Connect with us

Latin America

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး ရဲတပ်ဖွဲ့၏ ဝင်ရောက်စီးနင်းမှုအတွင်း ပစ်ခတ်မှုကြောင့် သံသယရှိသူ စုစုပေါင်း ၁၁၇ ဦး သေဆုံး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး Penha ရပ်ကွက်တွင် ကယ်ဆယ်ရေးဝန်ထမ်းများက ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူများ၏ ရုပ်အလောင်းများအား ရွှေ့ပြောင်းသယ်ယူနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၂၈ ရက်တွင် ရီယိုဒီဂျနေးရိုးမြို့၌ ဝင်ရောက်စီးနင်းမှုအတွင်း ပစ်ခတ်မှုကြောင့် သံသယရှိသူ စုစုပေါင်း ၁၁၇ ဦး သေဆုံးခဲ့ပြီး အခြား ရဲဝန်ထမ်း ၄ ဦး ကျဆုံးခဲ့ရကြောင်း ရီယိုဒီဂျနေးရိုးပြည်နယ် ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခုအကြိမ်လှုပ်ရှားမှုအတွင်း စုစုပေါင်း သံသယရှိသူ ၁၁၃ ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက် အရေအတွက် ၁၀၀ ကျော်နှင့် မူးယစ်ဆေးဝါး တန်ချိန်အချို့ ဖမ်းဆီးရမိခဲ့ကြောင်း ရီယိုဒီရဂျနေးရိုးပြည်နယ် ပြည်သူ့ရဲ တာဝန်ရှိပုဂ္ဂိုလ် Felipe Curi က ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
အဆိုပါလှုပ်ရှားမှုသည် တစ်နှစ်ကျော်ကြာ စုံစမ်းစစ်ဆေးမှုအရ လုပ်ဆောင်ခြင်းဖြစ်ပြီး ရုတ်တရက် ဝင်ရောက်စီးနင်းသည့် ပစ်မှတ်နေအိမ်များသည် သက်သေအထောက်အထားရှိသည့် ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူများ နေထိုင်ရာနေရာဖြစ်ကြောင်း Felipe Curi က အလေးထားပြောကြားခဲ့သည်။ သို့သော် လှုပ်ရှားမှုအတိုင်းအတာအတွင်း သစ်တောဒေသများ ပါဝင်သောကြောင့် အချိန်တိုအတွင်း သံသယရှိသူအားလုံး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရရှိရာတွင် အခက်အခဲရှိကြောင်း ၎င်းကဆိုသည်။
ရီယိုဒီဂျနေးရိုးပြည်နယ် လက်နက်ကိုင်ရဲ တာဝန်ရှိပုဂ္ဂိုလ် Marcelo de Menezes က ထိုကဲ့သို့ကြီးမားလှသည့် ထိခိုက်သေဆုံးမှုသည် မျှော်မှန်းထားခြင်းမရှိသလို ရဲဘက်နှင့် အစိုးရတို့ကလည်း မတွေ့မြင်လိုကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၂၈ ရက် တွင် ရီယိုဒီဂျနေးရိုးမြို့ Alemao ရပ်ကွက်နှင့် Penha ရပ်ကွက် ရပ်ကွက်နှစ်ခု၌ Comando Vermelho ရာဇဝတ်ဂိုဏ်းအား ဦးတည်သည့် လှုပ်ရှားမှု လုပ်ဆောင်ခဲ့ရာ ရဟတ်ယာဉ်နှင့် သံချပ်ကာကား အစီးရေများစွာ အသုံးပြုခဲ့သည်။ ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင်များသည် လောင်ကျွမ်းနိုင်သောပစ္စည်းများဖြင့် အတားအဆီး ပြုလုပ်ခဲ့သည့်အပြင် ရဲဘက်သို့ ဒရုန်းဖြင့်လည်း ဗုံးများ ပစ်ချခဲ့သည်။ ပစ်ခတ်မှုအတွင်း သံသယရှိသူ ၆၀ ဦး သေဆုံးခဲ့ကြောင်း ရဲဘက်က ထိုနေ့တွင် ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၂၉ ရက် အစောပိုင်းတွင် ဒေသခံများက ရှေ့တစ်ရက်ညအတွင်း ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းပေါင်း ၇၀ ကျော်ကို လမ်းမထက်သို့ ရွှေ့ပြောင်းသယ်ဆောင်လာကြောင်း ဘရာဇီးမီဒီယာများက သတင်းဖော်ပြကြသည်။ ၎င်းအနက် အချို့သောသေဆုံးသူများသည် ယခုအကြိမ်လှုပ်ရှားမှုအတွင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်အား အတည်မပြုနိုင်ကြောင်း ရဲဘက်ကဆိုသည်။
အရှေ့တောင်အာရှခရီးစဉ်မှ မကြာသေးမီက ပြန်ရောက်လာသည့် ဘရာဇီးနိုင်ငံ သမ္မတ လူလာက အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် အစိုးရအဖွဲ့အစည်းအဝေး ကျင်းပ၍ ရီယိုဒီဂျနေးရိုးပြည်နယ် လုံခြုံရေးအခြေအနေအကြောင်း ဆွေးနွေးခဲ့သည်။
Alemao ရပ်ကွက်နှင့် Penha ရပ်ကွက်သည် ကာလကြာရှည်စွာ မူးယစ်ဆေးဝါးပျံ့နှံ့နေပြီး တရားမဝင်လက်နက်စီးဆင်းမှုများ သောင်းကျန်းလျက်ရှိရာ Comando Vermelho ရာဇဝတ်ဂိုဏ်း၏ အဓိကအခြေစိုက်နေရာများအနက် တစ်ခုဖြစ်သည်။ အဆိုပါရာဇဝတ်ဂိုဏ်းသည် ရီယိုဒီဂျနေးရိုးပြည်နယ်မှ ဘရာဇီးနိုင်ငံတစ်ဝန်း၏ လုံခြုံရေးအခြေအနေအတွက် ဆိုးရွားသော ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။ (Xinhua)

——————-
(Chinese Version)
巴西里约警方剿匪行动共打死117名嫌疑人
新华社里约热内卢10月29日电(记者赵焱)巴西里约热内卢州警方29日通报,截至当天中午,警方28日在里约热内卢市的剿匪行动共打死117名嫌疑人,另有4名警员殉职。
里约州民警负责人库里在一场联合记者会上介绍,此次行动共逮捕113名嫌疑人,缴获超过100件武器、数吨毒品。
库里强调,行动是根据一年多来的调查进行的,突击目标房屋都是有证据的犯罪嫌疑人居所。由于行动范围覆盖丛林,短时间内发现所有嫌疑人尸体面临困难。
里约州军事警察负责人梅内塞斯说,如此大的伤亡是没有预料到的,也是警方和政府不希望看到的。
警方28日在里约市北区阿莱芒和佩尼亚两个社区发起针对黑帮“红色司令部”的行动,出动多架直升机和装甲车。匪徒用燃烧物筑起街垒,还用无人机向警方投掷炸弹。警方当天公布,打死60名嫌疑人。据巴西媒体报道,29日早些时候,当地居民把前一晚起陆续发现的70多具尸体抬到了街上。警方表示暂无法确认其中一些死者也死于此次行动。
刚从东南亚出访归来的巴西总统卢拉29日上午召开内阁会议,讨论里约州安全局势。
阿莱芒和佩尼亚社区长期毒品泛滥、非法武器流通猖獗,是“红色司令部”主要据点之一。该黑帮对里约州乃至巴西全国治安形势造成严重威胁。(完)
图说1:10月29日,在巴西里约热内卢的佩尼亚社区,救援人员将被击毙的犯罪嫌疑人遗体运离。新华社发(克劳迪娅·马尔提尼摄)