Latin America
ဘရာဇီးကျန်းမာရေးစနစ်တွင် တရုတ်နိုင်ငံ အတွေ့အကြုံများကို မှီငြမ်းကာ ရာသီဥတုပြောင်းလဲမှု လိုက်လျောညီထွေနိုင်စွမ်းကို မြှင့်တင်လိုကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီး ဆို
ဘယ်လမ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
“ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း” ၃၀ ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများ ညီလာခံ (COP30) သည် ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့၌ ကျင်းပခဲ့သည်။ ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီး Alexandre Padilha က ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဆေးကုသရေးဆိုင်ရာ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေပြီး တရုတ်နိုင်ငံ၏ ခေတ်မီအတွေ့အကြုံများ လေ့လာသင်ယူကာ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု တိုးတက်ကောင်းမွန်စေရန်၊ ရာသီဥတုပြောင်းလဲမှုအပေါ် ကျန်းမာရေးစနစ်၏ လိုက်လျောညီထွေနိုင်စွမ်းကို မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း မကြာသေးမီရက်က (COP30) ကျင်းပစဉ်ကာလအတွင်း ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားစဉ် ပြောကြားခဲ့သည်။
Padilha က ၎င်း၏ အောက်တိုဘာလ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းထုတ်လုပ်သည့် သွေးလွန်တုပ်ကွေးကာကွယ်ဆေး ကုမ္ပဏီလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာနှင့် ဉာဏ်ရည်တုကို အသုံးပြု၍ လူနာများအား ဝန်ဆောင်မှုပေးသော စမတ်ဆေးရုံများကို လေ့လာကြည့်ရှုခဲ့ကြောင်း မေးမြန်းခန်းတွင် ပြန်လည်အောက်မေ့၍ ပြောကြားခဲ့သည်။ “ဘရာဇီးနိုင်ငံအနေနဲ့ စမတ်ဆေးရုံများ၊ ကာကွယ်ဆေးထုတ်လုပ်မှု၊ ဆေးဝါးထုတ်လုပ်မှုကဏ္ဍတွေမှာ တရုတ်နိုင်ငံရဲ့ အတွေ့အကြုံတွေကို သင်ယူမှီငြမ်းပြီး ဒီခေတ်မီနည်းပညာတွေကို ဘရာဇီးနိုင်ငံသို့ ဆောင်ကြဉ်းသွားကာ ပြည်သူတွေရဲ့ ကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန်ဖို့၊ ရာသီဥတုပြောင်းလဲမှုအပေါ် ကျန်းမာရေးစနစ်ရဲ့ လိုက်လျောညီထွေနိုင်စွမ်းကို မြှင့်တင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။
ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးကုသရေးဆိုင်ရာ နည်းပညာဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်၊ လေပြင်းမုန်တိုင်း၊ ရေကြီးမှု၊ မိုးခေါင်မှု၊ အပူချိန်အလွန်အမင်းမြင့်တက်မှုနှင့် တောမီးလောင်ကျွမ်းမှုစသည့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်နိုင်စွမ်းကို မြှင့်တင်ရန်၊ ဝေးလံခေါင်သီသောဒေသမှ ဒေသခံများနှင့် အားနည်းထိခိုက်လွယ်သောအုပ်စုများ၏ ကျန်းမာရေးအဆင့်ကို တိုးတက်ကောင်းမွန်ရန် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဘယ်လမ်မြို့ရှိ အမေဇုံဒေသတွင် ဘရာဇီးအစိုးရသည် ဆေးကုသရေးသင်္ဘောများ ပြင်ဆင်မွမ်းမံခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် အဝေးထိန်းဆေးကုသမှု စသည့် အစီအမံများဖြင့် ဒေသခံရပ်ကွက်များအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………..
(Chinese Version)
巴西卫生部长:巴西卫生系统愿借鉴中国经验提升气候变化适应力
新华社巴西贝伦11月19日电(记者陈威华 吴昊)《联合国气候变化框架公约》第三十次缔约方大会(COP30)正在巴西贝伦举行。巴西卫生部长帕迪利亚日前在COP30期间接受新华社记者采访时表示,巴西愿同中国加强医疗卫生合作,学习中国先进经验,改善卫生服务,提升卫生系统适应气候变化能力。
帕迪利亚在采访中回忆道,他在10月访华期间参观了两国合作生产登革热疫苗的企业,以及利用信息技术和人工智能为患者提供服务的智慧医院。“巴西希望学习并借鉴中国在智慧医院、疫苗生产、药品制造方面的经验,把这些先进技术带到巴西,改善人民健康状况,提升卫生系统对气候变化的适应力。”
帕迪利亚说,巴西卫生部正在努力推动医疗技术创新,提升应对飓风、洪水、干旱、极端高温、森林火灾等自然灾害的能力,改善偏远地区居民和弱势群体的健康水平。在贝伦所在的亚马孙地区,巴西政府通过改装医疗船、数字技术和远程医疗等措施服务当地社区。(完)
图说:11月14日,在巴西贝伦举行的《联合国气候变化框架公约》第三十次缔约方大会(COP30)上,巴西卫生部长帕迪利亚接受新华社记者采访。 新华社发(克劳迪娅·马尔提尼摄)
