Connect with us

North America

အမေရိကန် အထက်လွှတ်တော်က ယာယီအသုံးစရိတ်ဥပဒေကြမ်းကို တွန်းအားပေးဆောင်ရွက်

အမေရိကန် မြို့တော် ဝါရှင်တန်တွင် အမေရိကန်လွှတ်တော် အဆောက်အဦအား နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန် အထက်လွှတ်တော်က ဒေသစံတော်ချိန် နိုဝင်ဘာ ၉ ရက် ညပိုင်းတွင် ဖက်ဒရယ်အစိုးရ ယာယီအသုံးစရိတ် ဥပဒေကြမ်းတစ်ရပ်ကို တွန်းအားပေးဆောင်ရွက်ခဲ့သည်။ ဤဥပဒေကြမ်းသည် လုပ်ငန်းစဉ်အရ မဲပေးမှုတွင် တွန်းအားပေးဆောင်ရွက်ရန် လိုအပ်သည့် ထောက်ခံမဲ ၆၀ ရရှိခဲ့ရာ ဆိုလိုသည်မှာ ယင်းသည် တရားဝင်မဲပေးမှုတွင် အတည်ပြုခံရရန် အလားအလာများနေသည်။ လက်ရှိအချိန်တွင် အမေရိကန် ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် စံချိန်တင် ၄၁ ရက်အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အဆိုပါည ၁၁ နာရီခန့်တွင် အထက်လွှတ်တော်သည် ထောက်ခံမဲ ၆၀ ၊ ကန့်ကွက်မဲ ၄၀ ရလဒ်ဖြင့် လုပ်ငန်းစဉ်အရ မဲပေးမှုကို အောင်မြင်ခဲ့ပြီး အသုံးစရိတ်ဥပဒေကြမ်းအား ကဖျက်ယဖျက်လုပ်သည့် လုပ်ငန်းစဉ်ကို အဆုံးသတ်လိုက်သည်။ ရီပတ်ဘလစ်ကန်ပါတီသည် အထက်လွှတ်တော်တွင် အမတ်နေရာ ၅၃ နေရာကို ပိုင်ဆိုင်ထားသောကြောင့် ဤအစီအစဉ်ကို ဒီမိုကရက်တစ်ပါတီမှ အမတ်များစွာက ထောက်ခံကြောင်း မဲပေးမှုရလဒ်က ပြသနေသည်။
ဤအစီအစဉ်သည် လက်ရှိအဆင့်အရ ဖက်ဒရယ်အဖွဲ့အစည်းအများစုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ အသုံးစရိတ်ထောက်ပံ့သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးဝန်ကြီးဌာန၊ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန၊ စစ်ဘက်ဆောက်လုပ်ရေး စီမံကိန်းများနှင့် လွှတ်တော်လည်ပတ်မှုတို့အတွက် ဘဏ္ဍာရေးနှစ် တစ်ခုလုံးစာ အသုံးစရိတ်များ ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ဤအစီအစဉ်အရ “ဖြည့်စွက်အာဟာရ ကူညီရေးအစီအစဉ်” သည် တစ်နှစ်လုံးစာ အသုံးစရိတ်ရရှိမည်ဖြစ်သည်။ ဝင်ငွေနည်းအုပ်စုအား ဦးတည်သော အဆိုပါလူမှုဖူလုံရေးအစီအစဉ်သည် ယာယီ “စားနပ်ရိက္ခာပြတ်တောက်” လျက်ရှိသောကြောင့် မကြာသေးမီရက်များတွင် ဘက်အသီးသီးက စိုးရိမ်ပူပန်ခဲ့ကြသည်။
အစိုးရယန္တရား “ရပ်ဆိုင်းမှု” အဆုံးသတ်ရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည့် လက်လှမ်းမီသော ဆေးကုသပေးရေးဆိုင်ရာ ဥပဒေ၏ တိုးမြှင့်ထောက်ပံ့ကြေးအား သက်တမ်းတိုးရန်အတွက် မဲပေးမှုကို ဒီဇင်ဘာလ ဒုတိယအပတ်ထက် နောက်မကျစေဘဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အထက်လွှတ်တော်၏ လူများစုပါတီခေါင်းဆောင်၊ ရီပတ်ဘလစ်ကန်ပါတီဝင် John Thune က ဒီမိုကရက်တစ်ပါတီဝင်များထံ ကတိပြုခဲ့သည်။
ဤအဓိကကျသော လုပ်ငန်းစဉ်အရ မဲပေးမှုအပြီးတွင် အဆိုပါဥပဒေကြမ်းသည် အထက်လွှတ်တော်၏ နောက်ဆုံးမဲခွဲဆုံးဖြတ်မှုအတွင်း အတည်ပြုခံရရန် အလားအလာများပေသည်။ ဤဥပဒေကြမ်းသည် ယင်းမတိုင်မီ အထက်လွှတ်တော်က အတည်ပြုထားသော ဗားရှင်းအား ပြင်ဆင်ထားခြင်းဖြစ်ရာ အထက်လွှတ်တော်က အတည်ပြုပြီးနောက် အောက်လွှတ်တော်၏ အတည်ပြုချက် လိုအပ်နေဆဲဖြစ်ပြီး လက်မှတ်ရေးထိုးရန် သမ္မတထံ တင်ပြရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်၏ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက်ဖြစ်ပွားမှုက ဆောင်ကြဉ်းလာသော ရိုက်ခတ်မှုများသည် နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလာပေသည်။ နိုဝင်ဘာ ၉ ရက် တစ်နေ့တည်းတွင် အမေရိကန် ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ်အကြိမ်ရေ ၂,၉၀၀ နီးပါး ဖျက်သိမ်းခံရပြီး လေယာဉ်ခရီးစဉ်အကြိမ်ရေ ၁၀,၀၀၀ ကျော် နှောင့်နှေးခဲ့ရကြောင်း လေကြောင်းလိုင်း ခြေရာခံ ဝက်ဘ်ဆိုက်အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)

……………………
(Chinese Version)
美国会参议院推进临时拨款法案
新华社华盛顿11月9日电(记者熊茂伶 杨伶)当地时间9日晚,美国国会参议院推进一项联邦政府临时拨款法案。这一法案在程序性投票中获得了推进所需的60票支持,意味着它大概率将在正式投票中获得通过。目前,美国联邦政府“停摆”已进入创纪录的41天。
当晚11时许,参议院以60票支持、40票反对的结果通过程序性投票,结束对拨款法案的“阻挠议事”。由于共和党在参议院拥有53个席位,这一投票结果表明,多名民主党议员对该方案予以支持。
该方案将按现有水平为大部分联邦机构提供资金至2026年1月30日,并为农业部、退伍军人事务部及军事建设项目,以及国会运作提供整个财政年度的经费。根据该方案,“补充营养援助计划”将获得全年资金。这一针对低收入群体的福利项目暂时“断粮”日前引发各方担忧。
作为结束“停摆”协议的一部分,参议院多数党领袖、共和党人约翰·图恩向民主党人承诺,最迟在12月第二周,将就延长即将于年底到期的《平价医疗法案》加强型补贴进行投票。
这一关键程序性投票之后,该法案大概率将在参议院的最终投票中获得通过。这一法案根据众议院此前通过的版本修订而成,经参议院通过后,仍需众议院批准,并送交总统签署。
与此同时,美国持续的政府“停摆”带来的冲击日益加剧。航班跟踪网站数据显示,9日当天,美国国内和出入境航班有近2900架次被取消,超过一万架次航班延误。(完)
图说:这是11月9日在美国首都华盛顿拍摄的美国国会大厦。新华社记者 胡友松 摄