Asia
နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒက ဒေသတွင်း တည်ငြိမ်ရေးနှင့် သာယာဝပြောရေး၏ “တည်ငြိမ်ခိုင်မာမှု အခြေခံ” ဖြစ်သည်ဟု တရုတ်-အာဆီယံ ကျွမ်းကျင်ပညာရှင်များ ဆို
ကွာလာလမ်ပူ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံတကာ ကုန်သွယ်စီးပွားကဏ္ဍ ကျွမ်းကျင်သူများသည် နိုဝင်ဘာ ၅ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် စုစည်း၍ “စည်းကြပ်ခွန်မုန်တိုင်းနှင့် ‘ဒေသတွင်း ဘက်စုံ စီးပွားရေးမိတ်ဖက်ဆက်ဆံမှုသဘောတူညီချက် (RCEP)’ အနာဂတ်လမ်း” ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြရာ နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ကို ကာကွယ်ထိန်းသိမ်းမည့် သန္နိဋ္ဌာန်ကို ထပ်မံအလေးထားပြောကြားခဲ့ပြီး လွတ်လပ်သော ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးကို တားဆီးသည့် ပျက်စီးစေသော လုပ်ရပ်များကို ဝေဖန်ပြောကြားခဲ့သည်။
ဆွေးနွေးပွဲကြီးမှူးကျင်းပသော မလေးရှားနိုင်ငံ အာရှ-ပစိဖိတ် “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်ရေးအသင်း ဥက္ကဋ္ဌ Ong Tee Keat က အမှာစကား ပြောကြားရာတွင် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် နိုင်ငံအသီးသီးအနေဖြင့် RCEP စသည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို အပြည့်အဝအသုံးချသင့်ကာ ကုန်သွယ်ရေးတည်ငြိမ်မှုကို သေချာစေလျက် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ စည်းမျဉ်းများကို ရိုးရှင်းစေရန်၊ စံနှုန်းများ တစ်သားတည်းဖြစ်ရန် လုပ်ဆောင်သင့်ပြီး အသေးစားနှင့် အလတ်စား ကုမ္ပဏီလုပ်ငန်း (SME) များအား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးတွင် အပြည့်အဝပါဝင်နိုင်စေရန် စွမ်းရည်မြှင့်တင်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၅ ကြိမ်မြောက် ‘ဒေသတွင်း ဘက်စုံ စီးပွားရေးမိတ်ဖက်ဆက်ဆံမှုသဘောတူညီချက်’ ခေါင်းဆောင်များ အစည်းအဝေးကို မကြာသေးမီက ကွာလာလမ်ပူတွင် ကျင်းပခဲ့ပြီး တက်ရောက်လာကြသော နိုင်ငံအသီးသီးက လွတ်လပ်သော၊ တရားမျှတသော၊ တံခါးဖွင့်လှစ်သော နိုင်ငံစုံ ကုန်သွယ်ရေး ယန္တရားအား ထိန်းသိမ်းကာကွယ်ရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်မည့် ခိုင်မာသောသန္နိဋ္ဌာန်ကို ပြသခဲ့ကြောင်း၊ လက်ရှိတွင် တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒသည် ဒေသတွင်း ကုန်သွယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အန္တရာယ်နှင့် စိန်ခေါ်မှုများ ဆောင်ကြဉ်းခဲ့ရာ ဒေသတွင်းနိုင်ငံများအနေဖြင့် ပို၍ စည်းလုံးညီညွတ်ကာ ကိုယ်ပိုင်အင်အားတောင့်တင်းစေရန်၊ အပြန်အလှန် ဖလှယ်၍ အားနည်းချက်များ အပြန်အလှန် ဖြည့်ဆည်းပေးရန် လုပ်ဆောင်ရမည်ဖြစ်ပြီး ကိုယ်ပိုင် တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ကာ ဒေသတွင်း စီးပွားရေးတည်ငြိမ်ကောင်းမွန်မှု တိုးတက်စေရန် မြှင့်တင်ရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကျိန့်ရွှယ်ဖောင်းက အမှာစကားတွင် ပြောကြားခဲ့သည်။
လက်ရှိနိုင်ငံတကာ နောက်ခံအခြေအနေတွင် တရုတ်နှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုမှာ ထင်ရှားလာကြောင်း၊ တရုတ်နှင့် အာဆီယံဆက်ဆံရေးသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာဖြစ်သလို တစ်ချိန်တည်းမှာလည်း ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော တည်ငြိမ်မှု ကျောက်ဆူးအဖြစ် ပံ့ပိုးပေးကြောင်း၊ နှစ်ဖက်သည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အစဉ်အမြဲ လက်ကိုင်ထားပြီး RCEP အရည်အသွေးမြင့် လက်တွေ့ဖော်ဆောင်မှုကို အဆက်မပြတ် တွန်းအားပေးကာ ကမ္ဘာပေါ်တွင် တက်ကြွမှုအား အကောင်းဆုံးသော လွတ်လပ်သည့် ကုန်သွယ်ရေးဧရိယာများအနက်တစ်ခုအဖြစ် တည်ဆောက်ခဲ့ကြောင်း တရုတ်-အာဆီယံ စင်တာ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျုံးကျွင့်က ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး၌ အတားအဆီးများနှင့် ရင်ဆိုင်ရာတွင် အမျိုးစုံလင်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုကို လက်ကိုင်ထားခြင်းသည် ထိရောက်သောနည်းဗျူဟာတစ်ခုဖြစ်ကြောင်း တက်ရောက်လာသော ကျွမ်းကျင်သူများက တစ်ပြေးညီယူဆကြသည်။
လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာဈေးကွက်များစွာသည် ဦးမော့လာလျက်ရှိပြီး ကမ္ဘာ့စီးပွားရေးအခင်းအကျင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုပုံစံများသည်လည်း ပြောင်းလဲမှုများဖြစ်ပေါ်လာရာ အမျိုးစုံလင်သော ပူးပေါင်းဆောင်ရွက်မှုသည် ကြီးမားသော လက်တွေ့ဖော်ဆောင်မှု အနက်အဓိပ္ပာယ်ရှိကြောင်း အင်ဒိုနီးရှား-အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသနအင်စတီကျုမှ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းအကြံပေး Lili Yan Ing နှင့် မလေးယာတက္ကသိုလ် နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေးဌာနမှ ဒုတိယပါမောက္ခ Roy Anthony Rogers တို့က ထောက်ပြခဲ့သည်။
“တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုက ကုန်သွယ်ရေး အမျိုးစုံလင်မှု ဖြစ်ပေါ်ခြင်းကို မြှင့်တင်ပေးတယ်” ဟု Rogers က ပြောကြားခဲ့သည်။ အမေရိကန်၏ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုသည် နယ်စပ်ဖြတ်ကျော်စီးဆင်းသည့် အပိုပစ္စည်းအစိတ်အပိုင်းများအပေါ် မှီခိုနေရသော ရှုပ်ထွေးသည့် ထောက်ပံ့ရေးကွင်းဆက်ကို အနှောင့်အယှက်ဖြစ်စေသော်လည်း စိန်ခေါ်မှုများသည်လည်း အခွင့်အလမ်းများကို ပေးစွမ်းကြောင်း၊ “အမျိုးစုံလင်စေရေးနှင့် ကုန်သွယ်ရေး တိုးတက်မှု အလားအလာအသစ်များအား ရှာဖွေတိုးချဲ့ရေးကို မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်တယ်” ဟူ၍ ၎င်းက ပြောကြားခဲ့သည်။
လက်ရှိအခြေအနေများတွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းခြင်း၊ ဒေသတွင်း အပြန်အလှန်ချိတ်ဆက်မှုကို နက်ရှိုင်းစေခြင်းနှင့် နိုင်ငံစုံ ကုန်သွယ်မှုစနစ်ကို အတူတကွ ထိန်းသိမ်းကာကွယ်ခြင်းဖြင့်သာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် တည်ငြိမ်မှုစွမ်းအားများ ဖြည့်တင်းနိုင်မည်ဖြစ်ပြီး တံခါးဖွင့်လှစ်၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုရှိသော အနာဂတ်ဆီသို့ ဦးတည်နိုင်မည်ဟု အစည်းအဝေးသို့ တက်ရောက်လာသော ကျွမ်းကျင်သူများက ယူဆကြသည်။ (Xinhua)
……………….
(Chinese Version)
综述|中国东盟专家学者:多边主义是地区稳定与繁荣的“压舱石”
新华社吉隆坡11月6日电 综述|中国东盟专家学者:多边主义是地区稳定与繁荣的“压舱石”
新华社记者王嘉伟
中国和东盟国家的国际经贸专家5日齐聚吉隆坡,参加“关税风暴和《区域全面经济伙伴关系协定》(RCEP)的未来之路”研讨会,重申维护多边贸易体制的决心,批判阻碍自由贸易及发展中国家发展的破坏性举动。
研讨会主办方马来西亚亚太“一带一路”共策会会长翁诗杰在会上致辞表示,为应对挑战,各国应充分利用RCEP等多边合作机制,确保贸易稳定,应推动务实合作、简化规则、统一标准,并赋能中小企业充分参与跨境贸易。
中国驻马来西亚大使馆公使郑学方致辞说,第五次《区域全面经济伙伴关系协定》领导人会议近期在吉隆坡举行,与会各国展现维护自由、公平、开放的多边贸易体制、推动共同发展的坚定决心。当前,单边主义和保护主义给区域经贸发展带来巨大风险与挑战,地区国家要更加团结自强、互通有无,捍卫自身正当权益,促进区域经济稳健增长。
中国-东盟中心秘书长史忠俊表示,当前国际形势背景下中国与东盟合作重要性凸显。中国与东盟关系正成为全球贸易、友谊与合作的典范,同时为世界经济提供重要的稳定锚。双方始终秉持多边主义,不断推动RCEP高质量落实,打造全球最具活力的自由贸易区之一。
与会专家一致认为,面对全球贸易受阻,追求多元化合作是有效的应对策略。印尼东盟与东亚经济研究所东南亚地区首席顾问莉莉·扬·英和马来亚大学国际与战略研究系副教授罗伊·安东尼·罗杰斯指出,当前全球多个市场正在崛起,世界经济格局与发展模式也在发生转变,多元化合作具有极大现实意义。
“中国与东盟合作是推动贸易多元化的体现。”罗杰斯说,美国加征关税扰乱依赖跨境零部件流动的复杂供应链,但挑战孕育着机遇,“多元化与开拓新的贸易增长空间势在必行。”
与会专家认为,当前形势下,唯有坚持团结合作、深化区域互联互通、共同维护多边贸易体系,才能为地区和全球经济注入稳定力量,通往开放共赢的未来。(完)
图说:这是10月26日在马来西亚首都吉隆坡街头拍摄的东盟峰会标识。新华社记者 邢广利 摄
