Connect with us

Asia

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မော်တော်ကားပေါက်ကွဲမှုကြောင့် လူ ၁၀ ဦး သေဆုံး

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် မော်တော်ကားပေါက်ကွဲမှု ဖြစ်ပွားရာနေရာ အနီးနားတွင် ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများ စုဝေးနေကြသည်ကို နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီရှိ Red Fort မြေအောက်ရထားဘူတာအနီးတွင် နိုဝင်ဘာ ၁၀ ရက် ညပိုင်းက မော်တော်ကားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးကာ လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နယူးဒေလီ၊ မွမ်ဘိုင်း စသည့် မြို့များတွင် သတိပေးအဆင့်ကို မြှင့်တင်ခဲ့သည်။

Red Fort သည် အိန္ဒိယနိုင်ငံ နာမည်ကျော် ခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပြီး အနီးပတ်ဝန်းကျင်တွင် လူသွားလာမှု ထူထပ်သည်။ အခင်းဖြစ်ပွားရာ မြင်ကွင်းဗီဒီယိုများအရ ပေါက်ကွဲမှုအပြီး မော်တော်ကားများစွာ မီးလောင်ကျွမ်းခဲ့ပြီး အနီးအနားရှိ အဆောက်အဦများနှင့် မော်တော်ယာဉ်များ၏ ပြတင်းပေါက်မှန်များ တုန်ခါမှုကြောင့် ကွဲကြေခဲ့ကြောင်း တွေ့ရသည်။ နယူးဒေလီရဲတပ်ဖွဲ့သည် ယင်းနောက် အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ပြီး ဒဏ်ရာရရှိသူများကို အနီးနားရှိဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာသို့ အနည်းဆုံး မီးသတ်ကား ၇ စီး လာရောက် ပါဝင်ကယ်ဆယ်ခဲ့သည်။ နယူးဒေလီရဲတပ်ဖွဲ့က ပေါက်ကွဲမှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့်အနေအထားကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြောကြားခဲ့သည်။
နယူးဒေလီ၊ မွမ်ဘိုင်း စသည့် မြို့များတွင် အထူးသတိပေးမှု အခြေအနေသို့ ရောက်ရှိကြောင်း ကြေညာခဲ့ပြီး ဒေသခံရဲတပ်ဖွဲ့သည် အဓိကနေရာများတွင် လုံခြုံရေးအင်အားကို တိုးမြှင့်ထားကြောင်း အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် မော်တော်ကားပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ လူနာတင်ကားများ ရောက်ရှိလာသည်ကို နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)
印度新德里汽车爆炸事件已致10人死亡
新华社新德里11月10日电 据印度媒体报道,印度首都新德里红堡地铁站附近10日晚发生一起汽车爆炸事件,已造成至少10人死亡、多人受伤。爆炸发生后,新德里、孟买等城市提升警戒级别。
红堡是印度著名旅游景点,周边人流密集。现场视频显示,爆炸后有多辆汽车起火,附近建筑物和车辆的玻璃被震碎。新德里警方随后封锁事发区域,伤者被送往附近医院,至少7辆消防车赶赴现场参与救援。新德里警方表示,爆炸原因还在调查中,爆炸性质仍不明确。
据印度媒体报道,新德里、孟买等城市已宣布进入高度警戒状态,当地警方加强了重点区域的安保力量。(完)
图说1:11月10日,在印度新德里,警察和消防员聚集在汽车爆炸事发地点周围。新华社发
图说2:11月10日,在印度新德里,救护车抵达汽车爆炸事发地点。新华社发