Connect with us

North America

ထရမ့်က တောင်အာဖရိကအား နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့် (ယာဘက်) က ခရီးစဉ်လာရောက်သော တောင်အာဖရိက သမ္မတ Cyril Ramaphosa (အလယ်) အား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်သည် နိုဝင်ဘာ ၅ ရက်တွင် တောင်အာဖရိကအား နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ပြောကြားခဲ့ရာ တောင်အာဖရိကသည် G20 အဖွဲ့အတွင်း၌ ရှိမနေသင့်ကြောင်းဆိုပြီး ၎င်းအနေဖြင့် ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် G20 ခေါင်းဆောင်များ ဂျိုဟန်နက်စ်ဘာ့ခ် ထိပ်သီးအစည်းအဝေးအား တက်ရောက်မည်မဟုတ်ကြောင်း ထပ်မံအလေးထား ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများ နိုဝင်ဘာ ၅ ရက် သတင်းဖော်ပြချက်အရ သိရသည်။

ထရမ့်က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့၌ကျင်းပသည့် အစည်းအဝေးတစ်ခုတွင် “တောင်အာဖရိကမှာ G20 ထိပ်သီးအစည်းအဝေး ကျင်းပတော့မှာပါ။ တောင်အာဖရိကက G20 အဖွဲ့ထဲမှာကို ရှိမနေသင့်တာ။ ဘာလို့လဲဆိုတော့ အဲဒီနေရာ (တောင်အာဖရိက) က အခြေအနေအရမ်းဆိုးတယ်။ ကျွန်တော်သွားမှာမဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

တောင်အာဖရိကအစိုးရသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတကာတရားရုံးထံသို့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ၌ လူမျိုးသုဉ်းသတ်ဖြတ်မှု လုပ်ဆောင်နေသည်ဟု တရားစွဲဆိုခဲ့သောကြောင့် အမေရိကန်ကို ထိပါးမိခဲ့သည်။ ယခုနှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် ဆက်တိုက်တင်းမာခဲ့သည်။ ထရမ့်အစိုးရက ရှေးဦးစွာ တောင်အာဖရိကမှ “သိမ်းယူခြင်းအက်ဥပဒေ” အား ထုတ်ပြန်မှုသည် လူဖြူများအပေါ် “လူမျိုးခွဲခြားဆက်ဆံမှု” ဖြစ်စေသည် ဟူသောအကြောင်းပြချက်ဖြင့် တောင်အာဖရိကအပေါ် ကူညီမှုကို ဖြတ်တောက်ခဲ့သည်။ ဆက်လက်ပြီး ထရမ့်အပေါ် ဝေဖန်သည့်ပြောဆိုချက် ပြောကြားသည့် အမေရိကန်နိုင်ငံဆိုင်ရာ တောင်အာဖရိကသံအမတ်ကြီးကို ပြည်နှင်ခဲ့သည်။

ယခုနှစ် မေလတွင် ထရမ့်က အိမ်ဖြူတော်၌ တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa အား တွေ့ဆုံရာတွင် ရုတ်တရက် ဗီဒီယိုအချို့နှင့် ပိုစတာအချို့ပြသပြီး တောင်အာဖရိကတွင် “လူဖြူများကို ဦးတည်သည့် လူမျိုးသုဉ်းသတ်ဖြတ်မှု” ဖြစ်ပွားနေသည်ဟု ပြစ်တင်ပြောကြားခဲ့သည်။ Cyril Ramaphosa က ထိုနေရာတွင်ပင် ငြင်းဆိုခဲ့ပြီး တောင်အာဖရိက လူဖြူများက အကြမ်းဖက်မှုနှင့် “လူမျိုးခွဲခြားရေးဝါဒ” တရားဥပဒေမှ ကင်းလွတ်အောင် ထွက်ပြေးနေရသည်ဟူသော ပြောဆိုချက်သည် အခြေအမြစ်မရှိကြောင်း ထောက်ပြပြောကြားခဲ့သည်။

ယခုနှစ် စက်တင်ဘာလတွင် တောင်အာဖရိက နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး Ronald Lamola က တောင်အာဖရိကသို့ ထရမ့် လာရောက်၍ အစည်းအဝေးတက်ရောက်ခြင်းမပြုရန် ဆုံးဖြတ်သည့် အကြောင်းရင်းအား မခန့်မှန်းလိုကြောင်း၊ ယခုအကြိမ်ထိပ်သီးအစည်းအဝေးသည် “ရည်မှန်းချက်ကြီးသော” ရလဒ်များ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ဖူးသည်။

၂၀ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ကျင်းပသွားမည်ဖြစ်ရာ ယခုအကြိမ် အစည်းအဝေးသို့ အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ဂျေဒီဗန့်စ်က တက်ရောက်သွားမည်ဖြစ်သည်။
နောက်တစ်ကြိမ် G20 အဖွဲ့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံမှာ အမေရိကန်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရမည့်ကာလမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိဖြစ်သည်။ (Xinhua)

———————
(Chinese Version)
特朗普再次攻击南非
新华社华盛顿11月5日电 据美国媒体5日报道,美国总统特朗普5日再次对南非进行攻击,称南非不应在二十国集团中,并重申他不会出席本月晚些时候二十国集团领导人约翰内斯堡峰会。
特朗普在美国佛罗里达州迈阿密一个会议上称:“南非将举行二十国集团峰会。南非根本就不该在二十国集团里。因为那里(南非)的状况太糟糕了。我不会去的。”
南非政府因2023年12月向国际法院起诉以色列在加沙地带实施种族灭绝而开罪美国。今年以来,两国关系一直紧张。特朗普政府先是以南非颁布《征用法案》构成对白人“种族歧视”为由切断对南非援助,之后又驱逐了对特朗普发表批评言论的南非驻美大使。
今年5月,特朗普在白宫会见南非总统拉马福萨时突然展示一些视频和剪报,指责南非正出现“针对白人的种族屠杀”。拉马福萨当场否认,指出所谓南非白人正逃离暴力和“种族主义”法律的说法站不住脚。
今年9月,南非国际关系与合作部长拉莫拉曾表示,不想猜测特朗普决定不来南非参会的原因,相信此次峰会依然能够取得“雄心勃勃的”成果。
二十国集团领导人第二十次峰会定于11月22日至23日在约翰内斯堡举行,美国副总统万斯计划出席此次会议。
下任二十国集团轮值主席国是美国,任期为2025年12月1日至2026年11月30日。(完)
图说:5月21日,美国总统特朗普(右)在华盛顿白宫迎接到访的南非总统拉马福萨(中)。新华社记者胡友松摄