Europe
ယခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း တရုတ်နိုင်ငံက ဂျာမနီနိုင်ငံ၏အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်လာကြောင်း ဂျာမန်ဖက်ဒရယ်စာရင်းအင်းရုံး အချက်အလက်များက ဖော်ပြ
ဘာလင်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ဂျာမနီနိုင်ငံ၏ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုးမှာ ယူရို ၁၈၅.၉ ဘီလီယံ (၁ ယူရိုလျှင် ၁.၁၆ ကန်ဒေါ်လာခန့်) ရှိရာ ယမန်နှစ်ကာလတူထက် ၀.၆ ရာခိုင်နှုန်းတိုးတက်လာပြီး တရုတ်နိုင်ငံသည် ထပ်မံ၍ ဂျာမနီနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်လာခဲ့ကြောင်း ဂျာမန်ဖက်ဒရယ်စာရင်းအင်းရုံး၏ နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။
ယခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း တရုတ်နိုင်ငံမှ ဂျာမနီသို့ တင်သွင်းမှုတန်ဖိုးမှာ ယူရို ၁၂၄.၅ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၈.၅ ရာခိုင်နှုန်း တိုးလာကြောင်း စာရင်းအင်းများတွင် ပြသထားသည်။ ထုတ်ကုန်အမျိုးအစားများအရ တင်သွင်းမှု တိုးတက်နှုန်းအမြန်ဆုံးတွင် လျှပ်စစ်ပစ္စည်းကိရိယာများ၊ အဝတ်အထည်နှင့် စက်ပစ္စည်းများ ပါဝင်သည်။ ကာလတူအတွင်း ဂျာမနီက တရုတ်နိုင်ငံသို့ တင်ပို့မှုတန်ဖိုးမှာ ယူရို ၆၁.၄ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၁၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ပထမသုံးလပတ်ကာလ သုံးခုအတွင်း ဂျာမနီနှင့် အမေရိကန် ကုန်သွယ်မှုတန်ဖိုးမှာ ယူရို ၁၈၄.၇ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၃.၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ ယင်းအနက် ဂျာမနီက အမေရိကန်ထံ တင်ပို့မှုတန်ဖိုးမှာ ယူရို ၁၁၂.၇ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၇.၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ အမေရိကန်မှ တင်သွင်းမှုတန်ဖိုးမှာ ယူရို ၇၁.၉ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၂.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်းလည်း စာရင်းအင်းများတွင် ပြသထားသည်။
လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားလျော့နည်းခြင်း၊ ကုန်သွယ်ရေးပတ်ဝန်းကျင် ရှုပ်ထွေးခြင်းနှင့် မော်တော်ကားစသည့် အစဉ်အလာ အားသာမှုရှိသော စက်မှုလုပ်ငန်းများ၌ ချိန်ညှိမှုများသည် ဂျာမနီ၏ နိုင်ငံခြားကုန်သွယ်ရေးဖွဲ့စည်းပုံကို ထိခိုက်စေသော အဓိကအကြောင်းရင်းများဖြစ်ကြောင်း ဂျာမန်ဖက်ဒရယ်စာရင်းအင်းရုံးက ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နေရာကို အဆက်မပြတ် ထိန်းသိမ်းထားခဲ့ကြောင်း အဆိုပါ စာရင်းအင်းရုံး အချက်အလက်များတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ဂျာမနီနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
德国统计局数据显示今年前三季度中国成为德国最大贸易伙伴
新华社柏林11月19日电(记者李函林)德国联邦统计局19日公布的数据显示,2025年1月至9月,德国对华贸易额达1859亿欧元(1欧元约合1.16美元),同比增长0.6%,中国再次成为德国最大贸易伙伴。
统计显示,今年前三季度,德国自中国进口额为1245亿欧元,同比增长8.5%。从产品类别看,进口增长最快的包括电气设备、服装和机械。同期,德国对华出口额为614亿欧元,同比下降12.3%。
统计还显示,前三季度,德国与美国贸易额为1847亿欧元,同比下降3.9%。其中,德国对美出口额为1127亿欧元,同比下降7.8%;自美国进口额为719亿欧元,同比增长2.8%。
德国联邦统计局表示,当前,全球需求疲软、贸易环境复杂以及汽车等传统优势行业调整,是影响德国对外贸易结构的主要因素。
该机构数据显示,2016年至2023年,中国连续保持德国最大贸易伙伴地位。2024年,美国成为德国最大贸易伙伴。(完)
