Connect with us

North America

BBC အား တရားစွဲဆိုမည်ဟု ထရမ့် ခြိမ်းခြောက်

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့်က သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည်ကို စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ဗြိတိသျှ ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်း (BBC) အား တရားစွဲဆိုမည်ဟု နိုဝင်ဘာ ၁၁ ရက်က ခြိမ်းခြောက်ခဲ့သည်။ အကြောင်းရင်းမှာ BBC ၏ မှတ်တမ်းရုပ်ရှင်တစ်ခုတွင် ၎င်း၏ မိန့်ခွန်းများကို တည်းဖြတ်ပေါင်းစပ်ထားခြင်းဖြင့် ပရိသတ်များအား လှည့်ဖြားခဲ့ခြင်းကြောင့်ဖြစ်သည်။
အမေရိကန် Fox သတင်းရုပ်သံလိုင်းက အဆိုပါနေ့တွင် ထရမ့်၏ သီးသန့်မေးမြန်းခန်းကို ထုတ်လွှင့်ခဲ့သည်။ အစီအစဉ်တင်ဆက်သူက သီးသန့်မေးမြန်းခန်းတွင် BBC အား တရားစွဲမည်လား ဟူ၍ ထရမ့်အား မေးမြန်းခဲ့ရာ ထရမ့်က “ကျွန်တော့်မှာ ဒီလိုလုပ်ဖို့ တာဝန်ရှိတယ်လို့ ယူဆတယ်” ဟု ဖြေကြားခဲ့သည်။

ယမန်နှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်မီ BBC က Panorama အစီအစဉ်မှ “ထရမ့် – ဒုတိယအခွင့်အရေးလား” (Trump : A Second Chance?) မှတ်တမ်းရုပ်ရှင် ထုတ်လွှင့်ခဲ့သည်။ ဗြိတိန် “The Daily Telegraph” က ယခုလတွင် သီးသန့်ဖော်ထုတ်တင်ဆက်သော BBC၏ အတွင်းရေးမှတ်စုအရ အဆိုပါမှတ်တမ်းရုပ်ရှင်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ရက် အမေရိကန်လွှတ်တော်အဆောက်အအုံ အဓိကရုဏ်းဖြစ်မှုမတိုင်မီက ထရမ့်ပြောကြားသော မိန့်ခွန်းကို ထုတ်လွှင့်ရာတွင် မိနစ် ၅၀ ကျော်ခြားနားသော စကားနှစ်ခွန်းကို ပေါင်းစပ်ဖော်ပြထားသည်ဟု သိရသည်။ ယင်းကိစ္စရပ်သည် ကြီးမားသော လူထုသဘောထားအမြင် အငြင်းပွားမှုဖြစ်စေခဲ့သည်။ BBC ညွှန်ကြားရေးမှူးချုပ် Tim Davie နှင့် သတင်းဌာန၏ အမှုဆောင်အရာရှိချုပ် Deborah Turness တို့သည် နိုဝင်ဘာ ၉ ရက်က ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ BBC သည် ဆယ်စုနှစ်တာအတွင်း “အဆိုးရွားဆုံးသော အကျပ်အတည်း” ထဲ ကျရောက်လျက်ရှိသည်ဟု အမေရိကန် The New York Times က ယူဆသည်။
ထရမ့်၏ ရှေ့နေအဖွဲ့က BBC အား သက်ဆိုင်ရာ မှတ်တမ်းရုပ်ရှင်ကို ပြန်လည်ရုပ်သိမ်း၍ တောင်းပန်ရန် တောင်းဆိုခဲ့ပြီး သို့မဟုတ်လျှင် တရားစွဲဆိုသွားမည်ဖြစ်ရာ လျော်ကြေးမှာ အနည်းဆုံး ကန်ဒေါ်လာ ၁ ဘီလီယံရှိကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
特朗普威胁起诉BBC
新华社华盛顿11月11日电 美国总统特朗普11日威胁起诉英国广播公司(BBC),理由是BBC在一部纪录片中剪辑拼接他的讲话,误导观众。
美国福克斯新闻频道当天播出对特朗普的专访。主持人在专访中问特朗普是否会起诉BBC,特朗普回答说:“我认为我有义务这样做。”
去年美国总统选举前,BBC《全景》栏目播出纪录片《特朗普:第二次机会?》。根据英国《每日电讯报》本月独家披露的BBC内部备忘录,该片在播映特朗普2021年1月6日“国会山骚乱”爆发前的讲话时,将相隔50多分钟的两句话拼接到了一起。此事引发巨大舆论争议。BBC总裁蒂姆·戴维和新闻部门首席执行官德博拉·特尼斯9日宣布辞职。美国《纽约时报》认为,BBC陷入数十年来“最严重危机”。
特朗普律师团队10日要求BBC撤回相关纪录片并道歉,否则将提起诉讼,索赔至少10亿美元。(完)
图说:9月30日,在美国首都华盛顿白宫,美国总统特朗普回答记者提问。新华社记者 胡友松 摄