Connect with us

North America

တရုတ်ဈေးကွက်က အစားထိုး၍မရဟု အမေရိကန် ပဲပုပ်တင်ပို့ရေးကောင်စီ တာဝန်ရှိပုဂ္ဂိုလ် ပြောကြား

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ ရှင်းအန်းမုန် ကျားလိုင်ထက်ချီ ယင်းတယ်အယ်မြို့နယ်၌ ကျားလိုင်ထက်ချီ ယွီကျီရွင့် စိုက်ပျိုးမွေးမြူရေး ကျွမ်းကျင်သမဝါယမအသင်း ဝန်ထမ်းက မကြာမီရိတ်သိမ်းတော့မည့် ပဲပုပ်အရည်အသွေးအား စစ်ဆေးနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
အမေရိကန် ပဲပုပ်လုပ်ငန်းသည် တရုတ်နိုင်ငံအား “အရေးကြီးဆုံး၊ တန်ဖိုးအထားထိုက်ဆုံး ဈေးကွက်” အဖြစ် အစဉ်အမြဲ ရှုမြင်ထားကြောင်း၊ “တရုတ်ဈေးကွက်က အစားထိုး၍မရ” ဟု အမေရိကန် ပဲပုပ်တင်ပို့ရေးကောင်စီ (USSEC) အမှုဆောင်အရာရှိချုပ် Jim Sutter သည် မကြာသေးမီက ဆင်ဟွာသတင်းထောက် မေးမြန်းမှုအတွင်း ပြောကြားခဲ့သည်။
“အမေရိကန်ရဲ့ပဲပုပ်တွေ တင်ပို့ရာမှာ တရုတ်နိုင်ငံဟာ အစားထိုးရအခက်ဆုံး ဈေးကွက်ဖြစ်တယ်” ၊ “တရုတ်ဈေးကွက်က သယ်ဆောင်လာပေးတဲ့ အခွင့်အလမ်းတွေကို ကျွန်တော်တို့ တန်ဖိုးထားပြီး ကျေးဇူးတင်သလို ဒီလိုမျိုးဆက်ဆံရေးကလည်း ကျွန်တော်တို့ ဆက်လက်ရင်းနှီးထည့်ဝင်ထိုက်တယ်လို့ ယုံကြည်ပါတယ်” ဟု Jim Sutter က သတင်းထောက်အား ပြောကြားခဲ့သည်။
အမေရိကန် ပဲပုပ်တင်ပို့ရေးကောင်စီသည် ၁၉၈၂ ခုနှစ်တွင် တရုတ်ဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ထိုအချိန်မှစ၍ တရုတ်နိုင်ငံမိတ်ဖက်များနှင့် အလွန်ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ဆောက်ခဲ့ကြောင်း၊ ယနေ့တွင် ၎င်းကောင်စီသည် တရုတ်နိုင်ငံ၌ လူ ၂၀ နီးပါးရှိသည့် အမြဲတမ်းအခြေစိုက်အဖွဲ့ရှိပြီး လုပ်ငန်းမိတ်ဖက်များနှင့်အတူ စဉ်ဆက်မပြတ် ထုတ်လုပ်မှု၊ ထောက်ပံ့ရေးကွင်းဆက် စီမံခန့်ခွဲမှု စသည့်ကဏ္ဍများ၌ ရေရှည်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း Jim Sutter က ပြောကြားခဲ့သည်။
Jim Sutter က ၎င်းအနေဖြင့် အမေရိကန်-တရုတ် နှစ်နိုင်ငံ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အလားအလာအပေါ် အကောင်းမြင်ကြောင်း၊ တရုတ်-အမေရိကန် စိုက်ပျိုးရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုသည် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ “စိုက်ပျိုးရေးလုပ်ငန်းက နှစ်နိုင်ငံကို အစဉ်အမြဲ ဆက်သွယ်ပေးတဲ့ ပေါင်းကူးတံတား ဖြစ်ပါတယ်။ ယနေ့လို မသေချာမရေရာမှုတွေ ပြည့်နှက်နေတဲ့ခေတ်မှာ ကျွန်တော်တို့ ဒီတံတားကြီး မပြိုလဲသွားဘဲ ပိုမိုခိုင်မြဲလာအောင် ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ပြည်ပသို့တံခါးဖွင့်မှုအား စဉ်ဆက်မပြတ် တွန်အားပေးခြင်းကို များစွာချီးကျူးပြောကြားခဲ့ပြီး တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သည် အကောင်းဆုံးသက်သေဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။ “ဒါကဉာဏ်ပညာရှိတဲ့ ဦးတည်ချက်ပါ။ တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးက ကဏ္ဍအများအပြားမှာ အပြန်အလှန် မြှင့်တင်နိုင်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေတဲ့နည်းလမ်းနဲ့ ပူးပေါင်းဆောင်ရွက်ကာ ကြီးမားတဲ့ ဘုံအကျိုးစီးပွားတွေ သယ်ဆောင်လာနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယခုနှစ်တွင် အမေရိကန် စိုက်ပျိုးရေးထုတ်ကုန်အသင်းအဖွဲ့ပေါင်း ၁၃ ခုက တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ပါဝင်ပြသခဲ့ပြီး ပဲပုပ်၊ ပြောင်းဖူး၊ နို့ထွက်ပစ္စည်း၊ အသား စသည့်ကဏ္ဍများ ပါဝင်ကြောင်း Jim Sutter က မိတ်ဆက်ပြောကြားခဲ့သည်။ မျက်နှာချင်းဆိုင် ကူးလူးဖလှယ်မှုသည် ယုံကြည်မှုကို တည်ဆောက်နိုင်ကြောင်း၊ CIIE ၌ ပါဝင်ပြသခြင်းသည် တရုတ်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များထံ တိကျသော သတင်းစကားပါးသည့် အခွင့်အရေးဖြစ်ကြောင်း၊ “ကျွန်တော်တို့ဒီနေရာမှာ ရှိနေဆဲဖြစ်ပြီး တရုတ်ဈေးကွက်ကို အလေးထားဆဲဖြစ်ပါတယ်” ဟု ၎င်းက အလေးထား ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
美国大豆出口协会负责人:中国市场无可替代
新华社纽约11月6日电(记者杨士龙)美国大豆出口协会首席执行官吉姆·萨特日前接受新华社记者采访时表示,美国大豆行业始终将中国视为“最重要、最值得珍惜的市场”,“中国市场无可替代”。
“中国是美国大豆出口最难以替代的市场。”萨特对记者说,“我们珍视并感谢中国市场带来的机遇,也相信这种关系值得我们继续投入。”
萨特表示,美国大豆出口协会1982年进入中国市场,从那时起就与中方伙伴建立了非常良好的合作关系。如今协会在中国拥有近20人的常驻团队,长期与行业伙伴在可持续生产、供应链管理等领域开展合作。
萨特说,他对未来美中两国合作前景感到乐观,期盼中美农业合作重回正轨。“农业一直是连接两个国家的桥梁。在这个充满不确定性的时代,我们要做的是继续让这座桥更坚固,而不是让它坍塌。”
他高度评价中国持续推进高水平对外开放,进博会就是一个很好的例证。“这是明智的方向。中国与世界在许多领域可以相互促进,以互利方式合作能带来巨大共同利益。”
萨特介绍,今年共有13个美国农业商品协会联合参展进博会,涵盖大豆、玉米、乳制品、肉类等领域。他强调,面对面的交流更能建立信任,参展进博会是向中国合作伙伴传递明确信号的机会,“我们依然在这里,依然重视中国市场”。(完)
图说:9月29日,在内蒙古自治区兴安盟扎赉特旗音德尔镇,扎赉特旗雨之润农牧业专业合作社工作人员查看即将收获的大豆品质。新华社记者 马宁 摄