Africa & Middle East
ကိုင်ရိုသဘောတူစာချုပ် အကျုံးမဝင်တော့ဟု အီရန် ကြေညာ
တီဟီရန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ဘုတ်အဖွဲ့က အီရန်ဆန့်ကျင်ကန့်ကွက်ရေး ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့သည့်အပေါ် အီရန်အနေဖြင့် IAEA နှင့် ပူးပေါင်းဆောင်ရွက်မှုအား ပြန်လည်ဖော်ဆောင်ရန်ရည်ရွယ်သော ကိုင်ရိုသဘောတူညီချက် အကျုံးမဝင်တော့ဟု ကြေညာကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ က နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနှင့် အမေရိကန်တို့က IAEA ဘုတ်အဖွဲ့ထံသို့ အီရန်ဆန့်ကျင်ကန့်ကွက်ရေးဆုံးဖြတ်ချက်ကို တင်သွင်းသည့်အပေါ် အာရက်ဂ်ချီက တုံ့ပြန်ဖြေကြားရာတွင် ယင်းနိုင်ငံများက အီရန်၏ ကောင်းမွန်သည့်သဘောထားကို မျက်ကွယ်ပြုကာ IAEA ၏ ယုံကြည်မှုနှင့် သီးခြားရပ်တည်မှုကို ထိခိုက်ဖျက်ဆီးခဲ့သလို ယင်းအဖွဲ့အစည်းနှင့် အီရန်အကြား ပူးပေါင်းဆောင်ရွက်မှုကို ရှုပ်ထွေးအောင် အနှောင့်အယှက်ပြုခဲ့သည်ဟု ပြောကြားခဲ့ကြောင်း IRNA ၏ သတင်းအရ သိရသည်။
အီရန်အနေဖြင့် IAEA အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ နိုဝင်ဘာ ၂၀ ရက်က တရားဝင် စာလွှာပေးပို့ကာ ကိုင်ရိုသဘောတူညီချက် အကျုံးမဝင်တော့ကြောင်း ကြေညာခဲ့သည်ဟု အာရက်ဂ်ချီက ပြောကြားခဲ့သည်။
အီရန်သည် ဇွန်လက အစ္စရေးနှင့် အမေရိကန်၏ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် IAEA နှင့် ပူးပေါင်းဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းခဲ့သည်။ စက်တင်ဘာလတွင် အီရန်နှင့် IAEA တို့သည် ကိုင်ရိုတွင် သဘောတူညီချက်ရရှိခဲ့ကာ နှစ်ဖက်အကြား အီရန်နျူကလီးယားအရေး ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်ဆောင်ရွက်ခဲ့သည်။ သို့သော် ဗြိတိ၊ ပြင်သစ်၊ ဂျာမနီနှင့် အမေရိကန်တို့က ကုလသမဂ္ဂတွင် “ပိတ်ဆို့အရေးယူမှုများ အမြန်ဆုံးပြန်လည်ဆောင်ရွက်ရေး” ယန္တရားကို တွန်းအားပေးဆောင်ရွက်ခဲ့ရာ အီရန်အပေါ် ကုလသမဂ္ဂ၏သက်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုများသည် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် စက်တင်ဘာလ ၂၇ ရက် ည ၈ နာရီတွင် ပြန်လည်အသက်ဝင်ခဲ့သည်။ (Xinhua)

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ (ယာဘက်) က သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ (ယာဘက်) က အီရန်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
伊朗宣布开罗协议不再有效
新华社德黑兰11月21日电(记者沙达提)伊朗外长阿拉格齐20日说,针对国际原子能机构理事会发布反伊朗决议,伊朗宣布旨在恢复伊朗与国际原子能机构合作的开罗协议不再有效。
据伊朗伊斯兰共和国通讯社报道,阿拉格齐在回应法国、英国、德国和美国向国际原子能机构理事会提交反伊朗决议时表示,这些国家无视伊朗的善意,损害了国际原子能机构的信誉和独立性,扰乱了该机构与伊朗之间的合作。
阿拉格齐说,伊朗20日向国际原子能机构总干事发出了一封正式信函,宣布开罗协议不再有效。
伊朗6月遭到以色列和美国空袭后,暂停与国际原子能机构的合作。9月,伊朗与国际原子能机构在开罗达成协议,恢复双方在伊朗核问题上的合作。但英国、法国、德国和美国在联合国强推“快速恢复制裁”机制,使联合国对伊朗的相关制裁于美东时间9月27日晚8时恢复。(完)
1. 10月5日,在伊朗首都德黑兰,伊朗外交部长阿拉格齐(右)对多国驻伊朗外交人员发表讲话。新华社记者 沙达提 摄
2. 10月5日,在伊朗首都德黑兰,伊朗外交部长阿拉格齐出席记者会。新华社记者 沙达提 摄
3. 10月5日,在伊朗首都德黑兰,伊朗外交部长阿拉格齐(右)出席与多国驻伊朗外交人员举行的会议。新华社记者 沙达提 摄
