North America
အမေရိကန်က ဘက်စုံ ဉာဏ်ရည်တု (AI) ပလက်ဖောင်း တည်ဆောက်ရန် စီစဉ်
ဝါရှင်တန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က နိုဝင်ဘာ ၂၄ ရက်တွင် အမိန့်ကြေညာချက် တစ်ရပ်လက်မှတ်ရေးထိုးခဲ့ရာ အမေရိကန်၏ အမျိုးသားစမ်းသပ်ခန်း စသည့် အရင်းအမြစ်များကို အသုံးပြုကာ ဘက်စုံဉာဏ်ရည်တု (AI) ပလက်ဖောင်းတစ်ခု တည်ဆောက်ရန် စီစဉ်နေပြီး ယင်းသည် “အသွင်ပြောင်းမှုဆိုင်ရာ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှုအတွင်း ဉာဏ်ရည်တု (AI) အသုံးပြုမှုကို အရှိန်မြှင့်တင်ခြင်း” အတွက် ရည်ရွယ်သည်။ အိမ်ဖြူတော်က အဆိုပါတာဝန်၏ အရေးကြီးမှုနှင့် မျှော်မှန်းချက်သည် မန်ဟက်တန်အစီအစဉ် (Manhattan Project) နှင့် နှိုင်းယှဉ်နိုင်သည်ဟု ဆိုသည်။
အိမ်ဖြူတော်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် စာရွက်စာတမ်းအရ ထရမ့်က “Operation Genesis” အား စတင်ရန် အမိန့်ချမှတ်ခဲ့ရာ အဆိုပါလှုပ်ရှားမှုတွင် ဘက်စုံ ဉာဏ်ရည်တု (AI) ပလက်ဖောင်းတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်၏ သိပ္ပံပညာရှင်၊ လုပ်ငန်းကုမ္ပဏီ၊ နာမည်ကျော်တက္ကသိုလ်နှင့် လက်ရှိ သုတေသန အခြေခံအဆောက်အဦ၊ အချက်အလက်သိုလှောင်ရေးစင်တာ စသည့်အရင်းအမြစ်များကို ပေါင်းစပ်ကာ ဖက်ဒရယ်သိပ္ပံပညာအချက်အလက်စုပေါင်းမှုကို အသုံးပြု၍ သိပ္ပံပညာ အခြေခံမော်ဒယ်လ်အား လေ့ကျင့်ပေးပြီး စမတ်အုပ်စုအား ဖန်တီးတည်ဆောက်မည်ဖြစ်ရာ ထိုသို့အားဖြင့် ဉာဏ်ရည်တုဖြင့် ဆန်းသစ်တီထွင်မှုနှင့် ရှာဖွေတွေ့ရှိမှုအား အရှိန်မြှင့်ဖော်ဆောင်ခြင်း၊ ယခုရာစုနှစ် စိန်ခေါ်မှုအရှိဆုံးအရေးကိစ္စများအား ကူညီဖြေရှင်းပေးခြင်းတို့ လုပ်ဆောင်ရန်ဖြစ်ကြောင်း သိရသည်။
“Operation Genesis” သည် နိုင်ငံတော်လုံခြုံရေးမြှင့်တင်မှု၊ လုပ်သားနှင့် ကုန်ထုတ်လုပ်နှုန်းအား မြှင့်တင်ခြင်း၊ အခွန်ထမ်းများက သုတေသနဖော်ဆောင်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ရရှိမှုအား ဆတိုးမြှင့်တင်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ရာ “အမေရိကန်၏ နည်းပညာအရ ဦးဆောင်မှု အဆင့်အတန်းနှင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ ဦးဆောင်မှုအဆင့်အတန်းအား တစ်ဆင့်တိုး ခိုင်မြဲစေမည်” ဖြစ်ကြောင်း အဆိုပါအမိန့်တွင် ဖော်ပြထားသည်။
အိမ်ဖြူတော် သိပ္ပံနည်းပညာမူဝါဒရေးရာရုံး အကြီးအကဲ Michael Kratsios က မီဒီယာရှင်းလင်းပွဲ၌ အဆိုပါအစီအမံသည် ဖက်ဒရယ်သိပ္ပံနည်းပညာ အရင်းအမြစ်များကို ညှိနှိုင်းအသုံးပြုရန် အလေးပေးထားပြီး ဆေးဝါးထုတ်လုပ်မှု၊ စွမ်းအင်နှင့် စီမံကိန်းတည်ဆောက်ရေး စသည့်ကဏ္ဍများ၌ သိပ္ပံသုတေသန ထိုးဖောက်မှုအမြန်နှုန်းအား မြှင့်တင်ရန် မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများ သတင်းဖော်ပြထားသည်။ (Xinhua)
——————–
(Chinese Version)
美国计划建立综合人工智能平台
新华社华盛顿11月24日电(记者杨伶)美国总统特朗普24日签署一项行政令,计划利用美国的国家实验室等资源建立一个综合人工智能平台,旨在“加速人工智能在变革性科学发现中的应用”。白宫称这一任务在紧迫性和雄心上可以与曼哈顿计划相媲美。
根据白宫网站发布的文件,特朗普下令启动“创世纪任务”,该任务将建立一个综合人工智能平台,整合美国的科学家、企业、知名大学以及现有的研究基础设施、数据存储库等资源,利用联邦科学数据集来训练科学基础模型并创建智能体,以人工智能加速创新和发现,帮助解决本世纪最有挑战性的问题。
该行政令称,“创世纪任务”将加强国家安全,提高劳动生产率,成倍提高纳税人在研发方面的投资回报,“进一步巩固美国的技术主导地位和全球战略领导地位”。
据美媒报道,白宫科技政策办公室主任迈克尔·克拉齐奥斯在媒体电话会上表示,这项举措重在调度联邦科技资源,有望加快制药、能源和工程等领域的科研突破速度。(完)
图说:这是2025年3月6日在西班牙巴塞罗那举行的2025年世界移动通信大会上拍摄的人工智能标志。新华社记者赵丁喆摄
