Europe
ကာကွယ်ရေးအသုံးစရိတ် တိုးများလာ၊ ဂျာမနီစသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ လိုငွေပြမှုစံနှုန်းထက်ကျော်လွန်
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ဂျာမနီသည် ကာကွယ်ရေးအသုံးစရိတ် တိုးများလာခြင်းကြောင့် လိုငွေပြမှုသည် စံနှုန်းထက် ကျော်လွန်သွားကြောင်း၊ သို့သော် ဂျာမနီနိုင်ငံ၏ အလွန်အကျွံ လိုငွေပြမှုကို တုံ့ပြန်ဖြေရှင်းရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းစဉ်များကို မစတင်ရသေးကြောင်း ဥရောပကော်မရှင်က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ကာကွယ်ရေးအသုံးစရိတ် တိုးများလာခြင်းကြောင့် ဂျာမနီစသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ၂၀၂၆ ခုနှစ် လိုငွေပြမှုသည် ပိုမိုမြင့်တက်လာမည်ဟု ဥရောပကော်မရှင်က ယင်းမတိုင်မီ ခန့်မှန်းထားခဲ့သည်။
ဥရောပသမဂ္ဂသည် ထုတ်လုပ်နှုန်း နည်းပါးခြင်း၊ လူဦးရေဖွဲ့စည်းပုံဖိအားရှိခြင်း၊ ထို့အပြင် ကာကွယ်ရေး၊ ကာဗွန်လျှော့ချရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးအသွင်ပြောင်းရေးတို့နှင့် သက်ဆိုင်သော အများပြည်သူဘဏ္ဍာရေးအသုံးစရိတ် လိုအပ်မှုများ ဆက်တိုက်များပြားလာခြင်းအပါအဝင် မဟာဗျူဟာမြောက် အားနည်းချက်များစွာနှင့် ရင်ဆိုင်နေရပြီး ဖွဲ့စည်းပုံဆိုင်ရာစိန်ခေါ်မှုများနှင့် စဉ်ဆက်မပြတ်ရင်ဆိုင်နေရသည်ကို ဥရောပသမဂ္ဂ ဘဏ္ဍာရေးမူဘောင်အား အဖွဲ့ဝင်နိုင်ငံများအားလုံး၏ လိုက်နာမှုအခြေအနေကို သုံးသပ်ပြီးနောက် တွေ့ရှိခဲ့ရကြောင်း ဥရောပကော်မရှင်က အဆိုပါနေ့ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တည်ငြိမ်ကောင်းမွန်သည့် ပြည်သူ့ဘဏ္ဍာငွေကို ထိန်းသိမ်းရန်၊ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ဥရောပကော်မရှင်က တိုက်တွန်းထားသည်။
ဖင်လန်နိုင်ငံ၏ ၂၀၂၄ ခုနှစ် ဘတ်ဂျက်လိုငွေသည် GDP ၏ ၄.၄ ရာခိုင်နှုန်း ရှိကာ ၂၀၂၅ ခုနှစ်တွင် ၄.၅ ရာခိုင်နှုန်း မြင့်တက်သွားပြီး ၂၀၂၆ ခုနှစ်တွင် ၄.၀ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားကြောင်း နောက်ဆုံးသုံးသပ်ချက်များတွင် ဖော်ပြထားသည်။ ဖင်လန်နိုင်ငံ၏ အလွန်အကျွံလိုငွေပြမှုကို တုံ့ပြန်ဖြေရှင်းရန် သက်ဆိုင်ရာ လုပ်ငန်းစဉ်များ စတင်ရန် လိုအပ်ကြာင်း ဥရောပကော်မရှင်က ယူဆသည်။ ထို့အပြင် ဂျာမနီနိုင်ငံ၏ ၂၀၂၅ ခုနှစ် လိုငွေပြမှုသည် GDP ၏ ၃.၁ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ်တွင် ၄.၀ ရာခိုင်နှုန်းနှင့် ၂၀၂၇ ခုနှစ်တွင် ၃.၈ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ နိုင်ငံအသီးသီးမှ အစိုးရများ၏ နှစ်စဉ်ဘတ်ဂျက်လိုငွေပြမှုသည် GDP ၏ ၃ ရာခိုင်နှုန်းထက် မပိုစေရဘဲ အများပြည်သူကြွေးမြီသည် GDP ၏ ၆၀ ရာခိုင်နှုန်းထက် ပို၍ မရကြောင်း ဥရောပသမဂ္ဂ၏ “တည်ငြိမ်မှုနှင့် တိုးတက်မှု သဘောတူညီချက်” စည်းမျဉ်းများတွင် သတ်မှတ်ထားသည်။
ယူရိုဇုန် နိုင်ငံအသီးသီး၏ အလုံးစုံဘဏ္ဍာရေး ရပ်တည်ချက်သည် လာမည့်နှစ်တွင် အလယ်အလတ်အဆင့်၌ ထိန်းသိမ်းထားသင့်ပြီး မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များနှင့် ကိုက်ညီစေရန် ဘတ်ဂျက်ဦးစားပေးအဆင့်ကို ပြန်လည်ချိန်ညှိရန်အကြံပြုခဲ့ကြောင်း ဥရောပ ကော်မရှင်က ပြောကြားခဲ့သည်။
ယူရိုဇုန်၏ ဘတ်ဂျက်လိုငွေပြမှုသည် ၂၀၂၄ ခုနှစ်တွင် GDP ၏ ၃.၁ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၃.၂ ရာခိုင်နှုန်းသို့ အနည်းငယ်မြင့်တက်သွားပြီး ၂၀၂၆ ခုနှစ်တွင် ၃.၃ ရာခိုင်နှုန်း၊ ၂၀၂၇ ခုနှစ်တွင် ၃.၄ ရာခိုင်နှုန်းအထိ တစ်ဆင့်တိုး မြင့်တက်သွားမည်ဟု ဥရောပကော်မရှင်က ယင်းမတိုင်မီ ခန့်မှန်းထားသည်။ (Xinhua)
………………………….
(Chinese Version)
国防支出增加 德国等欧盟成员赤字超标
新华社布鲁塞尔11月25日电(记者康逸)欧盟委员会25日表示,德国因国防支出增加导致赤字超标,但并未对德国启动应对过度赤字的相关程序。欧委会此前预计,国防支出增加将导致德国等多个欧盟成员国2026年赤字上升。
欧委会当天在一份声明中表示,在评估所有成员国对欧盟财政框架的遵守状况后发现,欧盟面临若干战略脆弱性,并持续遭遇结构性挑战,包括生产率偏低、人口结构压力,以及与国防、脱碳和数字经济转型相关的公共财政支出需求不断增加等。欧委会呼吁,欧盟成员国要保持稳健的公共财政、增强竞争力。
最新评估显示,芬兰2024年的预算赤字为GDP的4.4%,预计2025年将升至 4.5%,2026年为4.0%。欧委会认为,有必要对芬兰启动应对过度赤字的相关程序。另外,德国2025年赤字预计将达到GDP的3.1%,2026年为4.0%,2027年为3.8%。根据欧盟《稳定与增长公约》规定,各国政府年度预算赤字不得超过GDP的3%,公共债务不得超过GDP的60%。
欧委会表示,欧元区各国总体财政立场明年应保持中性,并建议重新调整预算优先级,以满足战略投资需要。
欧委会此前预计,欧元区预算赤字将从2024年占GDP的3.1%小幅上升至今年的3.2%,并在2026年进一步升至3.3%,2027年升至3.4%。(完)
图说:5月23日,在比利时布鲁塞尔,一名男子从欧盟总部大楼外经过。新华社记者赵丁喆摄
