Connect with us

North America

ထရမ့် မှတ်တမ်းရုပ်ရှင် အငြင်းပွားမှုကြောင့် BBC အဆင့်မြင့်အရာရှိနှစ်ဦး ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာ

အမေရိကန်သမ္မတ ထရမ့်က မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် သတင်းထောက်များ မေးမြန်းမှုအား ဖြေကြားနေသည်ကို စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ‌နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ဗြိတိသျှ ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်း (BBC – ဘီဘီစီ) ညွှန်ကြားရေးမှူးချုပ် Tim Davie နှင့် သတင်းဌာန၏ အမှုဆောင်အရာရှိချုပ် Deborah Turness တို့သည် နိုဝင်ဘာ ၉ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ မကြာသေးမီရက်များတွင် ၎င်းဌာနကထုတ်လွှင့်သော မှတ်တမ်းရုပ်ရှင်တစ်ခုသည် အမေရိကန်သမ္မတ ထရမ့်၏ မိန့်ခွန်းများကို တည်းဖြတ်ခြင်းဖြင့် ကြည့်ရှုသူများကို လှည့်ဖြားသည်ဟု စွပ်စွဲခံရသောကြောင့် ယင်းမီဒီယာဌာနသည် ဝေဖန်မှုနှင့် အိမ်ဖြူတော်၏ ပြစ်တင်ရှုတ်ချမှုများ ခံခဲ့ရသည်။

Davie က ဘီဘီစီသည် “အမှားအယွင်းတချို့ကို လုပ်မိခဲ့တယ်” ၊ ၎င်းအနေဖြင့် “နောက်ဆုံးတာဝန်ကို မဖြစ်မနေ တာဝန်ယူရမှာဖြစ်တယ်” ဟု နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့သည်။
Turness က ဤမှတ်တမ်းရုပ်ရှင်နှင့် ပတ်သက်သည့် စဉ်ဆက်မပြတ် အငြင်းပွားမှုများသည် ဘီဘီစီကို ထိခိုက်စေခဲ့ပြီး “တာဝန်ယူမှုကတော့ ကျွန်တော့်ဆီမှာဖြစ်တယ်” ဟု နုတ်ထွက်စာ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
Davie နှင့် Turness တို့သည် ဤမှတ်တမ်းရုပ်ရှင်ကြောင့် ဝေဖန်မှုများ ဖြစ်ပေါ်လာသည့်အခြေအနေတွင် ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဘီဘီစီက ဤသတင်းထုတ်ပြန်စဉ်တွင် ဖော်ပြခဲ့သည်။

ဘီဘီစီ၏ အတွင်းရေးမှတ်စု၏ အကြောင်းအရာအချို့ကို ဗြိတိန် “The Daily Telegraph” ၏ အွန်လိုင်းဗားရှင်းက နိုဝင်ဘာ ၃ ရက်တွင် သီးသန့်ဖော်ထုတ်ခဲ့သည်။ ဘီဘီစီ၏ Panorama အစီအစဉ်တွင် ပြီးခဲ့သောနှစ်က ထုတ်လွှင့်ခဲ့သော “ထရမ့် – ဒုတိယအခွင့်အရေးလား” (Trump : A Second Chance?) မှတ်တမ်းရုပ်ရှင်တွင် ထရမ့် မိန့်ခွန်းပြောကြားနေသည့် ဗီဒီယိုအပိုင်းနှစ်ပိုင်းကို ပေါင်းစပ်ထားသောကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်က အမေရိကန်လွှတ်တော်အဆောက်အအုံ အဓိကရုဏ်းဖြစ်မှုတွင် ထရမ့်က ၎င်း၏ထောက်ခံသူများပါဝင်ရန် လှုံ့ဆော်နေဟန်ဖြစ်အောင် ပြုလုပ်ထားကြောင်း ထိုအတွင်းရေးမှတ်စုတွင် ဖော်ပြထားသည်။

လတ်တလောရက်ပိုင်းတွင် အမေရိကန် အိမ်ဖြူတော်က ဘီဘီစီသည် “ဝါဒဖြန့်ချိရေးစက်ရုပ်” ဖြစ်သည်ဟု ရှုတ်ချခဲ့သည်။ အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က ဘီဘီစီသည် “ရာနှုန်းပြည့် သတင်းအတု” မီဒီယာဖြစ်သည်ဟု နိုဝင်ဘာ ၇ ရက်တွင် ထုတ်လွှင့်ခဲ့သော မေးမြန်းမှုတစ်ခုတွင် ဆိုခဲ့သည်။ ထရမ့်သည် လူမှုမီဒီယာပေါ်တွင် Davie နှင့် Turness တို့ ရာထူးမှနုတ်ထွက်သည့် သတင်း screenshot များကို နိုဝင်ဘာ ၉ ရက်တွင် ဆက်တိုက်တင်ခဲ့ပြီး ၎င်းတို့အား “အကျင့်ပျက်ခြစားသော သတင်းထောက်များ” ဖြစ်သည်၊ အမေရိကန်သမ္မတရွေးကောက်ပွဲကို စွက်ဖက်ရန်ကြိုးစားခဲ့သည်ဟု ဆိုခဲ့သည်။ ပိုဆိုးသည်မှာ ၎င်းတို့သည် အမေရိကန်အများအပြားက “နံပါတ်တစ်မဟာမိတ်” အဖြစ်ရှုမြင်သော ဗြိတိန်နိုင်ငံမှ လာခြင်းဖြစ်သည်ဟု ထရမ့်က ဖြည့်စွက်ဖော်ပြခဲ့သည်။

Panorama အစီအစဉ်၏ ဤဖြစ်ရပ်သည် “အလွန်ဆိုးရွား” သော်လည်း ဘီဘီစီအနေဖြင့် “အလွန်ပြင်းထန်တဲ့ ပြစ်တင်မှု” များစွာကို ရင်ဆိုင်ရဦးမည်ဖြစ်ပြီး ယင်းအနက် အဆိုးရွားဆုံးမှာ “အကဲဆတ်တဲ့ပြဿနာတွေကို သတင်းထုတ်ပြန်တဲ့အခါ စနစ်တကျ ဘက်လိုက်မှုရှိနေတာပါပဲ” ဟု ဗြိတိန် ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားဝန်ကြီး Lisa Nandy က နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

ဘီဘီစီ၏ သတင်းတင်ဆက်မှုများသည် လတ်တလောနှစ်များတွင် အငြင်းပွားမှုနှင့် ဝေဖန်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး နေ့စဉ်နှင့်အမျှ အစွန်းရောက် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်လာနေသော နိုင်ငံရေးနှင့် လူမှုရေးပတ်ဝန်းကျင်တွင် လျှောက်လှမ်းရန် ခက်ခဲလှကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ (Xinhua)

………………………..
(Chinese Version)
BBC两名高管因特朗普纪录片争议宣布辞职
新华社伦敦11月9日电(记者赵家淞)英国广播公司(BBC)总裁蒂姆·戴维和新闻部门首席执行官德博拉·特尼斯9日宣布辞职。连日来,因其播出的一部纪录片被指通过剪辑美国总统特朗普的讲话误导观众,这家媒体受到批评和美国白宫谴责。
戴维9日在一份声明中说,英国广播公司“犯了一些错误”,他“不得不承担最终责任”。特尼斯在辞职声明中表示,围绕这部纪录片的持续争议已经损害到了英国广播公司,“责任在我”。
英国广播公司在报道这一消息时表示,戴维和特尼斯是在这部纪录片引发批评的背景下决定辞职。
英国《每日电讯报》网络版3日独家披露一份英国广播公司内部备忘录的部分内容。备忘录显示,英国广播公司《全景》栏目去年播出的纪录片《特朗普:第二次机会?》将特朗普讲话的两个片段拼接在一起,从而让特朗普看起来似乎是在煽动支持者参与2021年1月6日的美国国会大厦骚乱事件。
美国白宫近日谴责英国广播公司是“宣传机器”。白宫发言人莱维特在7日播发的一篇采访中称英国广播公司是“百分之百的假新闻”媒体。特朗普9日在社交媒体上连续发布戴维和特尼斯辞职的新闻截图,称他们是“腐败的记者”、曾试图干预美国总统选举。特朗普还表示,更糟糕的是,他们来自被许多美国人视为“头号盟友”的英国。
英国文化、媒体和体育大臣莉萨·南迪9日表示,《全景》栏目这一事件“非常严重”,但英国广播公司还面临一系列“非常严重的指责”,其中最严重的是“报道棘手问题时存在系统性偏见”。
英国媒体说,英国广播公司的报道近年来多次引发争议和批评,在日益极化对立的政治和社会环境中举步维艰。(完)
9月26日,美国总统特朗普在首都华盛顿白宫回答记者提问。新华社记者 胡友松 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.