Asia
တောင်ကိုရီးယား-ဂျပန် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့ရန် အလေးထားပြောကြား
 
																								
												
												
											ဂယောင်းဂျူ (တောင်ကိုရီးယား)၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်သည် ခရီးစဉ်လာရောက်သည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် အောက်တိုဘာ ၃၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဖက် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်တိုးချဲ့သင့်ကြောင်း နှစ်ဖက်လုံးက တစ်ပြေးညီယူဆကြသည်။
နှစ်ဖက်အနေဖြင့် ခေတ်မီနည်းပညာ၊ စီးပွားရေးလုံခြုံမှု၊ ယဉ်ကျေးမှုနှင့် လူမှုအသိုက်အဝန်း ဖလှယ်မှု စသည့် ကဏ္ဍအသီးသီးတွင် ညှိနှိုင်းမှုများကို တစ်ဆင့်တိုးမြှင့်တင်သင့်သည်ဟု ယူဆကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတရုံး၏ သတင်းအရ သိရသည်။
ဆာနာအဲ တာကာအိချိက ယခုနှစ် ဂျပန်-တောင်ကိုရီးယား ပုံမှန်ဆက်ဆံခြင်း နှစ် ၆၀ ပြည့် အခါသမယတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တစ်ချိန်တည်းတွင် ဂျပန်-အမေရိကန်-တောင်ကိုရီးယားကြား နှစ်ဖက်ဆက်ဆံရေးနှင့် သုံးပွင့်ဆိုင်ညှိနှိုင်းမှုအား မြှင့်တင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု Yonhap သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
နှစ်ဖက်အပြန်အလှန်ခရီးစဉ် သွားရောက်မှုကို ဖော်ဆောင်ရန် “သံတမန်ကူးလူးဆက်ဆံရေး” အား ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့နှစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသော ယာယီလွှတ်တော် အောက်လွှတ်တော် ဝန်ကြီးချုပ် ရွေးကောက်ပွဲအတွင်း အနိုင်ရရှိပြီးနောက် မတ်တတ်ရပ် ဂါရဝပြုသော ဆာနာအဲ တာကာအိချိအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
韩日领导人会晤 强调扩大务实合作
新华社韩国庆州10月30日电(记者刘天 黄昕欣)韩国总统李在明30日在韩国庆州会见到访的日本首相高市早苗。双方一致认为,应继续扩大双边务实合作。
据韩国总统府消息,双方认为应进一步加强在先进技术、经济安全、文化和社会交流等各领域的协调。
另据韩联社报道,高市表示,希望借今年日韩邦交正常化60周年之际加强两国合作,同时加强日美韩间双边关系和三边协调。
两人还表示,将继续推行“穿梭外交”以实现互访。(完)
1、9月23日,在位于纽约的联合国总部,韩国总统李在明在第80届联合国大会一般性辩论上发言。华社记者李睿摄
2、10月21日,在日本东京,自民党总裁高市早苗(中)在临时国会众议院首相指名选举中胜出后起身致谢。新华社记者 贾浩成 摄

 
									 
																	 
									 
																	 
									