Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ မြို့တော်၌ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်ရှိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်၌ နိုဝင်ဘာ ၁၁ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူ ၁၂ ဦး သေဆုံး၍ ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ အစိုးရအရာရှိက ထိုနေ့တွင် ပြောကြားခဲ့သည်။ လက်ရှိအချိန်ထိ အဆိုပါတိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသားများ ထိခိုက်သေဆုံးသော အစီရင်ခံတင်ပြမှု မရှိသေးကြောင်း ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထိုနေ့တွင် သတင်းထောက်အား အတည်ပြုခဲ့သည်။

ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၃၉ မိနစ်ခန့်တွင် အသေခံဗုံးခွဲတိုက်ခိုက်သူတစ်ဦးက အစ္စလာမ်မာဘတ် ဒေသန္တရတရားရုံး တရားစီရင်ရေးအဆောက်အဦ အနီးတစ်ဝိုက်တွင် ခန္ဓာကိုယ်ပေါ်ရှိဗုံးများကို ဖောက်ခွဲခဲ့ရာ လူထိခိုက်သေဆုံးမှု ဖြစ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးဝန်ထမ်းများက အချင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ အချို့သောဒဏ်ရာရသူများသည် ဒဏ်ရာပြင်းထန်သဖြင့် သေဆံးသူလူဦးရေ မြင့်တက်လာနိုင်ကြောင်း ပါကစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Mohsin Naqvi က ပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ မီဒီယာများအား ပြောကြားခဲ့သည်။
ကနဦးစစ်ဆေးချက်အရ တိုက်ခိုက်သူသည် မူလက တရားစီရင်မှုအဆောက်အဦထဲဝင်ရောက်၍ တိုက်ခိုက်မှု လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း လုံခြုံရေးတင်းကျပ်မှုကြောင့် မအောင်မြင်ခဲ့ကြောင်း၊ ထို့နောက် အဆောက်အဦအပြင် ရဲကားတစ်စီးအနီးတစ်ဝိုက်၌ ဗုံးခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် ယာဉ်အများအပြား မီးလောင်ပျက်စီးမှု ဖြစ်ခဲ့ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့က တရားစီရင်ရေးအဆောက်အဦ အတွင်းအပြင်ရှိလူများကို ထွက်ခွာသွားခိုင်းခဲ့ပြီး အဆိုပါဒေသ၌ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း အစ္စလာမ်မာဘတ် ဒေသန္တရရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားရာနေရာ၌ မျက်မြင်တွေ့မြင်သူ ရှေ့နေ Malik Khalid Khan က တိုက်ခိုက်မှုသည် တရားရုံးခေတ္တရပ်နားချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အဆောက်အဦအတွင်းမှ ထွက်ခွာနေသူ လူအများအပြားရှိသောကြောင့် ထိခိုက်သေဆုံးသူ အရေအတွက် အတန်အသင့်များပြားကြောင်း ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။
လက်ရှိအချိန်ထိ အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ယူကြောင်း ကြေညာမှုမရှိသေးပေ။ သို့သော် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် Tehreek-e-Taliban Pakistan (TTP) က အဆိုပါတိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပါကစ္စတန် လုံခြုံရေးဌာန သတင်းအရင်းအမြစ်က ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့အစည်းသည် အာဖဂန်နစ္စတန်ပြည်တွင်း၌ ခိုအောင်း၍ တိုက်ခိုက်မှုအား စီစဉ်ရေးဆွဲခြင်းဖြစ်သည်ဟုလည်း အဆိုပါသတင်းအရင်းအမြစ်က ပြစ်တင်ပြောကြားခဲ့သည်။
ထို့ပြင် ပါကစ္စတန်စစ်တပ် ပြန်ကြားရေးဌာနက နိုဝင်ဘာ ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ စစ်တပ်သည် Tehreek-e-Taliban Pakistan (TTP) ၏ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် South Waziristan ဒေသရှိ စစ်တက္ကသိုလ်အား ဦးတည်သည့် တိုက်ခိုက်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ တိုက်ခိုက်သူသည် ဗုံးအပြည့်တင်ဆောင်ထားသောကားဖြင့် စစ်တက္ကသိုလ် တံခါးမကြီးအား တိုက်ဝင်ခဲ့ကြောင်း၊ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တုံ့ပြန်ခဲ့ရာ လက်နက်ကိုင်အဖွဲ့ဝင်နှစ်ဦးသည် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ လက်ရှိတွင် အခြားသူ ၃ ဦးအား အစွမ်းကုန် ရှာဖွေဖမ်းဆီးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်တွင် လုံခြုံရေးနှင် ကယ်ဆယ်ရေးဝန်ထမ်းများက ပေါက်ကွဲမှုဖြစ်ပွားရာနေရာအား စစ်ဆေးနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
巴基斯坦首都发生自杀式炸弹袭击致12死27伤
新华社伊斯兰堡11月11日电(记者蒋超)巴基斯坦官员11日说,该国首都伊斯兰堡当天发生一起自杀式炸弹袭击事件,已造成至少12人死亡、27人受伤。中国驻巴基斯坦大使馆向记者确认,目前没有中国公民在该袭击事件中伤亡的报告。
巴基斯坦内政部长穆赫辛·纳克维在爆炸现场告诉媒体,当地时间12时39分左右,一名自杀式袭击者在伊斯兰堡地方法院司法大楼附近引爆了身上的炸弹,造成人员伤亡。警方和救援人员立即赶往现场,伤者已被送往医院救治。由于部分伤者伤势严重,死亡人数可能上升。
一名伊斯兰堡警方官员告诉新华社记者,初步调查显示,袭击者原本计划进入司法大楼内实施袭击,因安检严格未能得逞,随后在大楼外一辆警车附近引爆炸弹。爆炸还导致多辆汽车损毁、起火。警方随后疏散了司法大楼内人员,并对该区域展开搜查。
现场目击者、律师马利克·哈立德·汗告诉新华社记者,袭击发生在法院休庭时间,当时许多人员正离开大楼,因此死伤人数较多。
截至目前,尚无组织宣称对袭击事件负责。不过,巴安全部门消息人士告诉新华社记者,是恐怖组织“巴基斯坦塔利班”制造了这起袭击。该消息人士还指责该组织藏匿在阿富汗境内策划袭击。
另外,巴基斯坦三军新闻局10日发表声明说,军方挫败了一起“巴基斯坦塔利班”针对巴西北部开伯尔-普什图省南瓦济里斯坦地区军校的袭击。袭击者驾驶装满炸药的汽车冲击军校大门,巴安全人员反击并打死两名武装分子,目前正在全力围捕另外3人。(完)
1、这是11月11日拍摄的位于巴基斯坦首都伊斯兰堡的爆炸现场(手机照片)。新华社发
2、11月11日,在巴基斯坦首都伊斯兰堡,安全和救援人员检查爆炸现场(手机照片)。新华社发