International Organizations
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးလိပ်နှင့် ဆေးရွက်ကြီးအသုံးပြုမှု အလားအလာ အစီရင်ခံစာထုတ်ပြန်၊ e-cigarette များအား စောင့်ကြည့်ထိန်းချုပ်မှုကို မြှင့်တင်သင့်ဟု အလေးထားဖော်ပြ

ဂျီနီဗာ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး အသုံးပြုမှု အလားအလာ နောက်ဆုံးအစီရင်ခံစာအရ တစ်ကမ္ဘာလုံး၌ ဆေးလိပ်သောက်သုံးသူဦးရေသည် လျော့နည်းလာလျက်ရှိသော်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီး၏ အန္တရာယ်သည် အဆုံးမသတ်သေးကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးအား စွဲလမ်းမှုသည် တစ်ကမ္ဘာလုံးရှိ အရွယ်ရောက်သူလူဦးရေ ငါးပုံတစ်ပုံကို အနှောင့်အယှက်ဖြစ်နေဆဲဖြစ်ပြီး နှစ်စဉ် ကြိုတင်ကာကွယ်နိုင်သော သေဆုံးမှု သန်းချီဖြစ်ပေါ်စေကြောင်း၊ တစ်ချိန်တည်းတွင် e-cigarette သည်လည်း စွဲလမ်းမှုရေစီးကြောင်းအသစ်တစ်ကြိမ် ထပ်မံဖြစ်ပေါ်စေလျက်ရှိရာ စောင့်ကြည့်ထိန်းချုပ်မှုကို မြှင့်တင်သင့်ကြောင်း သိရသည်။
“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ် တစ်ကမ္ဘာလုံး ဆေးလိပ်နှင့် ဆေးရွက်ကြီး အသုံးပြုမှု အလားအလာနှင့် ၂၀၂၅ ခုနှစ် – ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက် အစီရင်ခံစာ” အရ တစ်ကမ္ဘာလုံး၌ ဆေးလိပ်သောက်သုံးသူ လူဦးရေသည် ၂၀၀၀ ပြည့်နှစ်တွင် ၁,၃၈၀ သန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် သန်း ၁,၂၀၀ အထိ ကျဆင်းလာကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှစ၍ ဆေးလိပ်သောက်သုံးသူ လူဦးရေသည် သန်း ၁၂၀ လျော့ကျသွားကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ကမ္ဘာ့နိုင်ငံအသီးသီး၏ ဆေးလိပ်သောက်သုံးမှုအား ထိန်းချုပ်ရန် ကြိုးပမ်းမှုကြောင့် လူဦးရေပေါင်းသန်းချီသည် ဆေးလိပ်ဖြတ်ခြင်း သို့မဟုတ် ဆေးလိပ်မသောက်သုံးတော့ခြင်းများရှိလာကြောင်း၊ သို့သော် ဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းသည် နီကိုတင်းထုတ်ကုန်ပုံစံအသစ်များ ထုတ်လုပ်လျက်ရှိကာ ၎င်းတို့ရည်ရွယ်သူများမှာ လူငယ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။
အထက်ပါအစီရင်ခံစာတွင် ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံး၌ e-cigarette အသုံးပြုမှု အခြေအနေကို သုံးသပ်အကဲဖြတ်ခဲ့ရာ သက်ဆိုင်ရာအချက်အလက်များက လူကို ထိတ်လန့်စေပေသည်။ လက်ရှိတွင် တစ်ကမ္ဘာလုံး၌ e-cigarette အသုံးပြုသူဦးရေသည် သန်း ၁၀၀ ကျော်လာပြီဖြစ်ရာ ၎င်းအနက် အရွယ်ရောက်သူ ၈၆ သန်းထက်မနည်းနှင့် ၁၃ နှစ်မှ ၁၅ နှစ်ကြား လူငယ် ၁၅ သန်းခန့် ပါဝင်ပေသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းသည် သမားရိုးကျဆေးပေါ့လိပ်တင်သာမက e-cigarette ၊ နီကိုတင်းအိတ် စသည့် ထုတ်ကုန်များဖြင့် လူများကို စွဲလမ်းလာစေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါ ထုတ်ကုန်များသည် ကျန်းမာရေးကို ထိခိုက်စေပြီး အထူးသဖြင့် လူငယ်အုပ်စု၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
နိုင်ငံအသီးသီးမှ အစိုးရများအနေဖြင့် ဆေးလိပ်ထိန်းချုပ်မှုကို မြှင့်တင်ရန်၊ “ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (FCTC)” အား ဘက်စုံဖော်ဆောင်ရန်၊ လိုအပ်ချက်များအား ရှာဖွေဖြေရှင်းတားဆီးရန်၊ လူငယ်များ ဆေးလိပ်ဆေးရွက်ကြီး စွဲလမ်းမှုအား ကြိုတင်ကာကွယ်ရန်၊ e-cigarette စသည့် နီကိုတင်းထုတ်ကုန်ပုံစံအသစ်များအား စောင့်ကြည့်ထိန်းချုပ်မှုကို မြှင့်တင်ရန်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းခဲ့သည်။ (Xinhua)
————————
(Chinese Version)
世卫组织发布烟草趋势报告 强调应加强监管电子烟
新华社日内瓦10月7日电(记者王露)世界卫生组织6日发布的最新烟草趋势报告显示,全球吸烟人数正在减少,但烟草危害远未终结。烟草成瘾仍然困扰着全球五分之一的成年人,每年造成数以百万计可预防的死亡。同时电子烟正在引发新一轮成瘾浪潮,应加强监管。
《世卫组织2000年-2024年全球烟草使用趋势与2025年-2030年预测报告》显示,全球吸烟人数从2000年的13.8亿降至2024年的12亿,自2010年以来,吸烟人数减少了1.2亿。
世卫组织总干事谭德塞说,得益于世界各国的控烟努力,数百万人正在戒烟或不再吸烟,但烟草业正推出新型尼古丁产品,目标是年轻人。
这份报告首次评估了全球电子烟使用情况,相关数据触目惊心:目前全球电子烟使用者已超过1亿,其中包括至少8600万成年人,以及约1500万年龄在13至15岁间的青少年。
世卫组织说,烟草业不仅通过传统香烟,还通过电子烟、尼古丁袋等产品促使人们上瘾。这些产品均危害健康,特别是危及青少年群体的健康。
世卫组织敦促各国政府加强控烟,全面实施《世界卫生组织烟草控制框架公约》,堵截漏洞,防止烟草侵蚀青少年,加强监管电子烟等新型尼古丁产品。(完)
图说:2013年11月12日,在英国伦敦,一名参加“电子香烟大会”的代表高举一支电子烟。新华社/法新