North America
ယာယီအသုံးစရိတ်ခွင့်ပြုမှု ဥပဒေကြမ်း အမေရိကန်အထက်လွှတ်တော်၌ ဆက်လက် တားဆီးခံရ၊ အမေရိကန်အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက်ဖြစ်ပွားမည်

ဝါရှင်တန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
အမေရိကန် အထက်လွှတ်တော်သည် အောက်တိုဘာ ၃ ရက်တွင် ယာယီအသုံးစရိတ်ခွင့်ပြုမှုအား အတည်ပြုနိုင်ခြင်းမရှိခဲ့ဘဲ ဒီမိုကရက်တစ်ပါတီနှင့် ရီပက်ဘလစ်ကန်ပါတီတို့၏ အဆိုပြုတင်ပြချက်များသည် ထပ်မံငြင်းပယ်ခံခဲ့ရသည်။ ယင်းသည် အမေရိကန် ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက်ဖြစ်ပွားမည်ကို ဆိုလိုနေပေသည်။
ထိုနေ့တွင် မဲပေးမှုရလဒ်သည် အခြေခံအားဖြင့် ပါတီဖြန့်ကြက်မှုအရ ပေါ်ထွက်လာခြင်းဖြစ်သည်။ ရီပက်ဘလစ်ကန်ပါတီ၏ အဆိုတင်ပြချက်သည် ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၄၄ မဲ ရရှိခဲ့ပြီး ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် ၃ ဦးနှင့် ရီပက်ဘလစ်ကန်ပါတီ လွှတ်တော်အမတ် အများစုက အဆိုပြုချက်အား အတူတကွ ထောက်ခံအားပေးခဲ့ခြင်းဖြစ်သည်။ ယာယီအသုံးစရိတ် ခွင့်ပြုမှု ဥပဒေကြမ်းအား အထက်လွှတ်တော်၌ ပုံမှန်အားဖြင့် ထောက်ခံမဲ ၆၀ မဲ ရမှသာ “အတားအဆီးဖြစ်စေသည့် ဆွေးနွေးမှု” အစီအစဉ်အား ကျော်ဖြတ်၍ အတည်ပြုနိုင်မည်ဖြစ်သည်။
ဒီမိုကရက်တစ်ပါတီဝင်များက ယခုနှစ်ကုန်၌ သက်တမ်းကုန်ဆုံးမည့် “လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ” (ACA) ၏ အားဖြည့်မှုပုံစံ ထောက်ပံ့ကြေးအား သက်တမ်းတိုး၍ လွှတ်တော်က ထိုမတိုင်မီ “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” အခွန်နှင့် အသုံးစရိတ် ဥပဒေမူကြမ်းအတွင်း ခွင့်ပြုထားသည့် ဖက်ဒရယ်ဆေးကုသရေး ထောက်ပံ့ကြေး လျှော့ချမှုကို ပယ်ဖျက်ရန် မျှော်လင့်ကြသည်။
ရီပက်ဘလစ်ကန်ပါတီဝင်များ ဖော်ဆောင်လိုသည့် ယာယီအသုံးစရိတ်ဥပဒေကြမ်းကမူ လက်ရှိအဆင့်အတိုင်း အစိုးရယန္တရားလည်ပတ်မှုကို နိုဝင်ဘာ ၂၁ ရက်အထိ ထိန်းသိမ်းသွားရန် ရည်ရွယ်သည်။ ရီပက်ဘလစ်ကန်ပါတီဝင်များက အစိုးရယန္တရား ပြန်လည် “လည်ပတ်” လာပြီးနောက်မှသာ ဒီမိုကရက်တစ်ပါတီနှင့် ဆေးကုသရေးထောက်ပံ့ကြေးမူဝါဒအား ဆွေးနွေးမည်ဟု ဆိုသည်။
အမေရိကန် ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်း” နေသည်မှာ ၃ ရက်မြောက် ရောက်ရှိနေပြီဖြစ်သည်။ ပါတီနှစ်ရပ်က အပြန်အလှန် ဆက်လက်အပြစ်တင်နေပြီး အစိုးရယန္တရား “ရပ်ဆိုင်းမှု” ၏ တာဝန်ကို တစ်ဖက်သားထံ လွှဲချကြသည်။ အထက်လွှတ်တော် ရီပက်ဘလစ်ကန်ပါတီခေါင်းဆောင် John Thune က ဒီမိုကရက်တစ်ပါတီသည် ဖက်ဒရယ်အစိုးရအား “ဓားစာခံ” အဖြစ် အကျပ်ကိုင်ထားပြီး ထိုမှတစ်ဆင့် အမေရိကန်ပြည်သူများကိုပါ အကျပ်ကိုင်ခြင်းဖြစ်ရာ တစ်ဦးတည်းသော ထိခိုက်နစ်နာသူမှာ ပြည်သူပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Chuck Schumer ကမူ လူမှုမီဒီယာ၌ ပို့စ်တင်၍ ရီပက်ဘလစ်ကန်ပါတီဝင်များသည် အစိုးရယန္တရား ပြန်လည် “လည်ပတ်” လာသည့်တစ်ချိန်တည်းတွင် အများပြည်သူ၏ ဆေးကုသရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ကြောင်း၊ သို့သော် ရီပက်ဘလစ်ကန်ပါတီ၏ ရွေးချယ်မှုကြောင့် အမေရိကန်ပြည်သူများ၏ ဆေးကုသရေး အရင်းအနှီးကို ဆက်လက်မြင့်တက်သွားစေကြောင်း ပြောကြားခဲ့သည်။
ထရမ့်အစိုးရသည် ချီကာဂိုမြို့၏ အခြေခံအဆောက်အဦ စီမံကိန်း အရင်းအနှီး ကန်ဒေါ်လာ ၂.၁ ဘီလီယံအား ရပ်ဆိုင်းလိုက်ကြောင်း အိမ်ဖြူတော် စီမံခန့်ခွဲမှုနှင့် အသုံးစရိတ်ရုံး (OMB) ညွှန်ကြားရေးမှူး Russell Vought က အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။ ချီကာဂိုမြို့ကို ဒီမိုကရက်တစ်ပါတီက အဓိကအုပ်ချုပ်ခြင်းဖြစ်ရာ အဆိုပါလုပ်ရပ်သည် ရီပက်ဘလစ်ကန်ပါတီက ဒီမိုကရက်တစ်ပါတီအပေါ် တစ်ဆင့်တိုး ဖိအားပေးမှုဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရသည်။
အမေရိကန် ပို့ဆောင်ရေးဝန်ကြီးဌာနက နယူးယောက်မြို့၏ အဓိကအခြေခံအဆောက်အဦ စီမံကိန်းနှစ်ခု၏ ဖက်ဒရယ်အသုံးစရိတ် ကန်ဒေါ်လာ ၁၈ ဘီလီယံအား ရပ်ဆိုင်းသွားမည်ဟု အောက်တိုဘာ ၁ ရက်ကတည်းက Russell Vought ကြေညာခဲ့ပြီးဖြစ်သည်။ တစ်ချိန်တည်းတွင် စွမ်းအင်ဝန်ကြီးဌာနက ကန်ဒေါ်လာ ၈ ဘီလီယံနီးပါးရှိသည့် စွမ်းအင်သစ်စီမံကိန်းအား ရပ်ဆိုင်းခဲ့ပြီးဖြစ်ကာ အဓိက အကျိုးသက်ရောက်မှုဖြစ်စေသည်မှာ ဒီမိုကရက်တစ်ပါတီ အဓိကအုပ်ချုပ်သည့် ပြည်နယ်များပင်ဖြစ်သည်။
ထရမ့်အစိုးရအနေဖြင့် မိမိသည် ဒီမိုကရက်တစ်ပါတီအား အပြစ်ပေးနေသည်ဟု ထင်နေသော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် အမေရိကန်၏အလုပ်သမားဝန်ထမ်းမိသားစုများကို တိုက်ခိုက်နေခြင်းဖြစ်ပြီး အလုပ်အကိုင်မဲ့မှုဖြစ်စေကာ စီးပွားရေးကို ထိခိုက်စေကြောင်း Chuck Schumer က ထိုမတိုင်မီ တုံ့ပြန်ခဲ့ပြီးဖြစ်သည်။
စက်တင်ဘာ ၃၀ ရက်တွင် အမေရိကန် အထက်လွှတ်တော်သည် ဖက်ဒရယ်အစိုးရ အသုံးစရိတ် မကုန်မီ ယာယီအသုံးစရိတ် ခွင့်ပြုမှု ဥပဒေကြမ်းအသစ်အား ခွင့်ပြုနိုင်ခဲ့ခြင်းမရှိပေ။ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် အောက်တိုဘာ ၁ ရက် ည ၁၂ နာရီမှစ၍ အမေရိကန် ဖက်ဒရယ်အစိုးရယန္တရားသည် ၇ နှစ်နီးပါးအကြာ၌ ထပ်မံ “ရပ်ဆိုင်းမှု” ဖြစ်ပွားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
临时拨款法案在参院再度受阻 美政府“停摆”将继续
新华社华盛顿10月3日电(记者熊茂伶 杨伶)美国国会参议院3日未能通过新的临时拨款法案,民主党和共和党的提案均再度遭到否决,这意味着联邦政府“停摆”将继续。
当天投票结果基本按党派划线。共和党的提案获得54票支持、44票反对,有3名民主党参议员与大多数共和党议员一同支持提案。临时拨款法案在参议院通常需要60票才能克服“阻挠议事”程序并获得通过。
民主党人希望延长即将于今年年底到期的《平价医疗法案》(俗称“奥巴马医改”)加强型补贴,并撤销国会此前在“大而美”税收与支出法案中通过的对联邦医疗补助的削减。共和党人寻求的临时拨款方案旨在按现有水平维持政府运转至11月21日。共和党人表示,只有在政府重新“开门”后才会与民主党讨论医疗补贴政策。
美国联邦政府“关门”已进入第三天。两党继续互相指责,将政府“关门”的责任归咎于对方。参议院共和党领袖约翰·图恩说,民主党已将联邦政府挟为“人质”,进而连同美国民众一起挟持,而唯一的受害者正是民众。
参议院民主党领袖查克·舒默则在社交媒体发文说,共和党人完全可在政府重新“开门”的同时,减轻民众的医疗负担。但共和党选择让美国民众的医疗成本继续上升。
3日,白宫管理和预算办公室主任沃特宣布,特朗普政府冻结了芝加哥市21亿美元的基础设施项目资金。芝加哥市由民主党主政,此举被广泛视为共和党对民主党进一步施压。1日,沃特已宣布美国交通部将冻结纽约市两项重大基础设施项目的180亿美元联邦资金;同时,能源部已终止涉及金额近80亿美元的众多新能源项目,主要影响民主党主政的州。
舒默此前回应称,特朗普政府认为自己是在惩罚民主党,但实际上,他们是在打击美国工薪家庭,造成失业,损害经济。
9月30日,美国国会参议院未能在联邦政府资金耗尽前通过新的临时拨款法案。美国东部时间10月1日零时起,联邦政府时隔近七年再度“停摆”。(完)
图说:这是10月1日在美国首都华盛顿拍摄的美国国会大厦。新华社记者 李睿 摄