Latin America
အမေရိကန်နှင့် သတင်းထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှု ကိုလံဘီယာ ရပ်ဆိုင်း
ဘိုဂိုတာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် သတင်းထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းလိုက်ကြောင်း ကိုလံဘီယာနိုင်ငံ သမ္မတ Gustavo Petro က နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။
Petro က ၎င်းသည် ကိုလံဘီယာ သတင်းထောက်လှမ်းရေးအေဂျင်စီ အဆင့်ဆင့်အား အမေရိကန် လုံခြုံရေးအေဂျင်စီများနှင့် ဆက်သွယ်မှု စသည့် သွားလာဆက်ဆံမှုများကို ရပ်ဆိုင်းရန် အမိန့်ပေးထားပြီးဖြစ်ကြောင်း၊ ကာရေဘီယံဒေသတွင် အမေရိကန်က သင်္ဘောများအား တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေသရွေ့ ယင်းအစီအမံမှာ စဉ်ဆက်မပြတ် သက်ရောက်မှုရှိသွားမည်ဖြစ်ကြောင်း အဆိုပါနေ့တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
အမေရိကန်၏ အကြီးဆုံး လေယာဉ်တင်သင်္ဘော ဖြစ်သော Gerald R. Ford ဦးဆောင်သည့် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု (CSG) သည် နိုဝင်ဘာ ၁၁ ရက်တွင် အမေရိကန်စစ်တပ် တောင်ပိုင်းဒေသစစ်ဌာနချုပ် တာဝန်ယူသည့်ဒေသသို့ ရောက်ရှိလာပြီး ကာရေဘီယံပင်လယ်တွင် ဖြန့်ကြက်ထားသည်။
အမေရိကန် ပင်တဂွန်အဆောက်အအုံ ပြောရေးဆိုခွင့်ရှိသူက လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု (CSG) ဖြန့်ကြက်ရခြင်းသည် အမေရိကန်၏ ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် တိုက်ခိုက်ရေးစွမ်းရည်များကို မြှင့်တင်ပေးပြီး ယင်းမှတစ်ဆင့် “မူးယစ်ဆေးဝါး ပို့ဆောင်ရောင်းချမှုကို တိုက်ဖျက်ကာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို အားလျော့စေပြီး နောက်ဆုံးတွင် ပြိုကွဲသွားစေရန်” ဖြစ်သည် ဟု ပြောကြားခဲ့သည်။
စက်တင်ဘာလဆန်းမှစ၍ အမေရိကန်စစ်တပ်သည် ကာရေဘီယံပင်လယ်နှင့် အရှေ့ပစိဖိတ်သမုဒ္ဒရာတွင် “မူးယစ်ဆေးဝါး ရောင်းဝယ်မှု လုပ်ဆောင်သည်” ဆိုသည့် သင်္ဘော အစီး ၂၀ ခန့်ကို ပစ်ခတ်ခဲ့ရာ သင်္ဘောနစ်မြုပ်၍ လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)
…………………….
(Chinese Version)
哥伦比亚暂停与美国的情报合作
新华社波哥大11月11日电(记者李子健)哥伦比亚总统佩特罗11日宣布,该国暂停与美国的情报合作。
佩特罗当天在社交媒体上表示,他已命令哥伦比亚各级情报部门暂停与美国安全机构之间的通信等往来。只要美国袭击船只事件在加勒比地区继续发生,该措施就持续有效。
美军最大航空母舰“杰拉尔德·R·福特”号率领的航母打击群11日抵达美军南方司令部责任区,部署在加勒比海。五角大楼发言人说,部署航母打击群将增强美国在西半球侦测、监控和打击能力,从而“打击毒品贩运,削弱并最终瓦解跨国犯罪组织”。
9月初以来,美军已在加勒比海和东太平洋击沉了约20艘所谓“贩毒船”,造成70多人死亡。(完)
图说:11月9日,哥伦比亚总统佩特罗出席在圣玛尔塔举行的拉共体-欧盟峰会联合宣言发布会。新华社发(安德烈斯·莫雷诺摄)
