Connect with us

Europe

ယူကရိန်းအကျပ်အတည်း အဆုံးသတ်ရေးက ယူကရိန်းနှင့် ဥရောပ၏ သဘောတူညီမှု မဖြစ်မနေရရှိရမည်ဟု ဂျာမနီဝန်ကြီးချုပ် ဆို

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz အား ၂၀၂၅ ခုနှစ် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ယူကရိန်းအကျပ်အတည်း အဆုံးသတ်ရေးသည် ယူကရိန်းနှင့် ဥရောပမိတ်ဖက်များ၏ သဘောတူညီမှု မဖြစ်မနေရရှိရမည်ဖြစ်ပြီး “အင်အားကြီးနိုင်ငံက ပါဝင်ပတ်သက်တဲ့နိုင်ငံတွေကိုကျော်ပြီး ကိုယ့်စိတ်ကြိုက်ဆုံးဖြတ်ပေးလို့ မရပါဘူး” ဟု တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ကျင်းပသော G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတက်ရောက်လျက်ရှိသော ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz က နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းနှင့် ဥရောပနိုင်ငံများ၏ သဘောတူညီမှုရရှိထားပြီးမှသာလျှင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခြေရှိမည်ဖြစ်ကြောင်း၊ ယူကရိန်းအကျပ်အတည်းမှ ရလဒ်များသည် ဥရောပတစ်ခုလုံး၏ လုံခြုံရေးနှင့် သက်ဆိုင်ကြောင်း Merz က အဆိုပါနေ့ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း ဂျာမနီနိုင်ငံ ဖက်ဒရယ်အစိုးရ ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

Merz က ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန် သုံးနိုင်ငံ နိုင်ငံခြားရေး မူဝါဒ အကြံပေးများနှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်များသည် နိုဝင်ဘာ ၂၃ ရက်တွင် ဂျာနီဗာ၌ အမေရိကန် အစိုးရကိုယ်စားလှယ်များ၊ ယူကရိန်းကိုယ်စားလှယ်များနှင့် တစ်ဆင့်တိုး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း၊ လက်ရှိအချိန်တွင် ပဋိပက္ခအဆုံးသတ်ရန် အခွင့်အရေးရှိသော်ငြားလည်း ဘက်အသီးသီးက သဘောတူညီသော ရလဒ်မရရှိသေးချိန်တွင် အတော်ရှည်လျားသော ခရီး ဆက်ရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်သည် ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးကို ရည်ရွယ်သော အချက် ၂၈ ချက်ပါ အစီအစဉ်အသစ်ကို အတည်ပြုခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု ပြန်လည်စတင်ရန် ကြိုးစားခဲ့ကြောင်း အမေရိကန် အမျိုးသားထုတ်လွှင့်ရေးကုမ္ပဏီ (NBC) က အိမ်ဖြူတော် အရာရှိ၏ စကားကို ကိုးကား၍ နိုဝင်ဘာ ၁၉ ရက်ညပိုင်းတွင် ဖော်ပြခဲ့သည်။ လတ်တလောတွင် အိမ်ဖြူတော်မှ လျှို့ဝှက်မူကြမ်းရေးဆွဲပြီး ရုရှားနှင့် ဆွေးနွေးခဲ့သော အချက် ၂၈ ချက်ပါ အစီအစဉ်အသစ်တွင် ယူကရိန်းအား ၎င်းတို့ လက်ရှိထိန်းချုပ်ထားသော Donetsk တချို့ဒေသမှ တပ်များကို ရုပ်သိမ်းရန် တောင်းဆိုထားပြီး ဤအကြောင်းအရာများစွာသည် ယခင်က ယူကရိန်းဘက်က အစဉ်အမြဲ ငြင်းပယ်ခဲ့သော အချက်များဖြစ်ကြောင်း အမေရိကန် မီဒီယာများ၏ ပြောပုံအရ သိရသည်။ အစီအစဉ်၏ အကြောင်းအရာများကို ထုတ်ဖော်ပြီးနောက် ရေးဆွဲရာတွင် မပါဝင်သော ဥရောပနိုင်ငံများက ယင်းအား ကန့်ကွက်ကြောင်း ဖော်ပြခဲ့ကြသည်။

ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်၊ ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz ၊ ပြင်သစ်သမ္မတ မက်ခရွန်၊ ဗြိတိန် ဝန်ကြီးချုပ် ကီယာစတားမားစသည့် ဥရောပခေါင်းဆောင်များက အချက် ၂၈ ချက်ပါ အစီအစဉ်အသစ်မူကြမ်းတွင် “တရားမျှတ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းအတွက် အလွန် အရေးပါသော အကြောင်းအရာများ” ပါရှိသော်လည်း “တစ်ဆင့်တိုး ကောင်းမွန်ပြည့်စုံရန် လိုအပ်” ကြောင်း ဥရောပကော်မရှင်၏ နိုဝင်ဘာ ၂၂ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ဥရောပသမဂ္ဂနှင့် နေတိုး (NATO) နှင့် ပတ်သက်သော သက်ဆိုင်ရာအချက်များသည် ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့ဝင်များ၏ သဘောတူညီမှုရရှိရန် လိုအပ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

…………………………..
(Chinese Version)
德总理说结束乌克兰危机须获乌方及欧洲同意
新华社柏林11月22日电(记者李超 张毅荣)正在南非约翰内斯堡参加二十国集团领导人峰会的德国总理默茨22日表示,结束乌克兰危机必须得到乌克兰及其欧洲伙伴的同意,“不能由大国越过当事国擅自决定”。
根据德国联邦政府发布的声明,默茨当天在约翰内斯堡举行的记者会上表示,只有在乌克兰及欧洲国家同意的前提下,才可能实现停火与和平。乌克兰危机的结果关乎欧洲整体安全。
默茨说,德、法、英三国外交政策顾问及欧盟代表计划23日在瑞士日内瓦与美国政府代表及乌克兰代表举行进一步磋商。尽管当前存在结束冲突的机会,但在达成各方满意的结果之前,仍有相当长的路要走。
美国全国广播公司19日晚援引白宫官员的话报道说,美国总统特朗普已批准一项旨在结束俄乌冲突的28点新计划,尝试重启和谈。按照美国媒体的说法,28点新计划由白宫近期秘密起草并与俄罗斯讨论,要求乌克兰从其目前控制的顿涅茨克部分地区撤军,其多项内容此前一直为乌方所拒绝。方案内容披露后,未参与拟订的欧洲国家表示反对。
欧盟委员会22日发布一份联合声明,欧洲理事会主席科斯塔、欧盟委员会主席冯德莱恩、德国总理默茨、法国总统马克龙、英国首相斯塔默等欧洲领导人表示,28点新计划草案中有“对实现公正持久和平至关重要的内容”,但“需进一步完善”。声明还说,涉及欧盟和北约的相关条款需要得到欧盟和北约成员国同意。(完)
图说:5月9日, 德国总理默茨在比利时布鲁塞尔出席新闻发布会。新华社记者彭子洋摄