North America
တောင်အာဖရိက၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့ အမေရိကန် အစိုးရအရာရှိများ တက်ရောက်မည်မဟုတ်ဟု ထရမ့် ဆို
ဝါရှင်တန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
အမေရိကန် အစိုးရအရာရှိများအနေဖြင့် နိုဝင်ဘာ လကုန်ပိုင်းတွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးအား တက်ရောက်မည်မဟုတ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က လူမှုမီဒီယာ၌ တောင်အာဖရိကအစိုးရအား ထပ်မံဝေဖန်ပြောကြားခဲ့ပြီး တောင်အာဖရိက၏ လူနည်းစု လူဖြူလူမျိုးဖြစ်သော Afrikaners များသည် “အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ ကြုံတွေ့နေရပြီး မြေယာနဲ့ စိုက်ခင်းတွေ တရားမဝင် သိမ်းယူခံနေရတယ်” ဟု ဆိုခဲ့သည်။ ၎င်းအနေဖြင့် အမေရိကန်က လာမည့်နှစ်တွင် ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့၌ ကြီးမှူးကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးအား မျှော်လင့်လျက်ရှိကြောင်း ထရမ့်က တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။
တောင်အာဖရိကအစိုးရသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတကာတရားရုံးထံသို့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ၌ လူမျိုးသုဉ်းသတ်ဖြတ်မှု လုပ်ဆောင်နေသည်ဟု တရားစွဲဆိုခဲ့သောကြောင့် အမေရိကန်ကို ထိပါးမိခဲ့သည်။ ယခုနှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် ဆက်တိုက်တင်းမာခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် ထရမ့်က တောင်အာဖရိကထံ ကူညီပေးအပ်ခြင်းအား ရပ်ဆိုင်းသည့် အမိန့်စာအား လက်မှတ်ရေးထိုးခဲ့သည်။
မေလတွင် ထရမ့်က အိမ်ဖြူတော်၌ တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa နှင့် တွေ့ဆုံစဉ်တွင် ရုတ်တရက် ဗီဒီယိုအချို့နှင့် ပိုစတာအချို့ပြသပြီး တောင်အာဖရိကတွင် “လူဖြူများကို ပစ်မှတ်ထားသည့် လူမျိုးသုဉ်းသတ်ဖြတ်မှု” ဖြစ်ပွားနေသည်ဟု ပြစ်တင်ပြောကြားခဲ့သည်။ Cyril Ramaphosa က ထိုနေရာတွင်ပင် ငြင်းဆိုခဲ့ပြီး တောင်အာဖရိကရှိ လူဖြူများသည် အကြမ်းဖက်မှုနှင့် “လူမျိုးခွဲခြားရေးဝါဒ” တရားဥပဒေမှ ကင်းလွတ်အောင် ထွက်ပြေးနေရသည်ဟူသော ပြောဆိုချက်သည် အခြေအမြစ်မရှိကြောင်း ထောက်ပြပြောကြားခဲ့သည်။
ထရမ့်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်သည့် ဘဏ္ဍာနှစ်အသစ်တွင် အမေရိကန်က လက်ခံသည့် တစ်နှစ်တာ ဒုက္ခသည်အရေအတွက် အများဆုံးကန့်သတ်ချက်ကို ၇,၅၀၀ ခန့် သတ်မှတ်လိုက်ပြီး ၎င်းအနက် အရေအတွက်အများစုကို တောင်အာဖရိကနိုင်ငံမှ Afrikaners လူမျိုးများကို ပေးအပ်ထားကြောင်း အောက်တိုဘာလတွင် အမေရိကန်မီဒီယာများက အသီးသီး သတင်းဖော်ပြခဲ့သည်။ (Xinhua)
——————
(Chinese Version)
特朗普说美政府官员将缺席南非举办的二十国集团峰会
新华社华盛顿11月7日电(记者徐剑梅)美国总统特朗普7日说,美国政府官员不会参加定于本月下旬在南非约翰内斯堡举行的二十国集团峰会。
特朗普在社交媒体上再度抨击南非政府,称南非少数白人族裔阿非利卡人“正在遭遇暴力屠戮,土地和农场被非法没收”。特朗普同时表示,他期待美国明年在佛罗里达州迈阿密主办二十国集团峰会。
南非政府因2023年12月向国际法院起诉以色列在加沙地带实施种族灭绝而开罪美国。今年以来,两国关系一直紧张。今年2月,特朗普签署行政令停止向南非提供援助,5月,特朗普在白宫会见南非总统拉马福萨时突然展示一些视频和剪报,指责南非正出现“针对白人的种族屠杀”。拉马福萨当场否认,指出所谓南非白人正逃离暴力和“种族主义”法律的说法站不住脚。
10月,美国媒体纷纷报道说,特朗普政府把2025年10月1日开始的新财年里,美国接收难民人数年度上限设为约7500人,其中大部分名额将给予南非阿非利卡人。(完)
图说:5月21日,美国总统特朗普(右)在华盛顿白宫迎接到访的南非总统拉马福萨(中)。新华社记者胡友松摄
