Connect with us

Asia

ဂျပန်ဝန်ကြီးချုပ်ဟောင်းများက တာကာအိချီ၏ မှားယွင်းသော ပြောဆိုချက်များအပေါ် ဆက်တိုက် ဝေဖန်ခဲ့

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာက ဝန်ကြီးချုပ်ရုံး၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Toru Hanai/Bloomberg/Pool via Xinhua)

တိုကျို၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မကြာသေးမီရက်တွင် ဂျပန်ဝန်ကြီးချုပ်ဟောင်းများဖြစ်ကြသော ရှိဂဲရုအီရှီဘာ၊ ယော်ရှီဟီကို နိုဒါ၊ ယူကီအို ဟာတိုယာမာတို့က လက်ရှိ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချီ၏ လွှတ်တော်၌ ထုတ်ပြန်သော ထိုင်ဝမ်နှင့် ပတ်သက်သည့် မှားယွင်းသော ပြောဆိုချက်များကြောင့် ဂျပန်-တရုတ် ဆက်ဆံရေးတင်းမာမှုဖြစ်ပေါ်ခဲ့မှုအပေါ် အသီးသီးဝေဖန်ခဲ့ကြပြီး ၎င်းအား ပြုမူပြောဆိုမှုများကို အထူးသတိထား ဆင်ခြင်ရန်၊ ဆွေးနွေးမှုမှတစ်ဆင့် ဆက်ဆံရေး ကောင်းမွန်းတိုးတက်ရေး တွန်းအားပေးရန် တိုက်တွန်းခဲ့ကြသည်။

၁၉၇၂ ခုနှစ် ထိုစဉ်က ဝန်ကြီးချုပ် ကာကူအီ တာနာကာယက တရုတ်နိုင်ငံသွားရောက်၍ ဂျပန်-တရုတ် သံတမန်ဆက်ဆံရေး ပုံမှန်အသွင်ဖြစ်ရေး တွန်းအားပေးဖော်ဆောင်လာချိန်မှစ၍ “ဂျပန်အစိုးရအဆက်ဆက်က ဂျပန်-တရုတ်ဆက်ဆံရေးကို ကိုင်တွယ်ရာတွင် အမြဲတမ်း ‘သတိထားသထက် ပိုသတိထားနေခဲ့တယ်’” ဟု ရှိဂဲရုအီရှီဘာက ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် နိုဝင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။
လက်ရှိအစိုးရသည် ဂျပန်၏ ရေရှည်တည်ရှိခဲ့သော အခြေခံရပ်တည်ချက်ကို အပြည့်အဝသိရှိနားလည်သင့်ပြီး အနာဂတ်မူဝါဒများ ဖော်ဆောင်ရာတွင် သတိကြီးကြီးထားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ယော်ရှီဟီကို နိုဒါက တော့တိုရိခရိုင်၌ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် လက်ရှိ ဂျပန်-တရုတ်ဆက်ဆံရေး တင်းမာမှုသည် “ဝန်ကြီးချုပ် တာကာအိချီ၏ မဆင်မခြင်ပြောဆိုမှုများကြောင့်” ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ တာကာအိချိအနေဖြင့် တရုတ်ထံ ဖြေရှင်းချက်ပေးရန် လိုအပ်ပြီး ဆွေးနွေးမှုမှတစ်ဆင့် ဆက်ဆံရေး ကောင်းမွန်တိုးတက်စေရန် တွန်းအားပေးဆောင်ရွက်ရမည်ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။
ထို့အပြင် ယူကီအို ဟာတိုယာမာကလည်း မကြာသေးမီရက်တွင် လူမှုမီဒီယာပလက်ဖောင်း X ၌ တာကာအိချီသည် “ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စဖြစ်သည်” ဟူသော ရပ်တည်ချက်မှ သွေဖည်သွားသောကြောင့် ဂျပန်-တရုတ်ဆက်ဆံရေးကို ရုတ်တရက် ယိုယွင်းပျက်စီးစေခဲ့ရာ ၎င်းက နိုင်ငံအတွက် မရေမတွက်နိုင်သော ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ကြောင်း ပို့စ်ရေး၍ ထောက်ပြခဲ့သည်။ ၎င်းသည် “ကွန်ဖြူးရှပ် နီတိ” မှ ကျော်ကြားသောစကားကို ကိုးကား၍ “အမှားပြုလုပ်၍ မပြုပြင်ပါက ယင်းသည် အမှန်တကယ် မှားယွင်းခြင်းဖြစ်သည်” ဟု ဆိုကာ တာကာအိချီအား မှားယွင်းသော ရပ်တည်ချက်ကို အမြန်ဆုံး ပြင်ဆင်ရန် တိုက်တွန်းခဲ့သည်။

တာကာအိချီက ယခုလ ၇ ရက် ဂျပန်လွှတ်တော်၌ ဆွေးနွေးပြောကြားစဉ် “ထိုင်ဝမ်တွင် အရေးကိစ္စရှိခြင်း” သည် “ထိုင်ဝမ်ကိစ္စရှိခြင်း” သည် ဂျပန်က မိမိကိုယ်ကိုစုဖွဲ့ကာကွယ်ခွင့်ကို ကျင့်သုံးနိုင်သည့် “သေရေးရှင်ရေးအကျပ်အတည်းအခြေအနေ” ဖြစ်ပေါ်စေနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။ ဤပြောဆိုချက်ကို ဥပဒေပညာရှင်များ၊ စစ်ဆန့်ကျင်ရေးအဖွဲ့အစည်းများနှင့် အတိုက်အခံပါတီများက ချက်ချင်းပင် ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။ တာကာအိချီ၏ ပြောဆိုချက်များသည် ၁၉၇၂ ခုနှစ် ဂျပန်-တရုတ် ပူးတွဲကြေညာချက်တွင် ဂျပန်အစိုးရ၏ ကတိကဝတ်များကို ချိုးဖောက်ခဲ့ပြီး ဂျပန်၏ တရုတ်နိုင်ငံအပေါ် ရေရှည်သံတမန်ရေးမူဝါဒနှင့် ထင်ရှားစွာ ဝိရောဓိဖြစ်နေပြီး မလိုအပ်သော ဒေသတွင်းအခြေအနေ တင်းမာမှုများကို မလွဲမသွေ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ဂျပန်ပြည်သူ့အမြင်က ထောက်ပြခဲ့ကြသည်။ (Xinhua)
………………..
(Chinese Version)
日本前首相接连批评高市早苗错误言论
新华社东京11月24日电(记者李子越 陈泽安)日本前首相石破茂、野田佳彦和鸠山由纪夫日前分别就现任首相高市早苗在国会发表涉台错误言论引发的日中关系紧张提出批评,呼吁其谨言慎行,通过对话推动关系改善。
石破茂23日在一档电视节目中表示,自1972年时任首相田中角荣访华推动实现日中邦交正常化以来,“历届日本政府在处理日中关系时一直都是‘小心、小心、再小心’”。现政府应充分认识到日本长期以来的基本立场,在今后的政策推进中保持慎重。
同日,野田佳彦在鸟取县接受媒体采访时指出,当前的日中关系紧张“源于高市首相的轻率言论”。他强调,高市需要向中方做出解释,通过对话推动关系改善。
此外,鸠山由纪夫近日也在社交平台X上发文指出,高市偏离“台湾问题是中国内政”这一立场的言论使日中关系急剧恶化,其给国家造成的损失难以估量。他引用《论语》名句“过而不改,是谓过矣”敦促高市尽快纠正错误立场。
本月7日,高市在日本国会答辩时称,“台湾有事”或构成日本可行使集体自卫权的“存亡危机事态”。此番言论随即引发法律学者、反战组织及在野党的强烈批评。日本舆论指出,高市的言论违背了日本政府在1972年日中联合声明中所作承诺,与日本长期对华外交方针存在明显矛盾,势必引发地区局势不必要的紧张。(完)
图说:2025年9月7日,日本首相、执政党自民党总裁石破茂在日本东京首相官邸举行的记者会上发言。新华社发(Pool图片,花井亨摄)