North America
အမေရိကန် ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် အရေးကြီး စီးပွားရေးအချက်အလက်များ ထုတ်ပြန်မှု ယာယီရပ်တန့်

ဝါရှင်တန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
အမေရိကန် ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် အမေရိကန် အလုပ်သမားစာရင်းအင်းဗျူရိုက အစီအစဉ်အရ အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်မည့် အလုပ်အကိုင်ရေးရာ အချက်အလက် စာရင်းအင်းအစီရင်ခံစာအား ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိပေ။
အမေရိကန် အလုပ်သမားရေးရာဌာန လက်အောက်ခံဖြစ်သည့် အလုပ်သမားစာရင်းအင်းဗျူရိုသည် အမေရိကန်အစိုးရ၏ အချက်အချာစာရင်းအင်းဌာနဖြစ်သည်။ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကာလအတွင်း အလုပ်သမားစာရင်းအင်းဗျူရိုက အချက်အလက်အစီရင်ခံစာ ထုတ်ပြန်ရန် ရပ်ဆိုင်းခဲ့သလို အချက်အလက် ကောက်ခံစုဆောင်းရေးလုပ်ငန်းများကိုလည်း ရပ်တန့်ခဲ့သည်။ အဆိုပါဗျူရိုတာဝန်ယူသည့် အရေးကြီးအချက်အလက် တွက်ချက်ထုတ်ပြန်မှုများသည် သက်ရောက်မှုခံရမည်ဖြစ်ရာ ၎င်းတို့အနက် မူလက အောက်တိုဘာလလယ်၌ ထုတ်ပြန်ရန် သတ်မှတ်ထားသည့် စားသုံးသူဈေးနှုန်းအညွှန်းကိန်း စသည့် အဓိက ငွေကြေးဖောင်းပွမှုဆိုင်ရာ ဒေတာအချက်အလက်များလည်း ပါဝင်သည်။
အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ခံ သန်းခေါင်စာရင်းဗျူရိုနှင့် စီးပွားရေးလေ့လာသုံးသပ်မှုဗျူရို စသည့်ဌာနများ၏ အချက်အလက် စာရင်းပြုစုမှုလုပ်ငန်းများလည်း “ရပ်ဆိုင်းမှု” ၏ သက်ရောက်ခြင်းကို ခံရကြောင်း အမေရိကန်မီဒီယာများ၏ သတင်းများအရ သိရသည်။
လက်ရှိ အမေရိကန်တွင် အလုပ်အကိုင်ရရှိမှု လျော့ရဲနေခြင်း၊ ငွေကြေးဖောင်းပွမှု ခိုင်မြဲနေခြင်း ဟူသော ရှုပ်ထွေးသည့် စီးပွားရေးအခြေအနေနှင့် ရင်ဆိုင်နေရရာ အရေးကြီး အချက်အလက်စာရင်းပြုစုမှုလုပ်ငန်း၏ “ရပ်ဆိုင်းမှု” က အမေရိကန်ဗဟိုဘဏ်ဘုတ်အဖွဲ့၏ စီးပွားရေးလှုံ့ဆော်ရန် လိုအပ်မှုရှိ၊ မရှိ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိမည်ဟု စီးပွားရေးလေ့လာသုံးသပ်သူများက ယူဆကြသည်။
ဘိုင်ဒန်အစိုးရလက်ထက်က အိမ်ဖြူတော် စီးပွားရေးအကြံပေးအဖွဲ့ အကြီးတန်းအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Martha Gimbel က “ဒီလိုအရေးကြီးတဲ့အချိန်အခါမှာ ဒေတာအချက်အလက် လျော့နည်းတာက စီးပွားရေးအကြောင်းသိရှိနားလည်ဖို့ ပိုပြီး ခက်ခဲစေတယ်” ဟု ပြောကြားခဲ့သည်။
Ernst & Young ကုမ္ပဏီ ထိပ်တန်းစီးပွားရေးပညာရှင် Gregory Daco က “မြူမှိုင်းထူထပ်သည့်အချိန်မှာ မျက်စိမှိတ်ပျံသန်းနေရသည်မှာ” အလွန်အန္တရာယ်များကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ ၃၀ ရက်တွင် အမေရိကန်ဆီးနိတ်လွှတ်တော်တွင် ဖက်ဒရယ်အစိုးရသုံးငွေမကုန်မီ ယာယီအသုံးစရိတ် ဥပဒေမူကြမ်းကို အတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။ အမေရိကန်နိုင်ငံ အရှေ့ပိုင်းအချိန် အောက်တိုဘာ ၁ ရက် ၀၀ နာရီမှစ၍ ခုနစ်နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်အစိုးရယန္တရား ရပ်ဆိုင်းမှုဖြစ်ပေါ်ခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန်ရှိ Times Square အနီးတွင် လူကူးမျဉ်းကြားကူးရန် စောင့်ဆိုင်းနေသူအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အမေရိကန်လွှတ်တော်အဆောက်အဦနှင့် မီးပွိုင့်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————————–
(Chinese Version)
美联邦政府“停摆”致重要经济数据暂停发布
新华社华盛顿10月3日电(记者颜亮)由于美国联邦政府“停摆”,美国劳工统计局未能按计划于3日公布月度就业数据统计报告。
劳工部下属的劳工统计局是美国官方核心统计机构。政府“停摆”期间,劳工统计局停止数据报告发布,也停止数据采集工作。该机构负责的多项重要统计数据发布都将受到影响,包括原定于10月中旬公布的消费者价格指数等关键通胀数据。
据美媒报道,美国商务部下属的人口普查局和经济分析局等机构的数据统计工作也受到“停摆”影响。
经济分析人士认为,美国目前面临就业疲软、通胀顽固的复杂经济局面,重要数据统计工作的“停摆”将影响美国联邦储备委员会判断经济是否需要刺激。
曾任拜登政府时期白宫经济顾问委员会高级顾问的玛莎·金贝尔说:“在这样一个关键时期,数据减少会让理解经济更加困难。”安永-博智隆公司首席经济学家格雷戈里·达科说,“在浓雾中盲飞”十分危险。
9月30日,美国国会参议院未能在联邦政府资金耗尽前通过新的临时拨款法案。美国东部时间10月1日零时起,联邦政府时隔近七年再度“停摆”。(完)
1. 这是10月1日在美国华盛顿拍摄的美国国会大厦和交通标志。新华社记者 李睿 摄
2. 10月1日,在美国纽约曼哈顿的时报广场附近,行人等待通过人行横道斑马线过马路。新华社记者 吴晓凌 摄
3. 这是10月1日在美国华盛顿拍摄的美国国会大厦和交通信号灯。新华社记者 李睿 摄