Connect with us

Africa & Middle East

ဂါဇာအပစ်ရပ်ရေး ဆက်လက် ဆွေးနွေး၊ ဟားမက်စ်က တောင်းဆိုချက်ကြီးနှစ်ခု အဆိုပြု

ဂါဇာမြို့ တိုက်ခိုက်ခံရပြီးနောက် မီးခိုးများ အပေါ်သို့တက်လာသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို/ဂါဇာ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် အစ္စရေးတို့သည် အီဂျစ်နိုင်ငံ Sharm El-Sheikh မြို့၌ ကျင်းပသော ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေး ဆွေးနွေးပွဲကို အောက်တိုဘာ ၇ ရက်တွင် ဆက်လက်ပြုလုပ်ခဲ့သည်။ ဟားမက်စ်ဘက်က တောင်းဆိုချက်ကြီးနှစ်ခု အဆိုပြုခဲ့ရာ ပထမအနေဖြင့် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ကျူးကျော်သိမ်းပိုက်မှုအား ထာဝရ အဆုံးသတ်ရန်နှင့် ယင်းအချက်ကို နိုင်ငံတကာက မဖြစ်မနေအာမခံပေးရန်၊ ဒုတိယအနေဖြင့် ထိန်းသိမ်းခံထားရသည့် အစ္စရေးပြည်သူများ ပြန်လွှတ်ခြင်းကို အစ္စရေး စစ်တပ် ဘက်စုံရုပ်သိမ်းမည့် အချိန်နှင့် ချိတ်ဆက်ရန် ဖြစ်ကြောင်း သိရသည်။

ဟားမက်စ် ဆွေးနွေးပွဲကိုယ်စားလှယ်အကြီးအကဲ Khalil al-Hayya က ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့ အီဂျစ်သို့ လာရောက်သည့် ရည်ရွယ်ချက်မှာ တိကျရှင်းလင်းကြောင်း၊ ယင်းမှာ ဤပဋိပက္ခကို ချက်ချင်း ထာဝရ ရပ်တန့်ရန်နှင့် လူပုဂ္ဂိုလ်လဲလှယ်မှု သဘောတူညီချက်ရရှိရန် ဖြစ်ကြောင်း၊ ဟားမက်စ်အနေဖြင့် အပစ်ရပ်ရေးအတွက် “တာဝန်အားလုံးကို ခံယူလိုမှု” ရှိသော်လည်း “အစ္စရေးအနေဖြင့် သတ်ဖြတ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ဆက်လက်လုပ်ဆောင်နေဆဲ” ဖြစ်ကြောင်း အီဂျစ်နိုင်ငံ ကိုင်ရိုသတင်းရုပ်မြင်သံကြားဌာန၏ ယင်းနေ့ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ကြိမ် ဖြစ်ပွားသည့် ၂ နှစ်ကြာကာလတွင် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေး ကတိကဝတ်ကို နှစ်ကြိမ်တိုင်ချိုးဖောက်ခဲ့ရာ ၎င်းအပေါ် ဟားမက်စ်အနေဖြင့် ယုံကြည်ရခက်စေကြောင်း Khalil al-Hayya က ဆိုသည်။
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ကျူးကျော်သိမ်းပိုက်မှုအား ထာဝရ မဖြစ်မနေ အဆုံးသတ်ရန်နှင့် ယင်းအချက်ကို အပစ်ရပ်ရေး ကြားဝင်ညှိနှိုင်းပေးသည့် အမေရိကန်နှင့် ဒေသတွင်းနိုင်ငံများက မဖြစ်မနေ “အမှန်စင်စစ် အာမခံပေးရန်” ၎င်းက ပြောကြားခဲ့သည်။

ဆွေးနွေးပွဲ ဒုတိယနေ့တွင် အဓိကအားဖြင့် အစ္စရေးတပ်ရုပ်သိမ်းရေးမြေပုံနှင့် လူပုဂ္ဂိုလ်လဲလှယ်ရေး သဘောတူညီချက်၏ ယန္တရားနှင့်အချိန်ဇယားကို ဆွေးနွေးခဲ့ကြောင်း ဟားမက်စ် သတင်းအရင်းအမြစ်တစ်ဦးက ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။ ဟားမက်စ် ကိုယ်စားလှယ်အဖွဲ့က ထိန်းသိမ်းခံထားရသည့် အစ္စရေးများ ပြန်လွှတ်ခြင်းကို အစ္စရေး စစ်တပ် ဘက်စုံရုပ်သိမ်းမည့် အချိန်ဇယားနှင့် “တိုက်ရိုက် ချိတ်ဆက်ရန်” တောင်းဆိုခဲ့ပြီး ထိန်းသိမ်းထားသူ နောက်ဆုံးတစ်ဦး၏ လွှတ်ပေးမှုအချိန်သည် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေး စစ်တပ် အပြည့်အဝ ရုပ်သိမ်းပြီးသော အချိန်နှင့် တစ်ထပ်တည်း ဖြစ်ရန် အခိုင်အမာ လက်ကိုင်ထားသည်ဟု အလေးထားပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနေ့ဆွေးနွေးပွဲတွင် ဂါဇာကမ်းမြောင်ဒေသ စီမံခန့်ခွဲခွင့်အာဏာ လွှဲပြောင်းရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သေးကြောင်း အီဂျစ် လုံခြုံရေးဌာန သတင်းအရင်းအမြစ်တစ်ဦးက ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသ အနာဂတ်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဟားမက်စ်က ဂါဇာကမ်းမြောင်ဒေသတွင် မည်သည့် ပြည်ပစစ်တပ်အခြေစိုက်မှုကိုမဆို ငြင်းပယ်ကြောင်း၊ သို့သော် အာရပ်နိုင်ငံများနှင့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့အစည်းများ၏ ညှိနှိုင်းမှုကို ကြိုဆိုကြောင်း၊ အမေရိကန် အဆိုပြုသည့် “အချက် ၂၀ ပါ အစီအစဉ်” အရ ဂါဇာကမ်းမြောင်ဒေသ အနာဂတ်စီမံခန့်ခွဲမှုကို ဗြိတိန် ဝန်ကြီးချုပ်ဟောင်း Tony Blair မှ ကြီးကြပ်ခြင်းကို ဟားမက်စ်က အတိအလင်း ဆန့်ကျင်ကြောင်း သိရသည်။

ဟားမက်စ်က အသက်ရှင်ကျန်ရစ်သည့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့် သေဆုံးသူများ၏ ရုပ်အလောင်းကို လွှဲပြောင်းပေးရန် ဆန္ဒရှိသည်ဟု အတည်ပြုခဲ့ကြောင်း၊ ပါလက်စတိုင်း အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ (Fatah) ခေါင်းဆောင် Marwan Barghouti ၊ ပါလက်စတိုင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PFLP) အထွေထွေအတွင်းရေးမှူးချုပ် Ahmad Saadat ၊ ဟားမက်စ် စစ်ဘက်အဖွဲ့အစည်း အဓိကအဖွဲ့ဝင် Hasan Salama စသည်တို့အား ပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုခဲ့ကြောင်း အီဂျစ် ကိုင်ရိုသတင်းရုပ်မြင်သံကြားဌာန၏ သတင်းများအရ သိရသည်။

ဟားမက်စ်နှင့် အစ္စရေးတို့သည် အောက်တိုဘာ ၆ ရက်က Sharm El-Sheikh မြို့၌ ဂါဇာအပစ်ရပ်ရေး ဆွေးနွေးပွဲအသစ်ကို စတင်ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို တစ်ဆင့်ခံဆွေးနွေးမှုပုံစံဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ရာ အီဂျစ်၊ ကာတာနှင့် အမေရိကန်တို့က ကြားဝင် ညှိနှိုင်းပေးခဲ့သည်။ (Xinhua)

——————–
(Chinese Version)
加沙停火谈判继续 哈马斯提两大要求
新华社开罗/加沙10月7日电(记者姚兵 赵伟宏)巴勒斯坦伊斯兰抵抗运动(哈马斯)与以色列在埃及沙姆沙伊赫市举行的新一轮加沙地带停火谈判7日继续。哈马斯方面提出两大要求,一是以色列永久结束对加沙地带的侵占,这一点必须得到国际保障;二是将释放以色列被扣押人员与以色列全面撤军的时间挂钩。
哈马斯首席谈判代表哈利勒·哈亚当天接受埃及开罗新闻电视台采访时说,哈马斯代表团来埃及的目标明确,就是立即永久停止这场冲突并达成人员交换协议。哈马斯为停止战争“愿意承担一切责任”,但“以色列仍在继续杀戮和种族灭绝”。
哈亚表示,本轮巴以冲突爆发两年来,以色列两次违背在加沙地带停火的承诺,令哈马斯难以信任对方。以色列必须永久结束对加沙地带的侵占,这一点必须得到斡旋停火的美国和地区国家“真正的保障”。
一名哈马斯消息人士告诉新华社记者,谈判第二天主要就以色列撤军地图以及人员交换协议的机制和时间表进行讨论。哈马斯代表团要求将释放以色列被扣押人员与以色列从加沙地带全面撤军的时间表“直接挂钩”,并强调,哈马斯坚持主张最后一人获释的时间必须与以色列从加沙地带完成撤军的时间一致。
埃及安全部门消息人士告诉新华社记者,当天谈判还讨论了加沙地带治理权移交议题。关于加沙地带未来治理,哈马斯拒绝任何外国军队部署到加沙地带,但欢迎阿拉伯国家与巴勒斯坦权力机构协调。哈马斯明确反对让英国前首相托尼·布莱尔按照美国所提“20点计划”负责监督加沙地带未来治理事务。
据埃及开罗新闻电视台报道,哈马斯确认愿意释放所有幸存被扣押人员并交还已故人员遗体,重申要求以色列释放巴勒斯坦民族解放运动(法塔赫)领导人马尔万·巴尔古提、解放巴勒斯坦人民阵线总书记艾哈迈德·萨达特、哈马斯军事组织要员哈桑·萨拉马等人。
哈马斯与以色列6日在沙姆沙伊赫开始新一轮加沙停火谈判。谈判以间接方式进行,埃及、卡塔尔和美国居中斡旋。(完)
1. 这是9月30日拍摄的加沙城遭袭后升起浓烟的场景。 新华社发(吉尔·科恩·马根摄)