Connect with us

North America

အမေရိကန် အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် စီးပွားရေးအရ နစ်နာဆုံးရှုံးမှု ကန်ဒေါ်လာ ၁၄ ဘီလီယံ အထိ ဖြစ်စေနိုင်

အမေရိကန် ဝါရှင်တန်မြို့တွင် နေဝင်ဆည်းဆာချိန် လွှတ်တော်အဆောက်အဦအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် အောက်တိုဘာ ၂၉ ရက်တွင် ပဉ္စမသီတင်းပတ်သို့ ဝင်ရောက်လာပြီဖြစ်သည်။ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက်ဖြစ်ပွားနေပါက အမေရိကန် စီးပွားရေး နစ်နာဆုံးရှုံးမှုသည် ကန်ဒေါ်လာ ၇ ဘီလီယံ မှ ၁၄ ဘီလီယံအထိ ဖြစ်လာစေနိုင်ကြောင်း အမေရိကန်လွှတ်တော်ဘတ်ဂျက်ရုံးက ထိုနေ့တွင် အိတ်ဖွင့်စာတစ်စောင်အတွင်း၌ သတိပေးပြောကြားခဲ့သည်။
အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်တိုက်ဖြစ်ပွားသည့် အချိန်ကာလအရ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် အမေရိကန်၏ ယခုနှစ် စတုတ္ထသုံးလပတ် လက်တွေ့ GDP နှစ်အလိုက်တိုးတက်မှုနှုန်းသည် ၁ ရာခိုင်နှုန်းပွိုင့် မှ ၂ ရာခိုင်နှုန်းပွိုင့်အထိ ကျဆင်းသွားစေနိုင်ရာ ခန့်မှန်းခြေ “စီးပွားရေးအရ နစ်နာဆုံးရှုံးမှု ၇ ဘီလီယံကနေ ၁၄ ဘီလီယံ အထိ ပြန်လည်ရရှိနိုင်မှာမဟုတ်” ဟု အမေရိကန်လွှတ်တော်ဘတ်ဂျက်ရုံးက ထိုအိတ်ဖွင့်စာအတွင်း အမေရိကန် အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီ ဥက္ကဋ္ဌထံ အစီရင်ခံတင်ပြခဲ့သည်။
အစိုးရယန္တရား ပြန်လည် “စတင်လည်ပတ်” လာသည်နှင့်အမျှ အခြေအနေသည် ကောင်းမွန်လာနိုင်ကြောင်း အမေရိကန်လွှတ်တော်ဘတ်ဂျက်ရုံးက မျှော်မှန်းထားသည်။ သို့သော် ဖက်ဒရယ်အဖွဲ့အစည်းနှင့် ရုံးများစွာ ပိတ်ထားခြင်း၊ ကုန်ထုတ်လုပ်မှု နှေးကွေးခြင်းကြောင့် အမေရိကန်စီးပွားရေးအပေါ် ကြီးမားသည့် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သည်။

ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ နစ်နာဆုံးရှုံးမှုလည်း ပိုမိုဆိုးရွားလာနိုင်သည်။ အစိုးရယန္တရား “ရပ်ဆိုင်းမှု” သီတင်းပတ်လေးပတ်ကြာ ဆက်တိုက်ဖြစ်လာချိန်တွင် အမေရိကန်စီးပွားရေးသည် ကန်ဒေါ်လာ ၇ ဘီလီယံ နစ်နာဆုံးရှုံးမှုရှိပြီး၊ သီတင်းပတ် ခြောက်ပတ်ကြာ ဆက်တိုက်ဖြစ်လာချိန်တွင် စီးပွားရေး နစ်နာဆုံးရှုံးမှုသည် ကန်ဒေါ်လာ ၁၁ ဘီလီယံ အထိ တိုးတက်လာမည်ဖြစ်ကာ သီတင်းပတ် ရှစ်ပတ် ဆက်တိုက်ဖြစ်လာပါက စီးပွားရေး နစ်နာဆုံးရှုံးမှုသည် ကန်ဒေါ်လာ ၁၄ ဘီလီယံ အထိရှိလာမည် ဖြစ်ပေသည်။
ဖက်ဒရယ်အစိုးရသည် နိုဝင်ဘာ ၁ ရက်မှစ၍ “ဖြည့်စွက်အာဟာရ ကူညီရေးအစီအစဉ်” အသုံးစရိတ် ထုတ်ဝေပေးမှုကို ရပ်တန့်သွားမည်ဖြစ်ရာ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုကို ပိုမိုဆိုးရွားသွားစေမည်ဟုလည်း လွှတ်တော်ဘတ်ဂျက်ရုံးက ဆိုသည်။
“ဖြည့်စွက်အာဟာရ ကူညီရေးအစီအစဉ်” အသုံးစရိတ်သည် အောက်တိုဘာ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ အဆိုပါအစီအစဉ်သည် အမေရိကန် နိုင်ငံတစ်ဝန်း လူဦးရေ ၄၂ သန်းခန့်ကို လွှမ်းခြုံထားပြီး စုစုပေါင်း လူဦးရေ၏ ရှစ်ပုံတစ်ပုံခန့်ရှိရာ ၎င်းတို့အနက် အများစု၏ဝင်ငွေသည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ရောက်ရှိနေပေသည်။ အကူအညီလက်ခံသူသည် ဖက်ဒရယ် စားနပ်ရိက္ခာထောက်ပံ့ကြေးဖြင့် သတ်မှတ်ထားသောဆိုင်များတွင် စားသောက်ဖွယ်ရာများ ဝယ်ယူနိုင်သည်။
ရှေ့ရက်ပိုင်းတွင် ပြည်နယ်အသီးသီးနှင့်အတူ အဆိုပါအစီအစဉ်အား ပူးပေါင်း စီမံခန့်ခွဲရသည့် စိုက်ပျိုးရေးဝန်ကြီးဌာနက စားနပ်ရိက္ခာကူညီမှုအား ထိန်းထားရန်အတွက် ဖက်ဒရယ် အရေးပေါ်အသုံးစရိတ် အသုံးပြုမည်မဟုတ်ဟု ကြေညာခဲ့ရာ အဆိုပါလုပ်ရပ်သည် ဒီမိုကရက်တစ်ပါတီ၏ သံသယဝင်မှုနှင့် ကန့်ကွက်မှု ခံခဲ့ရသည်။

အမေရိကန် အထက်လွှတ်တော်က ဖက်ဒရယ်အစိုးရ အသုံးစရိတ်မကုန်မီ ယာယီအသုံးစရိတ် ခွင့်ပြုမှု ဥပဒေကြမ်းအသစ်အား အတည်ပြုနိုင်ခြင်း မရှိသောကြောင့် အမေရိကန် အရှေ့ပိုင်း စံတော်ချိန် အောက်တိုဘာ ၁ ရက် ၀ နာရီမှစ၍ အမေရိကန် ဖက်ဒရယ်အစိုးရ ယန္တရားသည် ၇ နှစ်အကြာတွင် ထပ်မံ “ရပ်ဆိုင်း” ခဲ့သည်။
လက်ရှိတွင် “မဖြစ်မနေ လိုအပ်ခြင်းမရှိသောရာထူး” ဟူသည့် အစိုးရဝန်ထမ်းပေါင်း ၇၅၀,၀၀၀ သည် အတင်းအဓမ္မ လစာမဲ့ခွင့်ယူနေရပြီး ပိုများသောဝန်ထမ်းများက လစာမဲ့ အလုပ်လုပ်နေရသည်။ အတင်းအဓမ္မ ခွင့်ယူရသည့် ဝန်ထမ်းများအနေဖြင့် ဖြည့်စွက်ပေးသည့်လစာကို ရရှိမည်မဟုတ်ကြောင်းလည်း အမေရိကန် သမ္မတ ထရမ့်က ထိုမတိုင်မီ ပြောကြားခဲ့သည်။
အစိုးရယန္တရား “ရပ်ဆိုင်းမှု” အား အဆုံးသတ်ရန် အမေရိကန် အထက်လွှတ်တော်သည် ယာယီအသုံးစရိတ် ခွင့်ပြုမှု ဥပဒေကြမ်းအား ၁၄ ကြိမ် မဲခွဲဆုံးဖြတ်ခဲ့ပြီးဖြစ်သော်လည်း အဆိုပါဥပဒေကြမ်းသည် အတည်ပြုရန် မဲအရေအတွက် အလုံအလောက် မရခဲ့သေးပေ။
ဒီမိုကရက်တစ်ပါတီက ရီပတ်ဘလစ်ကန်ပါတီအား လက်လှမ်းမီသော ဆေးကုသပေးရေးဆိုင်ရာ ဥပဒေ၏ အထောက်အပံ့ သက်တမ်းတိုးမှုအတွက် ဆွေးနွေးရန် သဘောတူခိုင်းပြီး သို့မဟုတ်ပါက ယာယီအသုံးစရိတ်ခွင့်ပြုမှု ဥပဒေကြမ်းအား ထောက်ခံမည်မဟုတ် ဟုဆိုသည်။ ရီပက်ဘလစ်ကန်ပါတီကမူ ဒီမိုကရက်တစ်ပါတီက ယာယီအသုံးစရိတ်ခွင့်ပြုမှု ဥပဒေကြမ်းအား ရှေးဦးစွာ ထောက်ခံမဲပေး၍ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကို အဆုံးသတ်မှသာ ဆွေးနွေးနိုင်မည်ဟု ဆိုထားသည်။ (Xinhua)

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Hyattsville မြို့တွင် အစိုးရဝန်ထမ်းများက အခမဲ့စားသောက်ဖွယ်ရာများ ရယူနေသည်ကို ၂၀၂၅ ခုနှစ်‌ အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
美政府“停摆”或致高达140亿美元经济损失
新华社华盛顿10月29日电(记者杨伶 熊茂伶)美国联邦政府“停摆”29日进入第五周。国会预算办公室当天在一封公开信中警告,如果“停摆”持续,可能给美国经济造成70亿至140亿美元的损失。
国会预算办公室在这封信中向国会众议院预算委员会主席报告,根据政府“停摆”持续时间长短,预计“停摆”将使美国今年四季度实际国内生产总值的年化增长率下降1至2个百分点,估计“将有70亿至140亿美元经济产出损失无法恢复”。
国会预算办公室预计,一旦政府重新“开门”,情况将有所好转。但由于众多联邦机构和办事处关闭、生产放缓,将对美国经济产生重大影响。随着联邦政府“停摆”持续,损失将会加剧。“停摆”持续4周,美国经济将损失70亿美元;持续6周,经济损失将上升到110亿美元;持续8周,经济损失将达到140亿美元。
国会预算办公室表示,联邦政府从11月1日起停止发放“补充营养援助计划”资金,将加剧“停摆”带来的经济影响。
“补充营养援助计划”资金将于10月31日耗尽,这一项目覆盖全美约4200万人,约占总人口八分之一,其中大多数人的收入低于贫困线。接受援助的人可使用联邦食品救济金在指定商店等购买食物。负责与各州合作管理该项目的农业部日前宣布,不会动用联邦应急资金来维持食品救济,这一举措遭民主党质疑和反对。
因国会参议院未能在联邦政府资金耗尽前通过新的临时拨款法案,美国东部时间10月1日零时起,美国联邦政府时隔近七年再度“停摆”。目前已有约75万所谓“非必要岗位”的联邦雇员被迫无薪休假,还有更多雇员无薪工作。美国总统特朗普此前称,被迫休假的雇员可能不会获得补发工资。
为结束“停摆”,参议院已14次就临时拨款法案进行表决,但法案始终未获足够票数通过。民主党要求共和党同意就延长《平价医疗法案》补贴进行谈判,否则不会支持临时拨款法案;共和党则表示,只有民主党先投票支持临时拨款法案结束“停摆”,才会进行谈判。(完)
1、这是10月8日在美国华盛顿拍摄的日落时分的国会大厦。新华社记者 李睿 摄
2、10月21日,在美国马里兰州海厄茨维尔市,联邦雇员领取免费食品。新华社记者 李睿 摄