North America
အမေရိကန်၏ စက်တင်ဘာလ အလုပ်လက်မဲ့နှုန်း ဆက်လက်မြင့်တက်
နယူးယောက်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ယခုနှစ် ဩဂုတ်လတွင် ၄ နှစ်တာကာလအတွင်း အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးစံချိန်တင်ခဲ့ပြီးနောက် စက်တင်ဘာလတွင်လည်း ဆက်လက်မြင့်တက်ခဲ့ရာ ဩဂုတ်လထက် ရာခိုင်နှုန်းပွိုင့် ၀.၁ မှ ၄.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း အမေရိကန်အလုပ်သမားဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။
အမေရိကန် စိုက်ပျိုးရေးမဟုတ်သောဝန်ကြီးဌာနများ၌ စက်တင်ဘာတွင် အလုပ်အကိုင် ၁၁၉,၀၀၀ အသစ်တိုးလာခဲ့ကြောင့် အချက်အလက်များတွင် ဖော်ပြခဲ့သည်။ သို့သော် ဇူလိုင်နှင့် ဩဂုတ်လတွင် စိုက်ပျိုးရေးမဟုတ်သောဝန်ကြီးဌာနများတွင် အသစ်တိုးလာသော အလုပ်အကိုင်အရေအတွက်မှာ ၇၉,၀၀၀ နှင့် ၂၂,၀၀၀ အသီးသီးရှိရာမှ ၇၂,၀၀၀ နှင့် အနုတ် ၄,၀၀၀ သို့ ပြင်ဆင်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ၌မူ စိုက်ပျိုးရေးမဟုတ်သောဝန်ကြီးဌာန အသစ်တိုးလာသော အလုပ်အကိုင်များသည် အဓိကအားဖြင့် ဆေးကုသရေးနှင့် ကျန်းမာရေး၊ စားသောက်ကုန်ဝန်ဆောင်မှုများနှင့် လူမှုရေးကူညီကယ်ဆယ်ရေးစသည့် ကဏ္ဍများမှ ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဂိုဒေါင်ဌာနတွင် အလုပ်အကိုင် ၂၅,၀၀၀ လျော့နည်းသွားခဲ့သည်။ ထို့အပြင် အလုပ်အကိုင်တိုးတက်မှုအတွက် အမြဲ အဓိကပံ့ပိုးကူညီသော ကဏ္ဍဖြစ်သည့် ဖက်ဒရယ်အစိုးရအလုပ်အကိုင်မှာ ဆက်လက်ကျဆင်းနေပြီး အလုပ်အကိုင် ၃,၀၀၀ လျော့နည်းသွားခဲ့သည်။
အမေရိကန် ဖက်ဒရယ်အစိုးရ၏ ဘတ်ဂျက်ငွေအရင်းအနှီးမလုံလောက်၍ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ၏ သက်ရောက်မှုခံရသောကြောင့် မူလက အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားသော စက်တင်ဘာလ စိုက်ပျိုးရေးမဟုတ်သော အလုပ်အကိုင်အသစ်တိုးတက်မှု အချက်အလက်များသည် ယနေ့အထိ နှောင့်နှေးရခြင်းဖြစ်သည်။ အလုပ်သမားဝန်ကြီးလက်အောက်ရှိသော အမေရိကန် အလုပ်သမားစာရင်းအင်းဗျူရိုက ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကာလအတွင်း ၎င်းတို့ဗျူရိုရှိ ဝန်ထမ်းများအားလုံးကို လစာမဲ့အနားပေးခဲ့သောကြောင့် အောက်တိုဘာလ အလုပ်လက်မဲ့နှုန်း အချက်အလက်များကို ထုတ်ပြန်နိုင်မည်မဟုတ်ကြောင်း နိုဝင်ဘာ ၁၉ ရက်က ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တစ်နေရာရှိ လူမှုအလုပ်အကိုင်ဝန်ဆောင်မှုဌာနရှေ့မှ ဖြတ်လျှောက်သွားသူများအား နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………..
(Chinese Version)
美国9月失业率继续上升
新华社纽约11月20日电(记者刘亚南)美国劳工部20日发布的数据显示,继今年8月创下近4年来新高后,9月美国失业率继续上升,环比上升0.1个百分点至4.4%。
数据显示,9月美国非农业部门新增就业人数为11.9万。不过,7月和8月非农部门新增就业人数分别从7.9万和2.2万向下修订为7.2万和负0.4万。
9月非农业部门新增就业主要来自医疗卫生、食品服务以及社会救助等领域,交通和仓储部门减少2.5万个就业岗位,而一直是就业增长主要贡献方之一的联邦政府就业继续下行,减少3000个岗位。
受美国联邦政府因预算资金不足“停摆”影响,原定于10月3日发布的9月非农新增就业数据被推迟至今。劳工部下辖的美国劳工统计局19日表示,由于联邦政府“停摆”期间其全体员工无薪休假,将无法发布10月失业率数据。(完)
图说1:11月7日,人们在美国纽约市社会服务局就业中心等待。新华社记者 张凤国 摄
图说2:11月7日,人们走过美国纽约一处社区就业服务站。新华社记者 张凤国 摄
