Connect with us

International Organizations

ကမ္ဘာ့စီးပွားရေး၏ စမ်းသပ်မှုအစစ်အမှန် မကြာမီကျရောက်လာနိုင်ကြောင်း IMF ဦးဆောင်ညွှန်ကြားရေးမှူး ဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဦးဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva အား ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ကမ္ဘာ့စီးပွားရေးသည် မျှော်မှန်းချက်ထက်ကောင်းမွန်သော်လည်း “လိုအပ်သည့်အဆင့်” သို့ ရောက်ရှိခြင်း မရှိကြောင်း၊ “ကမ္ဘာ့စီးပွားရေး ကြံ့ကြံ့ခံနိုင်ရည်ရှိမှုဟာ ဘက်စုံစမ်းသပ်ခံရခြင်းမရှိသေးဘဲ စမ်းသပ်မှုအစစ်အမှန် မကြာမီကျရောက်လာနိုင်တော့မှာကို ပူပန်ဖွယ်ရာ အခြေအနေများက ဖော်ပြနေပါတယ်” ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဦးဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva က အောက်တိုဘာ ၈ ရက်တွင် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အကျိုးအမြတ်မယူသော Think Tank အဖွဲ့ Milken Institute တွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိကမ္ဘာကြီးသည် နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲမှုအတွင်း ရောက်ရှိနေကြောင်း၊ ပထဝီနိုင်ငံရေး၊ သိပ္ပံနည်းပညာ တော်လှန်ရေး၊ လူဦးရေဖွဲ့စည်းပုံ စသည့် အကြောင်းအချက်များ ပြောင်းလဲမှုနှင့် လူသားများကြောင့် ကမ္ဘာကြီးကို ဖြစ်စေသည့် တစ်နေ့တခြားဆိုးရွားသော ထိခိုက်မှုများကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာအတွင်း၌ “မသေချာမရေရာမှုများ အပြင်းအထန်မြင့်တက်လာပြီး စဉ်ဆက်မပြတ် တိုးတက်လာလျက်ရှိကြောင်း” Kristalina Georgieva က ပြောကြားခဲ့သည်။ “မသေချာမရေရာမှုက ပုံမှန်အခြေအနေအသစ် ဖြစ်လာပြီး ဆက်လက်ဖြစ်ပေါ်သွားမှာပါ” ဟု ၎င်းက ယူဆသည်။
စည်းကြပ်ခွန်မူဝါဒ၏ အကျိုးသက်ရောက်မှုအားလုံးသည် “ပေါ်ထွက်လာမှု မရှိသေး” ကြောင်း Kristalina Georgieva က ဆိုသည်။ အမေရိကန်၌ လုပ်ငန်းကုမ္ပဏီများ၏ အကျိုးအမြတ်ဖိနှိပ်ခံရပါက ဈေးနှုန်းကို မြှင့်တင်နိုင်ပြီး ငွေကြေးဖောင်းပွမှု ဖိအားအသစ်များ သယ်ဆောင်လာနိုင်ကြောင်း၊ တစ်ချိန်တည်းတွင် မူလက အမေရိကန်ဈေးကွက်သို့ တင်ပို့ရောင်းချမည့် ကုန်ပစ္စည်းအများအပြားသည်လည်း အခြားနိုင်ငံဈေးကွက်သို့ ပြောင်းရွှေ့ခံရနိုင်ပြီး ယင်းသည် “ဒုတိယအကြိမ် စည်းကြပ်ခွန်မြှင့်တင်မှု” ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လျော့ရဲသော ဘဏ္ဍာရေးပတ်ဝန်းကျင်က “အားပျော့မှု အလားအလာ” ကို ဖုံးကွယ်ထားကြောင်း၊ “မျှော်မှန်းတန်ဖိုးက ပြန်လည်မြှင့်တင်မှု အများအပြားဖြစ်လာတာနဲ့ ဘဏ္ဍာရေးပတ်ဝန်းကျင် ကျပ်တည်းလာကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို နှောင့်နှေးစေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အခြေအနေကို ပိုပြီး အကျပ်အတည်းဖြစ်သွားစေမှာပါ” ဟု Kristalina Georgieva က ယူဆသည်။
လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးသည် စည်းစနစ်ရှုပ်ထွေးမှုများ ဖြစ်နေသော်လည်း ကုန်သွယ်ရေး အများစုသည် စည်းကမ်းအတိုင်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ကုန်သွယ်ရေး၏ စီးပွားရေးတိုးတက်မှုမောင်းနှင်အားကို ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းလိုကြောင်း Kristalina Georgieva က ပြောကြားခဲ့သည်။
IMF ၏ ဇူလိုင်လ “ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက်” ထဲတွင် ယခုနှစ် တစ်ကမ္ဘာလုံး GDP တိုးတက်မှုနှုန်းသည် ၃ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ် တိုးတက်မှုထက် နှေးကွေးလာကြောင်း ကြိုတင်မျှော်မှန်းခဲ့သည်။ အဆိုပါအဖွဲ့သည် အောက်တိုဘာ ၁၃ ရက်မှ ၁၈ ရက်အထိ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ ကျင်းပမည့် နှစ်ပတ်လည်အစည်းအဝေး၌ စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်အသစ် ထုတ်ပြန်သွားမည်ဖြစ်ပေသည်။ (Xinhua)

——————–
(Chinese Version)
IMF总裁:全球经济的真正考验可能即将到来
新华社纽约10月8日电(记者徐静)国际货币基金组织(IMF)总裁格奥尔基耶娃8日在美国首都华盛顿非营利性智库米尔肯研究院发表讲话时说,全球经济好于预期,但没达到“所需水平”,“全球经济韧性尚未受到全面考验,而且有令人担忧的迹象表明真正的考验可能即将到来”。
格奥尔基耶娃说,当前世界正处于深刻变革中。地缘政治、科技革命、人口结构等因素变化以及人类对地球造成日益严重的伤害,导致全球范围内“不确定性急剧上升且持续攀升”。她认为,“不确定性已成为新常态,并将持续下去”。
格奥尔基耶娃说,关税政策全部影响“尚未显现”。在美国,企业利润被压缩可能抬高价格,带来新的通胀压力。与此同时,大量原本销往美国市场的商品被转移到其他国家市场,这可能引发“第二轮关税上调”。
格奥尔基耶娃认为,宽松的金融环境掩盖了“疲软趋势”,“一旦估值出现大幅回调,金融环境收紧将拖累全球经济增长,并使发展中国家的处境尤为艰难”。
格奥尔基耶娃表示,当前全球贸易虽受到扰动,但大部分贸易仍在遵循规则进行。她呼吁世界各国维护贸易作为经济增长引擎的地位。
国际货币基金组织在7月份《世界经济展望》中预测,今年全球GDP增长率为3%,较2024年增长有所放缓。该组织将在13日至18日在华盛顿举办的年度会议上更新经济增长预测。(完)
图说:4月24日,国际货币基金组织(IMF)总裁格奥尔基耶娃在美国华盛顿出席媒体发布会。新华社记者 谢锷 摄