Connect with us

Asia

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ရန် စိတ်ရှည်စွာ စဉ်ဆက်မပြတ် တွန်းအားပေးရမည်ဟု တောင်ကိုရီးယား သမ္မတ ဆို

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးနေသော တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်က လက်ရှိ တောင်ကိုရီးယား-မြောက်ကိုရီးယား ဆက်ဆံရေးသည် အချိန်မရွေး မတော်တဆ ပဋိပက္ခဖြစ်ပွားနိုင်သည့် အလွန်အမင်း အန္တရာယ်များသော အခြေအနေ၌ ရောက်ရှိနေကြောင်း၊ လက်ရှိအခြေအနေကို ပြောင်းလဲလိုပါက တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ရန် စိတ်ရှည်စွာ စဉ်ဆက်မပြတ် တွန်းအားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Yonhap သတင်းဌာနက နိုဝင်ဘာ ၂၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။

လီဂျေမြောင်သည် G20 နိုင်ငံအကြီးအကဲများ ထိပ်သီးအစည်းအဝေး ပြီးဆုံးပြီးနောက် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့မှ တူကီယဲနိုင်ငံသို့ ခရီးစဉ်အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။ လက်ရှိတွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ဆက်ဆံရေးသည် အလွန်အမင်းရန်လိုနေခြင်း၊ အတိုက်အခံဖြစ်နေခြင်းဖြစ်ရာ အခြေခံယုံကြည်ချက် ကင်းမဲ့နေကြောင်း၊ လက်ရှိတွင် ချိတ်ဆက်မှုလမ်းကြောင်းအားလုံး ဖြတ်တောက်ခံထားရရာ မတော်တဆ ပဋိပက္ခဖြစ်ပွားသည့်တိုင် မဖြေရှင်းနိုင်သဖြင့် စိုးရိမ်ဖွယ်ဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိအခြေအနေအောက်တွင် ပိုမို ကြိုးပမ်း၍ တွေ့ဆုံဆွေးနွေးသင့်ပြီး ရေရှည်ရှုထောင့်မှ ပြန်လည်ပေါင်းစည်းရေး အရေးကိစ္စကို ရှုမြင်သင့်ကြောင်း၊ တောင်ကိုရီးယားအနေဖြင့် “ပေါင်းစည်းခြင်းကို လက်ခံရန်” စဉ်းစားထားခြင်းမရှိကြောင်း၊ မြောက်ကိုရီးယားဘက်နှင့် ရှေးဦးစွာ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ဖော်ဆောင်ပြီးမှသာ ပြန်လည်ပေါင်းစည်းရေးအကြောင်း ဆွေးနွေးသင့်ကြောင်း လီဂျေမြောင်က ပြောကြားခဲ့သည်။
တင်းမာနေသော အခြေအနေ ပြေလျော့စေရေးအတွက် တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုပမာဏအား လျှော့ချရန် စဉ်းစားမည်လော ဟူသော မေးခွန်းနှင့်စပ်လျဉ်း၍ လီဂျေမြောင်က “တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားက ငြိမ်းချမ်းရေးယန္တရားကို ခိုင်မြဲစွာ တည်ဆောက်နိုင်မယ်ဆိုရင် စစ်ရေးလေ့ကျင့်မှု မလုပ်ဆောင်တာက ဖြစ်နိုင်ပါတယ်။ ရေရှည်အရကြည့်မယ်ဆို တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံတော်ကာကွယ်ရေးကို မိမိကိုယ်တိုင် တာဝန်ယူရမှာပါ” ဟု ဆိုသည်။

မတူညီသောအခြေအနေအရ စစ်ရေးလေ့ကျင့်မှုကို လျှော့ချခြင်း သို့မဟုတ် နောက်ဆုတ်ခြင်းသည် ငြိမ်းချမ်းရေးယန္တရားအား တည်ဆောက်ရန် ရလဒ်ဖြစ်နိုင်သလို ငြိမ်းချမ်းရေးယန္တရား ထူထောင်မှုကို မြှင့်တင်ပေးသည့် အပေးအယူလည်းဖြစ်နိုင်ကြောင်း၊ သို့သော် လက်ရှိတွင် မည်သည့်အခြေအနေ ဖြစ်မည်နည်းကို ပြောရန်ခက်ခဲကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ကျင်းပသည့် ကိုရီးယားအလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်း တက်ရောက်ပြီးနောက် လက်ပြနှုတ်ဆက်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
韩国总统说必须耐心持续推动重启韩朝对话
新华社首尔11月24日电(记者张粲 孙一然)据韩联社24日报道,韩国总统李在明说,当前韩朝关系处于随时可能发生偶发性冲突的极其危险状态,如果要改变现状,必须耐心持续推动重启韩朝对话。
报道说,李在明是在二十国集团领导人峰会结束后从南非约翰内斯堡飞往土耳其途中作上述表态的。他说,当前南北关系变得极度敌对、对立,缺乏基本信任。目前,所有沟通渠道都被切断,即使发生偶发性冲突也无法解决,这令人担忧。
李在明说,在当前局势下更应努力对话,并从长远角度对待统一问题。韩方没有“吸收统一”的想法,应先与朝方对话,实现和平共处,再谈统一。
在被问及是否考虑缩减韩美联合军事演习规模以缓和紧张局势时,李在明说,“如果南北能牢固建立和平机制,那么不进行演习是可取的。从长远看,韩国的国家防卫必须由自己负责”。他说,根据不同情况,减少或推迟演习可能是构建和平机制的结果,也可能是促成和平机制建立的筹码,但目前很难说会是哪种情况。(完)
图说1:9月23日,在位于纽约的联合国总部,韩国总统李在明在第80届联合国大会一般性辩论上发言。新华社记者李睿摄
图说2:10月10日,在朝鲜平壤,朝鲜劳动党总书记、国务委员长金正恩在庆祝朝鲜劳动党成立80周年阅兵式结束后挥手致意。新华社记者 申宏 摄