International Organizations
ကမ္ဘာလုံးဆိုင်ရာပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍက “အလွန်အရေးပါ” ကြောင်း နိုင်ငံတကာပင်လယ်ရေကြောင်းအဖွဲ့ (IMO) အထွေအထွေအတွင်းရေးမှူးချုပ် ဆို
လန်ဒန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုသည် အလွန်မြင့်မားပြီး နိုင်ငံတကာပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်မှု၌ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် “အလွန်အရေးပါ” ကြောင်း နိုင်ငံတကာပင်လယ်ရေကြောင်းအဖွဲ့ (IMO) အထွေအထွေအတွင်းရေးမှူးချုပ် Arsenio Dominguez က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
IMO ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်ဌာန ဖွင့်ပွဲအခမ်းအနားကို ထိုနေ့တွင် ဗြိတိန်ရှိ တရုတ်သံရုံး၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံသည် သင်္ဘောတည်ဆောက်မှု နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်းအစုအဝေးနှင့် ပုံမှန်ခရီးစဉ်ပြေးဆွဲသည့် သင်္ဘောကုမ္ပဏီများစွာကို ပိုင်ဆိုင်ထားသလို ကမ္ဘာသို့ သင်္ဘောသားအများအပြားကို ပံ့ပိုးပေးနိုင်သော စွမ်းရည်ရှိကြောင်း Dominguez က အခမ်းအနား၌ ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
IMO ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ဌာန ထူထောင်ခြင်းသည် တရုတ်နိုင်ငံက ဒစ်ဂျစ်တယ်အသွင်ပြောင်းရေး၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို လျှော့ချဖယ်ရှားရေး၊ လုံခြုံရေးအဆင့်မြှင့်တင်ရေး၊ ကဏ္ဍစုံလင်အားလုံးပါဝင်နိုင်မှုကို တွန်းအားပေးဆောင်ရွက်ရေး၊ သင်္ဘောသားများ လေ့ကျင့်ပေးရေးစသည်တို့ အပါအဝင် ယင်းအဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာအသီးသီး၌ ပါဝင်ဆောင်ရွက်ခြင်း အလေးထားမှုကို ပြသလိုက်ခြင်းဖြစ်ကြောင်း၊ “ဒီအစီအမံက တရုတ်နိုင်ငံရဲ့ ပါဝင်ဆောင်ရွက်မှုကို အားကောင်းစေမည်မှာ သံသယဖြစ်စရာမလိုဘဲ တရုတ်နိုင်ငံက စက်မှုလုပ်ငန်း ပြုပြင်ပြောင်းလဲမှုမှာ တစ်ဆင့်တိုး ပါဝင်ဆောင်ရွက်ဖို့၊ အများ အသိအမှတ်ပြုထားတဲ့ ရင့်ကျက်တဲ့အတွေ့အကြုံတွေကို မျှဝေဖို့ အထောက်အကူပြုပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
IMO သည် ပင်လယ်ရေကြောင်းဘေးကင်းရေးနှင့် သင်္ဘောများကြောင့် ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှု ကာကွယ်တားဆီးရန်နှင့် ၎င်းဥပဒေရေးရာကိစ္စရပ်များကို အဓိကတာဝန်ယူသော ကုလသမဂ္ဂစနစ်၏ အထူးအေဂျင်စီတစ်ခုဖြစ်ပြီး ဌာနချုပ်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် တည်ရှိသည်။ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ ၁၇၆ နိုင်ငံနှင့် တွဲဖက်အဖွဲ့ဝင် ၃ နိုင်ငံရှိသည်။ တရုတ်နိုင်ငံသည် ၁၉၇၃ ခုနှစ်တွင် ယင်းအဖွဲ့အစည်း၌ အဖွဲ့ဝင်နိုင်ငံအဖြစ် ၎င်း၏တရားဝင်အနေအထားကို ပြန်လည်ရရှိခဲ့ပြီး ၁၉၈၉ ခုနှစ်မှ ယနေ့ထိတိုင် ၎င်း၏ A အမျိုးအစား အဖွဲ့ဝင်နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (Xinhua)
………………………………….
(Chinese Version)
国际海事组织秘书长:中国在全球海事合作中的角色“非常重要”
新华社伦敦11月25日电(记者高文成 于艾岑)国际海事组织秘书长多明戈斯25日表示,中国在航运领域参与度非常高,在国际海事合作中扮演“非常重要的角色”。
中华人民共和国常驻国际海事组织代表处揭牌仪式当天在中国驻英国大使馆举行。多明戈斯现场接受新华社记者采访时说,中国是造船大国,拥有全球最大的港口群和众多班轮公司,并具备向世界提供大量海员的能力。
他说,设立常驻国际海事组织代表处体现了中国对参与该组织各项工作的重视,包括数字化、脱碳减排、提升安全水平、推动多元包容、海员培训等。“这一举措无疑将强化中国的参与度,有利于中国进一步参与行业变革、分享备受公认的成熟经验。”
国际海事组织是联合国系统主管海上安全和防止船舶造成海洋污染及其法律问题的专门机构,总部位于英国伦敦。目前有176个会员国和3个联系会员。中国1973年恢复在该组织的会员国合法席位,1989年至今连任其A类理事国。(完)
