Connect with us

North America

အမေရိကန်တွင် တစ်ရက်အတွင်း လေကြောင်းခရီးစဉ် တစ်ထောင်ကျော် ဖျက်သိမ်း၊ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် လေကြောင်းပို့ဆောင်ရေးအင်အား ၂၀ ရာခိုင်နှုန်း လျော့ကျသွားစေနိုင်

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်မြို့ရှိ ရေဂင်အမျိုးသားလေဆိပ်ကို နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

အမေရိကန် ဖက်ဒရယ် အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် နိုဝင်ဘာ ၇ ရက်တွင် ၃၈ ရက်မြောက်နေ့သို့ ရောက်ရှိလာကာ အဆိုပါနေ့၌ အမေရိကန်တွင် လေကြောင်းခရီးစဉ် တစ်ထောင်ကျော်ကို ဖျက်သိမ်းခဲ့သည်။ အကယ်၍ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက အစိုးရအနေဖြင့် လေကြောင်းလိုင်းကုမ္ပဏီများအား လေယာဉ်ခရီးစဉ်များ၏ ၂၀ ရာခိုင်နှုန်းကျော် အထိ လျှော့ချရန် မဖြစ်မနေ တောင်းဆိုရနိုင်ခြေရှိသည်ဟု အမေရိကန် ပို့ဆောင်ရေးဝန်ကြီး Sean Duffy က ပြောကြားခဲ့သည်။

အမေရိကန် ပြည်တွင်းနှင့် ပြည်ဝင်ပြည်ထွက် လေယာဉ်ခရီးစဉ်အကြိမ်ရေ ၁၀၀၀ ကို ဖျက်သိမ်းခဲ့ပြီး ယင်းမှာ နိုဝင်ဘာ ၆ ရက်တွင် ဖျက်သိမ်းခဲ့သည့် အရေအတွက်၏ ၄ ဆ ရှိကြောင်း အမေရိကန် အရှေ့ပိုင်းစံတော်ချိန် နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီ ၅၉ မိနစ်တွင် လေကြောင်းလိုင်း ခြေရာခံ ဝက်ဘ်ဆိုက်အချက်အလက်များတွင် ဖော်ပြထားသည်။ ဤအရေအတွက်သည် နောက်ပိုင်းတွင် ဆက်လက်မြင့်တက်နေခဲ့ပြီး အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ညနေ ၅ နာရီခွဲအထိ နောက်ထပ် အမေရိကန် ပြည်တွင်းနှင့် ပြည်ဝင်ပြည်ထွက် လေယာဉ်ခရီးစဉ်အကြိမ်ရေ ၄၄၅၇ ခု လည်း နှောင့်နှေးခဲ့ကြောင်း သိရသည်။

အမေရိကန် ပို့ဆောင်ရေးဝန်ကြီးဌာနက အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကာလအတွင်း လေယာဉ်ခရီးစဉ် လျှော့ချရေးအစီအမံများ လုပ်ဆောင်ခြင်းသည် “မကြုံစဖူး” ဖြစ်ကြောင်း အမေရိကန် မီဒီယာများက ဆိုခဲ့သည်။ လေယာဉ်ခရီးစဉ်လျှော့ချမှုများသည် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် နိုဝင်ဘာ ၇ ရက် နံနက် ၆ နာရီတွင် စတင်ခဲ့ပြီး အဓိကအားဖြင့် အမေရိကန်လေကြောင်းလိုင်းကုမ္ပဏီကြီး လေးခုဖြစ်သည့် American Airlines ၊ Delta Air Lines ၊ Southwest Airlines နှင့် United Airlines တို့၏ ချီကာဂို၊ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်၊ နယူးဝက်ခ်နှင့် ဒန်ဗား စသည့် အဓိကလေဆိပ်များတွင် ပြေးဆွဲသော လေယာဉ်ခရီးစဉ်များ ပါဝင်ကြောင်း အမေရိကန် မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။

အစိုးရယန္တရား “ရပ်ဆိုင်းမှု” စတင်ချိန်မှစ၍ လေကြောင်းပို့ဆောင်ရေး ထိန်းချုပ်မှုဝန်ထမ်းများ မလုံလောက်မှုကြောင့် လေကြောင်းခရီးစဉ်များ အပြင်းအထန် နှောင့်နှေးခြင်း၊ ဖျက်သိမ်းရသည်အထိ ဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာ ၇ ရက်မှစ၍ အမေရိကန်နိုင်ငံတစ်ဝန်းရှိ လူစည်ကားသော လေဆိပ် ၄၀ ခု၏ ပို့ဆောင်စွမ်းရည် ၁၀ ရာခိုင်နှုန်းကို လျှော့ချမည်ဟု Duffy က နိုဝင်ဘာ ၅ ရက်တွင် ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံ ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲမှု ဦးစီးဌာန (FAA) က လေကြောင်းလိုင်းကုမ္ပဏီများအား ပြည်တွင်းလေကြောင်းခရီးစဉ်များကို တဖြည်းဖြည်းလျှော့ချရန်၊ နိုဝင်ဘာ ၇ ရက်တွင် ဦးစွာ ၄ ရာခိုင်နှုန်း လျှော့ချရန်၊ အကယ်၍ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက်ဖြစ်ပွားနေပါက လျှော့ချမှုပမာဏကို နိုဝင်ဘာ ၁၁ ရက်တွင် ၆ ရာခိုင်နှုန်းအထိလည်းကောင်း၊ နိုဝင်ဘာ ၁၄ ရက်တွင် ၁၀ ရာခိုင်နှုန်းအထိလည်းကောင်း တိုးမြှင့်ရန် နိုဝင်ဘာ ၆ ရက်က အမိန့်ပေးခဲ့သည်။

အကယ်၍ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက်ဖြစ်ပွားနေမည်ဆိုလျှင် အမေရိကန်နိုင်ငံတစ်ဝန်း လေယာဉ်ခရီးစဉ် ဖျက်သိမ်းမှုနှုန်းသည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိပင် မြင့်တက်လာနိုင်ခြေရှိကြောင်း Duffy က မြို့တော်ဝါရှင်တန်၌ နိုဝင်ဘာ ၇ ရက်တွင် FOX သတင်းဌာန၏ မေးမြန်းမှုကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့သည်။
American Airlines ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Robert Isom က လေယာဉ်ခရီးစဉ် လျှော့ချမှုများသည် အချိန်နှင့်အမျှ တိုးလာမည်ကို စိုးရိမ်းနေပြီး “ဒါက ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်” ဟူ၍ ဆိုခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်မြို့၊ ရေဂင်အမျိုးသားလေဆိပ်ရှိ လေကြောင်းခရီးစဉ် အချက်အလက်ပြသသည့် ဖန်သားပြင်ကို နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….

(Chinese Version)
美国单日上千航班取消 政府“停摆”或致航空运力削减20%
新华社华盛顿11月7日电(记者杨伶 熊茂伶)美国联邦政府“停摆”7日进入第38天,当天美国有上千架次航班被取消。交通部长达菲说,如果“停摆”持续,政府可能不得不要求航空运营商削减多达20%的航班。
美国东部时间7日16时59分,航班跟踪网站数据显示,美国内和出入境航班已有1000架次被取消,是6日的四倍。这一数字之后继续上升。截至美东时间17时30分,美国内和出入境航班还有4457架次延误。
美国媒体称交通部在政府“停摆”期间采取航班削减措施“史无前例”。据美媒报道,航班削减于美东时间7日6时开始,主要涉及美国四大航空运营商即美国航空公司、达美航空公司、西南航空公司、联合航空公司在芝加哥、旧金山、洛杉矶、纽瓦克、丹佛等主要机场的航班。
政府“停摆”以来,空中交通管制员短缺造成航班严重延误甚至取消。达菲5日宣布,7日起削减全美40座繁忙机场10%的运力。联邦航空局6日命令航空运营商逐步削减国内航班,7日先削减4%,如果“停摆”持续,削减幅度到11日上升至6%,到14日将升至10%。
达菲7日在首都华盛顿接受福克斯新闻台采访时表示,如果政府“停摆”持续,全美航班取消率可能上升到15%甚至20%。
美国航空公司首席执行官罗伯特·艾瑟姆担心,航班削减随着时间推移而增加,“这将成为一个问题”。(完)
图说1:这是11月7日拍摄的美国弗吉尼亚州阿灵顿的里根国家机场。新华社记者 胡友松 摄
图说2:这是11月7日在美国弗吉尼亚州阿灵顿拍摄的里根国家机场航班信息显示屏。新华社记者 胡友松 摄