုရီးယားအနေဖြင့် ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ခြင်းနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်း မြှင့်တင်ခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ရေးအင်အားကို ပမာဏအများအပြား တိုးမြှင့်ကာ အမေရိကန်၏ ကာကွယ်ရေးဝန်ထုပ်ဝန်ပိုးအား လျှော့ချရန် စီစဉ်ထားကြောင်း၊ တစ်ချိန်တည်းတွင် တောင်ကိုရီးယားက အမေရိကန်အပေါ် ရင်းနှီးမြှုပ်နှံမှုနှင့် သွင်းကုန်များ တိုးချဲ့ခြင်း စသည့် အစီအမံများဖြင့် တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဆက်ဆံရေးအား တစ်ဆင့်တိုး ခိုင်မြဲစေရန်နှင့် နက်ရှိုင်းစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တောင်ကိုရီးယား သမ္မတရုံး သတင်းအရ သိရသည်။
ထရမ့်က တောင်ကိုရီးယားနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် အရေးကိစ္စအား အတူတကွ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
韩美总统会晤 讨论巩固同盟关系
新华社韩国庆州10月29日电(记者刘天 黄昕欣)韩国总统李在明29日在韩国庆州同到访的美国总统特朗普会晤,讨论巩固韩美同盟等问题。
据韩国总统府消息,李在明在会晤中表示,韩国计划通过提高国防预算和发展国防产业,大幅增强自我防卫力量,减轻美国防务负担。同时,韩国将通过扩大对美投资与进口等措施,进一步巩固和深化韩美同盟关系。
特朗普表示将继续与韩国保持良好关系,共同解决朝鲜半岛问题。(完)
图说:8月25日,美国总统特朗普(左)在华盛顿白宫欢迎韩国总统李在明。新华社记者 胡友松 摄
