Connect with us

Africa & Middle East

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်ဒေသ၌ ပစ်ခတ်မှု ထပ်မံဖြစ်ပွား

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်၏ Torkham နယ်စပ်ဂိတ်တွင် နယ်စပ်ဒေသ ပဋိပက္ခကြောင့် ရပ်တန့်နေရသော ကုန်တင်ကားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်/ကဘူးလ်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်နှင့် အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Kandahar ပြည်နယ် နယ်စပ်ဒေသ၌ နိုဝင်ဘာ ၆ ရက်က ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။
Balochistan ပြည်နယ် Chaman မှ ပါကစ္စတန်ဘက် ကင်းစခန်းသည် ထိုနေ့တွင် အကြောင်းမဲ့ တိုက်ခိုက်ခံခဲ့ရကာ ပါကစ္စတန်ဘက် နယ်မြေလုံခြုံရေးအား အာမခံပေးနိုင်ရန် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့က လျင်မြန်ထိရောက်စွာ တုံ့ပြန်ခဲ့သည်ဟု ပါကစ္စတန်ဘက် စစ်ရေးသတင်းအရင်းအမြစ်က နိုဝင်ဘာ ၆ ရက်ညပိုင်းတွင် ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။

ယခုအကြိမ်တိုက်ခိုက်မှုသည် အာဖဂန်နစ္စတန်အစိုးရဘက်၏ ညွှန်ကြားမှု မခံယူသော တရားမဝင်အုပ်စုမှ လုပ်ဆောင်ခြင်းဖြစ်သည်ဟု အာဖဂန်နစ္စတန်အစိုးရဘက်က အသိပေးပြောကြားလာကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့နှင့် အာဖဂန်နစ္စတန်တို့သည် ချက်ချင်းညှိနှိုင်းမှု လုပ်ဆောင်ခဲ့ရာ “အခြေအနေကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး အခြေအနေ အရှိန်မြင့်တက်လာမှုကို ကာကွယ်နိုင်ခဲ့ပါတယ်” ဟု အဆိုပါ သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်ဖက်က ထိုမတိုင်မီ ရရှိထားသော သဘောတူညီချက်သည် အသက်ဝင်လျက်ရှိသေးကြောင်းလည်း အဆိုပါသတင်းအရင်းအမြစ်က အတည်ပြုခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ အစိုးရပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က ထိုနေ့တွင် လူမှုမီဒီယာ၌ ပိုစ်တင်၍ ထိုနေ့ညနေ ၅ နာရီဝန်းကျင်တွင် ပါကစ္စတန်တပ်ဖွဲ့က Kandahar ပြည်နယ် Spin Boldak မြို့သို့ ထပ်မံပစ်ခတ်မှုလုပ်ဆောင်ခဲ့ရာ စိုးရိမ်ပူပန်ရကြောင်း၊ Kandahar ပြည်နယ်ရှိ အာဖဂန်နစ္စတန် လုံခြုံရေးတပ်ဖွဲ့သည် ယင်းအပေါ် တုံ့ပြန်မှုလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း၊ “ဒါက တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကျင်းပနေတဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် တွေ့ဆုံဆွေးနွေးမှုအပေါ် လေးစားမှုကြောင့် ဖြစ်သလို တစ်ချိန်တည်းမှာပဲ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုကို ကာကွယ်ရန်အတွက်လည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Spin Boldak မြို့သည် ပါကစ္စတန်နိုင်ငံနှင့် ထိစပ်လျက်ရှိပြီး နှစ်နိုင်ငံ၏ အရေးကြီး ကုန်သွယ်ရေးနယ်စပ်ဂိတ်ရှိသည်။ လတ်တလောကာလတွင် နယ်စပ်ဒေသ၌ မကြာခဏပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါနယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ရပြီးဖြစ်သည်။ ပါကစ္စတန်ဘက်က လက်နက်ကြီးကျည်များသည် အရပ်ဘက်အခြေခံအဆောက်အဦနှင့် ဈေးတစ်ခုအတွင်းကျရောက်ခဲ့ရာ လူ ၂ ဦး သေဆုံး၍ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း အာဖဂန်နစ္စတန် Tolo News ဝက်ဘ်ဆိုက်က သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်ဒေသတွင် လတ်တလောကာလ၌ ပစ်ခတ်မှု အကြိမ်များစွာ ဖြစ်ပွားခဲ့သည်။ ကာတာနှင့် တူကီယဲတို့၏ ကြားဝင်စေ့စပ်မှုဖြင့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် ချက်ချင်းအပစ်ရပ်၍ အပစ်ရပ်မှုစဉ်ဆက်မပြတ်ဖြစ်ရေးအား အာမခံနိုင်ရန် ဆက်လက် တွေ့ဆုံဆွေးနွေးသွားမည်ဟုလည်း သဘောတူညီခဲ့ကြကြောင်း ကာတာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၅ ရက်တွင် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့က တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ အသစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှု ကျင်းပ၍ အပစ်ရပ်သဘောတူညီချက် အကောင်အထည်ဖော်ရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရေး အသေးစိတ်ယန္တရားကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးခိုးလိပ်များ တက်လာသည်ကို ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ်‌ အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————–
(Chinese Version)
巴基斯坦和阿富汗边境再次发生交火
新华社伊斯兰堡/喀布尔11月6日电(记者杨恺 李昂)巴基斯坦西南部俾路支省与阿富汗南部坎大哈省交界地区6日再次发生交火,有人员伤亡。
巴基斯坦军方消息人士6日晚告诉新华社记者,俾路支省杰曼地区的巴方哨所当天遭到无端袭击,巴安全部队作出迅速有效回应,确保巴方阵地安全。这名消息人士说,阿富汗政府告知,这次袭击是由一个不受阿富汗官方指挥的“流氓团体”实施。交火事件发生后,巴安全部队和阿方立即展开协调,“局势迅速得到控制,防止了事态升级”。
这名消息人士证实,巴阿双方此前达成的停火协议仍然有效。
阿富汗政府发言人穆贾希德当天在社交媒体发文说,当天下午5时左右,巴方部队再次向坎大哈省斯平布尔达克镇开火,令人担忧。在坎大哈省的阿富汗安全部队没有对此作出回应,“这是出于对正在土耳其伊斯坦布尔举行的阿富汗与巴基斯坦会谈的尊重,同时也是为了防止平民伤亡”。
斯平布尔达克镇与巴基斯坦接壤,有两国重要贸易口岸。因近期边境地区频繁发生交火,这一口岸已经关闭。阿富汗黎明新闻网站援引消息人士称,巴方迫击炮弹落在民用基础设施和一处市场,造成2人死亡、4人受伤。
巴基斯坦和阿富汗边境地区近期多次发生交火。卡塔尔外交部10月19日说,在卡塔尔和土耳其斡旋下,巴阿同意立即停火,并将继续会谈确保实现停火的可持续性。同月25日,巴阿开始在土耳其城市伊斯坦布尔进行新一轮对话,商讨落实停火协议及加强安全合作的具体机制。(完)
1、10月13日,在巴基斯坦与阿富汗的边境口岸多尔哈姆,卡车因边境地区冲突而滞留。新华社发
2、这是10月15日在阿富汗首都喀布尔拍摄的爆炸现场升起的浓烟(手机照片)。新华社发(蒋春梅摄)