International Organizations
လက်နက်အင်အားနှင့် ထိပ်တိုက်ရင်ဆိုင်မှုဖြင့် အီရန်နျူကလီးယားအရေးကို မဖြေရှင်းနိုင်ဟု တရုတ်ကိုယ်စားလှယ် ဆို
ဗီယင်နာ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့ အတူတကွတွန်းအားပေးဆောင်ရွက်သော အီရန်နျူကလီးယားအရေး ဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ဘုတ်အဖွဲ့က နိုဝင်ဘာ ၂၀ ရက်တွင် မဲခွဲအတည်ပြုခဲ့သည်။ IAEA ဆိုင်ရာ တရုတ်နိုင်ငံ ကိုယ်စားလှယ် လီဆုန်းက တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လက်နက်အင်အားနှင့် ထိပ်တိုက်ရင်ဆိုင်မှုဖြင့် အီရန်နျူကလီးယားအရေးကို မဖြေရှင်းနိုင်ကြောင်း အလေးထားပြောကြားခဲ့သည်။
ထိုသို့ရှင်းလင်းပြောကြားရာတွင် လီဆုန်းက ယခုနှစ် ဇူလိုင်လတွင် အစ္စရေး၊ အမေရိကန်တို့သည် IAEA က အာမခံစောင့်ကြည့်ပေးထားသော အီရန်၏ နျူကလီးယားအဆောက်အအုံကို ရုတ်တရက် တိုက်ခိုက်ခဲ့ရာ အီရန်နျူကလီးယားအရေးအခြေအနေသည် အရေးကြီးသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဤကဲ့သို့ ကမ္ဘာ့အကြီးမားဆုံး မှားယွင်းမှုဟု သတ်မှတ်သော ဆိုးဝါးသည့် ပြုမူဆောင်ရွက်ချက်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် IAEA တို့အနေဖြင့် ပြင်းထန်စွာ ရှုတ်ချရမည်ဖြစ်ကြောင်း၊ IAEA နှင့် အီရန်တို့သည် စက်တင်ဘာလတွင် ကိုင်ရိုမြို့၌ သဘောတူညီချက်ရရှိပြီး အီရန်နျူကလီးယားအရေးတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ခဲ့ကြောင်း၊ ဤအပြုသဘောဆောင်သော တိုးတက်မှုသည် နှစ်ဖက်အကြား ကြီးကြပ်စောင့်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝပြန်လည်စတင်ခြင်းအတွက် အာမခံသော အရေးပါသော အခွင့်ကောင်းတစ်ခု ဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က တဇွတ်ထိုးခေါင်းမာစွာ “အရေးယူပိတ်ဆို့မှုများ အမြန်ဆုံး ပြန်လည်စတင်ရေး” ယန္တရားကို အတင်းအကျပ် ဆောင်ရွက်ခဲ့ရာ အီရန်ဘက်နှင့် IAEA အကြား ပူးပေါင်းဆောင်ရွက်မှု၏ ကောင်းမွန်သော အရှိန်အဟုန်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့ကြောင်း၊ အီရန်နျူကလီးယားအရေးသည် လက်ရှိ အကျပ်အတည်းအတွင်းသို့ ရောက်ရှိနေရခြင်းမှာ လက်နက်အင်အားကို အထိန်းအကွပ်မရှိ အသုံးပြုခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှု၊ ဖိအားပေးမှုကို စွဲလမ်းစွာ လုပ်ဆောင်နေသော သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ၎င်းတို့၏ အမှားကို ရှောင်လွှဲ၍ မရနိုင်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
လက်နက်အင်အားနှင့် ထိပ်တိုက်ရင်ဆိုင်မှုဖြင့် အီရန်နျူကလီးယားအရေးကို မဖြေရှင်းနိုင်ဟု လီဆုန်းက အလေးအနက်ထား ပြောကြားခဲ့သည်။ အီရန်နျူကလီးယားအရေးသည် အီရန်က “နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်” အဖွဲ့ဝင်နိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်သော တရားဝင် အခွင့်အရေးကို အပြည့်အဝ လေးစားမှုနှင့် အကျိုးစီးပွား၊ အီရန်နျူကလီးယား အစီအစဉ်၏ ငြိမ်းချမ်ရေးသဘောသဘာဝကို သေချာစေသည့် အခြေအနေတွင် နိုင်ငံရေးနှင့် သံတမန်ရေး ကြိုးစားအားထုတ်မှုနှင့် IAEA မူဘောင်အတွင်း အာမခံစောင့်ကြည့်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် လုပ်ဆောင်မှသာလျှင် ကောင်းမွန်ဆီလျော်စွာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ဘုတ်အဖွဲ့က အီရန်နှင့်ပတ်သတ်သော ဆုံးဖြတ်ချက်များကို ထိပ်တိုက်ရင်ဆိုင်မှုဖြင့် အတင်းအကျပ် မြှင့်တင်ခြင်းသည် မီးလောင်ရာလေပင့်မှု၊ ရေနစ်သူကို ဝါးကူထိုး သကဲ့သို့ပင်ဖြစ်စေမည်ကို သမိုင်းကြောင်းက အဖန်ဖန်သက်သေပြုခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ဘုတ်အဖွဲ့အနေဖြင့် အီရန်နျူကလီးယားအရေးဆိုင်ရာ ဆွေးနွေးမှုများ ချောမွေ့စွာလုပ်ဆောင်မှုကို ကြိုးစားမြှင့်တင်ရန်၊ အီရန်နှင့် IAEA အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးမှု ပြုလုပ်ရန်အတွက် အခြေအနေကောင်းများ ဖန်တီးရန်၊ အီရန်နျူကလီးယားအရေးဆိုင်ရာ အသစ်တစ်ကြိမ် နိုင်ငံရေးနှင့် သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအတွက် အပြုသဘောဆောင်သောပတ်ဝန်းကျင်ကို ဖန်တီးရန်၊ အီရန်နျူကလီးယားအရေးကို ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းပေါ်သို့ တစ်ဆင့်တိုး တွန်းပို့ခြင်းမှ ရှောင်ကြဉ်ရန် ကြိုးပမ်းသင့်ကြောင်း လီဆုန်းက အလေးအနက်ထားပြောကြားခဲ့သည်။
IAEA ဘုတ်အဖွဲ့တွင် ပါဝင် မဲပေးသော အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံတွင် တရုတ်၊ ရုရှား၊ နီပေါတို့က ဆန့်ကျင်မဲပေးခဲ့ပြီး ဘရာဇီး၊ တောင်အာဖရိက၊ အိန္ဒိယ၊ အီဂျစ်၊ ထိုင်း စသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ၁၂ နိုင်ငံက ကြားနေမဲပေးခဲ့သည်။ (Xinhua)
………………….
(Chinese Version)
中国代表:武力和对抗解决不了伊朗核问题
新华社维也纳11月20日电 国际原子能机构理事会20日表决通过美国与英国、法国、德国共同推动的伊朗核问题决议。中国常驻国际原子能机构代表李松发言阐述中方立场,强调武力和对抗解决不了伊核问题。
李松指出,今年6月,以色列、美国悍然袭击伊朗受国际原子能机构保障监督的核设施,导致伊核问题形势出现重大逆转。对这样冒天下之大不韪的恶劣行径,国际社会和国际原子能机构必须予以强烈谴责。国际原子能机构与伊方9月在开罗达成协议,恢复双方在伊核问题上的合作。这一积极进展本应成为双方全面恢复保障监督合作的重要契机。然而,英法德一意孤行,强行启动“快速恢复制裁”机制,严重破坏伊方与国际原子能机构合作的良好势头。伊核问题当前陷入困境,肆意使用武力、执迷对抗施压的有关国家难辞其咎。
李松强调,武力和对抗解决不了问题。伊核问题只能在充分尊重伊朗作为《不扩散核武器条约》缔约国和平利用核能正当权利、确保伊核计划和平性质的前提下,通过政治外交努力和在国际原子能机构框架内的保障监督合作,才能得到妥善解决。历史已经反复证明,在理事会强行推动对抗性的涉伊决议,只能火上浇油、雪上加霜。当前形势下,理事会应努力推动伊核问题相关讨论平稳进行,为伊朗与国际原子能机构开展合作对话创造有利条件、为伊核问题新一轮政治外交努力营造良好氛围,避免将伊核问题进一步推向对抗轨道。
国际原子能机构理事会参与投票的34个成员国中,中国、俄罗斯、尼日尔对决议投反对票,巴西、南非、印度、埃及、泰国等12个发展中国家投弃权票。(完)
English Caption: This photo taken on May 15, 2023 shows the logo of the International Atomic Energy Agency (IAEA) at the IAEA headquarters in Vienna, Austria. (Xinhua/Liu Xinyu) ■
