Latin America
ဗင်နီဇွဲလားက နိုင်ငံ သေရေးရှင်ရေး “အဆုံးအဖြတ်ပေးသည့် အခိုက်အတန့်” နှင့် ရင်ဆိုင်ရလျက်ရှိကြောင်း မာဒူရို ဆို
ကရာကတ်စ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်၏ စစ်ရေး ခြိမ်းခြောက်မှုများကြောင့် ဗင်နီဇွဲလားသည် နိုင်ငံသေရေးရှင်ရေးအား “အဆုံးအဖြတ်ပေးသည့် အခိုက်အတန့်” နှင့် ရင်ဆိုင်ရလျက်ရှိကြောင်း ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရို က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သည် ကာရေဘီယံ၌ စစ်ရေး ဖြန့်ကြက်ခြင်းသည် “နယ်ချဲ့ဝါဒ၏ ခြိမ်းခြောက်မှုနှင့် တိုက်ခိုက်မှုများ” ဖြစ်ကြောင်း၊ လက်ရှိအခြေအနေကို ရင်ဆိုင်ရာတွင် ဗင်နီဇွဲလားပြည်သူများ၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့များသည် စည်းလုံးညီညွတ်ရန်၊ စိတ်ဓာတ်မြှင့်တင်ရန်၊ ပြင်ပခြိမ်းခြောက်မှုများကို ခုခံရန် လိုအပ်ပြီး “အမိမြေ လိုအပ်ပါက ကျွန်ုပ်တို့သည် အမိမြေအတွက် အသက်ကိုပင် ပေးဆပ်မည်” ဖြစ်ကြောင်း မာဒူရိုက အဆိုပါနေ့တွင် ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်၌ ကျင်းပသော ဆန္ဒပြလှုပ်ရှားမှုတစ်ခုတွင် ပြောကြားခဲ့သည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်၌ ကျင်းပသော ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သော ဗင်နီဇွဲလား ဘိုလီးဗာရီးယားနာ အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ အဖွဲ့ဝင်များကို နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(Chinese Version)
马杜罗:委内瑞拉正面临国家存亡“决定性时刻”
新华社照片,加拉加斯,2025年11月26日
委内瑞拉总统马杜罗25日说,由于美国军事威胁,委内瑞拉正面临国家存亡的“决定性时刻”。
马杜罗当天在委首都加拉加斯的一场游行活动中表示,美方在加勒比海的军事部署是“帝国主义的威胁和攻击”。面对当前形势,委内瑞拉人民、军队和警察需团结起来,鼓舞士气,抵御外部威胁,“如果祖国需要,我们将为祖国献出生命”。
图说1:11月25日,委内瑞拉总统马杜罗在加拉加斯举行的游行活动上发表讲话。 新华社发
图说2:11月25日,委内瑞拉玻利瓦尔国民武装部队成员参加在加拉加斯举行的游行活动。新华社发
