Connect with us

North America

အမေရိကန် တက်ရောက်ရန် ပျက်ကွက်ခဲ့သည့် “ထိုင်ခုံနေရာလွတ်” သုံးခု

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ နိုင်ငံစုံနန်းတော်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မကြာသေးမီက အမေရိကန်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုမြေပုံ၏ အချက်အချာကျသည့် အခမ်းအနားသုံးခုတွင် ဟန်ဆောင်၍ပင် တက်ရောက်ရန် အလျဉ်းမရှိဘဲ ပျက်ကွက်ခဲ့ရာ မျက်စိစပါးမွေးစူးဖွယ် ထိုင်ခုံနေရာလွတ်သုံးခု ရှိခဲ့သည်။
၎င်းတို့မှာ ဘရာဇီးနိုင်ငံ အမေဇုံမိုးသစ်တောနံဘေးရှိ ဘယ်လမ်မြို့၌ ကျင်းပသော ရာသီဥတုဆိုင်ရာ လူသားမျိုးနွယ်ကံကြမ္မာကို ဆွေးနွေးအဖြေရှာကြသည့် ဆွေးနွေးမှုစကားဝိုင်းတွင် တက်ရောက်ရန် ပျက်ကွက်ခြင်း၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ နိုင်ငံစုံနန်းတော်၌ ကျင်းပသည့် နိုင်ငံများ၏ လူ့အခွင့်အရေးတာဝန် ထမ်းဆောင်မှုအခြေအနေ စိစစ်ဆွေးနွေးပွဲတွင် တက်ရောက်ရန် ပျက်ကွက်ခြင်း၊ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှု ထိပ်သီးအစည်းအဝေးတွင် တက်ရောက်ရန်ပျက်ကွက်ခြင်းတို့ ဖြစ်သည်။ ထိုသို့ တက်ရောက်ရန် ပျက်ကွက်၍ လစ်လပ်ခဲ့သည့် ထိုင်ခုံနေရာသုံးခုသည် တောင်အမေရိက၊ ဥရောပနှင့် အာရှတစ်ခွင် ဥတုရာသီ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးစီမံခန့်ခွဲမှု ကဏ္ဍကြီးသုံးရပ်ကို လွှမ်းခြုံနေပြီး တစ်ဖက်သတ်ဝါဒ၏ အထီးကျန်မှု “နယ်စည်းခြားသည့်မှတ်ကျောက်တိုင်” ၏ ပြယုဂ်သဖွယ်ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍမှ အမေရိကန် နုတ်ထွက်သည့် ဆက်တိုက်လမ်းကြောင်းခြေရာများကို ပုံဖော်ပြလျက်ရှိပေသည်။
ဘယ်လမ်မြို့တွင် ကျင်းပသည့် “ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်ကွန်ဗင်းရှင်း (UNFCCC)” ၃၀ ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများ ညီလာခံတွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ အရိပ်အယောင်ကို မတွေ့မြင်ခဲ့ရချေ။ သမိုင်းတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုစုစုပေါင်း အများဆုံးနိုင်ငံအနေဖြင့် အမေရိကန်အစိုးရသည် ကိုယ်ယောင်ဖျောက်ရန် ရွေးချယ်ပြီး အရပ်ဘက်အဖွဲ့အစည်းများကို ဖရိုဖရဲထားခဲ့ပေသည်။ ထိုသို့ညီလာခံတက်ရောက်ရန် ပျက်ကွက်ခြင်းသည် ရာသီဥတုပြောင်းလဲသည့် စိန်ခေါ်မှုကို ရင်ဆိုင်ကိုင်တွယ်ရာ၌ “ဘုံဖြစ်သော်လည်း မတူကွဲပြားသည့် တာဝန်ဝတ္တရားများရှိခြင်း” ဟူသော အခြေခံမူကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က ဖက်ဒရယ်အစိုးရ၏ “မိုက်ရူးရဲဆန်သည့် လုပ်ရပ်” အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့သလို ကိုလံဘီယာသမ္မတ Gustavo Petro က ယင်းမှာ သမိုင်းတာဝန်ကို ခေါင်းရှောင်ခြင်းဖြစ်ကြောင်း၊ ထို “ထိုင်ခုံနေရာလွတ်” မှာ ရုပ်ဝတ္ထုအရ တက်ရောက်ရန်ပျက်ကွက်မှုဖြစ်ရုံသာမက ကျင့်ဝတ်ပိုင်းအရ ပြိုပျက်မှု၏အမှတ်လက္ခဏာ ပို၍ပင်ဖြစ်ကြောင်း တိုက်ရိုက် ပြောဆိုခဲ့သည်။

ဂျီနီဗာမြို့၌ ကျင်းပသည့် ဆွေးနွေးပွဲကို ကြည့်မည်ဆိုလျှင် နိုင်ငံစုံနန်းတော်အတွင်း လစ်လပ်နေသည့် နေရာတစ်ခုကမူ အာရုံစိုက်ဖွယ်ဖြစ်ခဲ့သည်။ အမေရိကန်အနေဖြင့် နိုင်ငံအလိုက် လူ့အခွင့်အရေး စိစစ်ဆွေးနွေးမှုများတွင် တက်ရောက်ရန် ပျက်ကွက်ပြီး အစီရင်ခံစာမတင်သွင်းသလို ဆွေးနွေးပွဲတက်ရောက်ရန် ငြင်းပယ်သည်မှာလည်း စံချိန်တင်ဖြစ်ခဲ့သည်။ ထိုဖြစ်ရပ်ကို အမေရိကန် Think Tank အဖွဲ့ဖြစ်သည့် နိုင်ငံခြားဆက်ဆံရေးကောင်စီက “လျှပ်တစ်ပြက်နှင့် မကြုံစဖူး” လုပ်ရပ်ဖြစ်သည်ဟု ခေါ်ဆိုခဲ့ရာ စိစစ်ဆွေးနွေးမှုလုပ်ငန်းစဉ်တစ်ရပ်လုံး အကျပ်အတည်းဖြစ်စေခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် ကာလကြာရှည်စွာ လူ့အခွင့်အရေး “တရားသူကြီး” နှင့် “ဂုရုကြီး” လုပ်ရာတွင် အကျင့်ပါနေပြီး ယင်းကို လက်ကိုင်တုတ်အဖြစ် သဘောထားကာ အခြားနိုင်ငံများ၏ လူ့အခွင့်အရေးအား လက်ညှိုးညွှန်ဆရာလုပ်ခဲ့ပေသည်။ ဤ တက်ရောက်ရန် ပျက်ကွက်ခဲ့သည့် “ထိုင်ခုံနေရာလွတ်” က အမေရိကန်၏မျက်စိထဲတွင် နိုင်ငံစုံလူ့အခွင့်အရေးစနစ်ဟူသည်မှာ မိမိကိုယ်ကို ချုပ်တည်းသည့် စံစည်းမျဉ်းမဟုတ်ဘဲ မိမိတို့နဲ့မတူ၊ ကွဲပြားသူတို့ကို အပြစ်ပေးသော ကိရိယာဖြစ်ခြင်း၊ သင့်လျှင် သုံး၍ မသင့်လျှင် စွန့်ပစ်သည့် လက်တွေ့ဝါဒက အမေရိကန်နိုင်ငံ၏ မိမိကိုယ်ကို စံနမူနာထားသည့် ကျင့်ဝတ်အခြေခံကို ဖျက်ဆီးလျက်ရှိခြင်းကို ကမ္ဘာအား တိုက်ရိုက် ပြောပြခဲ့သည်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးရှိ “ထိုင်ခုံနေရာလွတ်” ကမူ ပို၍ မျက်စိစပါးမွေးစူးဖွယ်ဖြစ်ခဲ့သည်။ ပထမအကြိမ် အာဖရိကတိုက်တွင် ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးသည် မူလက ကမ္ဘာ့တောင်ဘက်ခြမ်း၏အသံကို နားဆင်သော၊ နိုင်ငံတကာ ဘဏ္ဍာရေးစည်းစနစ် ပြုပြင်ပြောင်းလဲရေး တွန်းအားပေးသော သမိုင်းဝင်အခွင့်အလမ်းဖြစ်သည်။ အမေရိကန်အနေဖြင့် အစည်းအဝေးတက်ရောက်ရန် ပျက်ကွက်ရုံသာမက အိမ်ရှင်နိုင်ငံအပေါ် အဆုံးစွန် ဖိနှိပ်ခဲ့ရာ သဘောထားအသိအမြင် တစ်ဖက်သတ်အမြင်ကို ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်ပေါ်တွင် တင်စီးထားသည်။ အထူးသဖြင့် အမေရိကန်သည် လာမည့် G20 အလှည့်ကျဥက္ကဋ္ဌ နိုင်ငံအနေဖြင့် ယခုအကြိမ် အလွန်အရေးကြီးသော လက်လွှဲပြောင်းယူရမည့် အစည်းအဝေးကို တက်ရောက်ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
တောင်အာဖရိက သမ္မတ Cyril Ramaphosa ၏ “ထုံးစံမပြတ်ရအောင် လာမည့်အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ထိုင်ခုံအလွတ်တစ်လုံးကို လွှဲပြောင်းပေးလိုက်ပါပြီ” ဟူသော ဟာသနှောသည့်သရော်စကား၏ နောက်ကွယ်တွင် ဗိုလ်ကျစိုးမိုးခြင်း၏ ထင်သလိုလုပ်မှုအပေါ် မတတ်သာမှုဖြစ်သည်။ အမေရိကန် အစည်းအဝေးတက်ရောက်ရန် ပျက်ကွက်မှု၏ အရင်းအမြစ်မှာ ယခုအကြိမ် ထိပ်သီးအစည်းအဝေးအတွင်း ကြွေးမြီသက်သာကင်းလွတ်ခြင်း၊ စွမ်းအင် တရားမျှတစွာ အသွင်ပြောင်းခြင်း၊ နိုင်ငံပေါင်းစုံအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲခြင်း စသည့် အစီအစဉ်များ ပါရှိရာ “အမေရိကန်ဦးစားပေး” ဟူသော တွက်ချက်မှုနှင့် မကိုက်ညီသောကြောင့် ဖြစ်ပေသည်။ ယင်း “ထိုင်ခုံနေရာလွတ်” သည်လည်း ပို၍ အများအကျိုးဖြစ်ထွန်းပြီး အားလုံးပါဝင်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစည်းစနစ်တွင် အမေရိကန် ပေါင်းစည်းပါဝင်ရန် ဆန္ဒမရှိခြင်းကို ထပ်မံသက်သေပြလျက်ရှိသည်။

အဆိုပါ “ထိုင်ခုံနေရာလွတ်” သုံးခုကို ဆက်စပ်ကြည့်မည်ဆိုလျှင် လူအများမြင်တွေ့ရသည်မှာ စူပါအင်အားကြီးနိုင်ငံတစ်နိုင်ငံသည် နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ၏ ဒီရေစီးကြောင်းကို ရင်ဆိုင်ချိန်တွင် ရှေ့မတိုးသာ နောက်မဆုတ်သာသော လိပ်ခဲတည်းလည်းအခြေအနေ ဖြစ်နေခြင်းပင် ဖြစ်သည်။ ၎င်း၏အမြင်တွင် နိုင်ငံတကာစည်းမျဉ်းသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ် မဟုတ်တော့ဘဲ ခြေလက်များကို ချည်နှောင်ထားသော အနေကျပ်စေသည့် သံကြိုးများပင်ဖြစ်သလို နိုင်ငံတကာအဖွဲ့အစည်းသည် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းမဟုတ်တော့ဘဲ လိမ္မာယဉ်ပါးအောင် ပြုလုပ်ခံရမည့် ကိရိယာ သို့မဟုတ် စွန့်ပစ်ခံရမည့်ဝန်ထုပ်ဝန်ပိုး ဖြစ်၍နေပေသည်။ အမေရိကန်သည် “အဖွဲ့များမှ နုတ်ထွက်ခြင်း”၊ “စာချုပ်များကို ချိုးဖောက်ခြင်း”၊ “အခမ်းအနားများတက်ရောက်ရန် ပျက်ကွက်ခြင်း” ဖြင့် နေ့စဉ်နှင့်အမျှ ဗဟုဝင်ရိုးအသွင်ပြောင်းလာသည့် ကမ္ဘာကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးပမ်းလျက်ရှိသလို ဖယ်ကြဉ်ရေးဝါဒ မြို့ရိုးတံတိုင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ဒီမိုကရေစီအသွင်ပြောင်းခြင်း၏ ဒီရေလှိုင်းကို တားဆီးရန် ကြိုးပမ်းလျက်ရှိသည်။

သို့သော် ကမ္ဘာကြီးသည် ဤ ထိုင်ခုံနေရာလွတ်များကြောင့် ရပ်တန့်သွားမည် မဟုတ်ချေ။ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး Ronald Lamola က အလေးထားပြောကြားခဲ့သကဲ့သို့ပင် အမေရိကန်နိုင်ငံ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကမ္ဘာ့ရေးရာများက ဆက်လက်၍ ရှေ့ဆက်လျှောက်လှမ်းသွားမည်သာ ဖြစ်သည်။

ဤ “ထိုင်ခုံနေရာလွတ်များ” ချန်ရစ်ခဲ့သည့် ရုပ်ဝတ္တုနေရာသည် အဓိပ္ပာယ်လေးနက်သော သမိုင်း၏ “နေရာလွတ်” များ ဖြစ်စေပြီး နိုင်ငံတကာအသိုက်အဝန်းကိုလည်း ပို၍များပြားသော စဉ်းစားဖွယ်ရာများ ချန်ရစ်ထားပေးခဲ့မည် ဖြစ်ပေသည်။ အထူးသတ်မှတ်ထားသည့်အရိပ်ကို မီးမောင်းထိုးသည့် ကျင့်သားရပြီးသား အလေ့အထများ မရှိတော့သည့်အခါ ပို၍အမျိုးစုံလင်သော ပုံရိပ်များက စင်မြင့်ရှေ့သို့ လျှောက်လှမ်းပြီး ကမ္ဘာက ပိုမိုမြင်တွေ့လာနိုင်သည့် ဖြစ်နိုင်ခြေရှိလာသည်။ ယင်းမှာ ခေတ်ကာလ၏ ရှေ့ဆက်လျှောက်လှမ်းလျက်ရှိသော လက်တွေ့စစ်မှန်မှုအရှိဆုံး ခြေလှမ်းများပင် ဖြစ်နိုင်ပေသည်။ (Xinhua)

——————
(Chinese Version)
专栏丨美国留下的三把“空椅子”
新华社北京11月20日电 题:美国留下的三把“空椅子”   新华社记者叶书宏
近期,美国在全球治理版图的三个关键点毫不掩饰地离场,留下了三把刺眼的“空椅子”。
一把位于巴西亚马孙雨林边的贝伦,那里是商讨人类气候命运的谈判桌;一把摆在瑞士日内瓦万国宫,那里是审视国家履行人权义务情况的审议席;一把置于南非约翰内斯堡,那里是全球经济治理的峰会厅。这三把“空椅子”,横跨南美、欧洲与非洲,贯穿气候、人权与经济治理三大领域,犹如三座标志着单边主义的孤独“界碑”,勾勒出美国从全球治理领域撤退的连贯轨迹。
在贝伦举行的《联合国气候变化框架公约》第三十次缔约方大会上,美国代表团未见踪影。作为历史上最大的温室气体累计排放国,美国政府选择了隐身,留下民间机构在风中凌乱。这一缺席,是对应对气候变化挑战“共同但有区别的责任”原则的公然蔑视。美国加州州长纽森痛斥联邦政府的“愚蠢之举”,哥伦比亚总统佩特罗直言其逃避历史责任,那把“空椅子”不仅代表了物理上的缺席,更象征道义上的坍塌。
视线转向日内瓦,万国宫内的镜头,聚焦的却是一处虚空。美国在国别人权审议中缺席,且创纪录地既不提交报告也拒绝参会。这一被美国智库外交关系协会称为“突然且史无前例”的举动,让审议流程陷入僵局。长期以来,美国习惯于充当人权“法官”与“教师爷”,手握大棒对他国人权指手画脚。这把“空椅子”直白地告诉世界:在美国眼中,多边人权体系只是用来惩治异己的工具,而非自我约束的准则。合则用、不合则弃的实用主义,正在消解美国自我标榜的道义基础。
在南非约翰内斯堡,G20峰会上的“空椅子”则更加刺眼。首次在非洲举办的G20峰会,本是倾听全球南方声音、推动国际金融秩序改革的历史性机遇。美国不仅缺席,甚至对东道国极尽打压,将意识形态偏见凌驾于全球经济合作之上。尤其是,美国作为下一届G20轮值主席国,竟然缺席这次至关重要的交接会议。南非总统拉马福萨那句“象征性地把下一届主席国移交给一把空椅子”的戏谑背后,是对霸权任性的无奈。美国的缺席,本质上是因为本次峰会中债务减免、能源公正转型、多边机构改革等议程,不符合“美国优先”的盘算。这把“空椅子”也再次证明,美国无意融入一个更加普惠包容的全球经济秩序。
三把“空椅子”连点成线,人们看到的,是一个超级大国在面对多边主义潮流时的进退失据。在其眼中,国际规则不再是维护和平发展的基石,而是束缚手脚的锁链;多边机构不再是合作的平台,而是要被驯服的工具或要被抛弃的累赘。美国正试图通过“退群”“毁约”和“缺席”来对抗一个日益多极化的世界,用孤立主义的城墙来阻挡全球治理民主化的浪潮。
然而,世界不会因为几把椅子的空置而停摆。正如南非外长拉莫拉所强调的,无论有没有美国,全球事务都将继续前行。
这些“空椅子”留下的物理空间,构成了某种意味深长的历史“留白”,也留给国际社会更多的思考。当聚光灯不再执着于某个特定的背影,更多元的身影便有了走到台前、被世界看见的可能。而这,或许正是时代前行最真实的脚步。(完)
1. 这是10月24日在瑞士日内瓦拍摄的万国宫。新华社记者 连漪 摄