Connect with us

Europe

မည်သည့် လိုက်လျောမှုကိုမဆို ရုရှားငြင်းဆို၊ နယ်မြေပိုင်နက်သိမ်းပိုက်ခံရမှုကို လက်မခံနိုင်ဟု ယူကရိန်းဆို

ယူကရိန်းသမ္မတ ဇယ်လန်းစကီး (ဝဲ) အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်သို့ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

မော်စကို/ ကိဗ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ယူကရိန်းအကျပ်အတည်း ဖြေရှင်းရန်အတွက် အမေရိကန်၏ ကြိုးပမ်းမှုများကို ရုရှားအနေဖြင့် ကြိုဆိုကြောင်း၊ သို့သော် ရုရှားသည် မိမိပင်ကို ရပ်တည်ချက်ကို စွန့်လွှတ်မည်မဟုတ်သလို မည်သည့် လိုက်လျောမှုမျှ ပြုမည်မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဒုတိယဝန်ကြီး Sergei Ryabkov က နိုဝင်ဘာ ၂၆ ရက်က ပြောကြားခဲ့သည်။

Ryabkov က ရုရှား-ယူကရိန်း “ငြိမ်းချမ်းရေး အစီအစဉ်” ဗားရှင်းအမျိုးမျိုးသည် စေ့စပ်ညှိနှိုင်းရန်အကြောင်းအရာများဖြစ်သော်လည်း ရုရှားသည် အသေးစိတ်အချက်အလက်များကို လူသိရှင်ကြား ဆွေးနွေးမည်မဟုတ်ကြောင်း အဆိုပါနေ့ မော်စကိုမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။ ရုရှားစစ်တပ်က အထူးစစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသည့် အခြေအနေတွင် ရုရှားသည် လက်ရှိအဓိကကိစ္စရပ်များ၌ “မည်သည့်လိုက်လျောမှု ဒါမှမဟုတ် ရပ်တည်ချက် စွန့်လွှတ်မှုကိုမဆို ပြုလုပ်မှာ မဟုတ်ဘူး” ဟု ၎င်းက အလေးပေးပြောကြားခဲ့သည်။

ရုရှား-အမေရိကန် ဆက်ဆံရေး ကိစ္စရပ်နှင့်စပ်လျဉ်း၍ ပြောကြားရာတွင် Ryabkov က ရုရှား-အမေရိကန် ဆက်ဆံရေး ပုံမှန်အသွင်ပြောင်းရေးလုပ်ငန်းစဉ်သည် ကနဦးအဆင့်တွင် ရှိနေဆဲဖြစ်ပြီး ရုရှားနိုင်ငံအနေဖြင့် နှစ်ဖက်စိတ်ဝင်စားမှုရှိသော ကဏ္ဍများအားလုံးတွင် အမေရိကန်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း၊ သို့သော် ဆွေးနွေးမှုသည် “တန်းတူညီမျှမှု၊ အပြန်အလှန်အကျိုးပြုမှုကို အခြေခံ၍ တည်ထောင်ရမည်” ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ယူကရိန်းသမ္မတရုံး အကြံပေး Oleksandr Bevz က ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုအကြောင်းအရာနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ယူကရိန်းသည် ရုရှား၏ မည်သည့်နယ်မြေပိုင်နက်သိမ်းပိုက်မှုကိုမျှ လက်မခံနိုင်သလို ယူကရိန်းသည် ယင်းကြောင့် အခြေခံဖွဲ့စည်းပုံဥပဒေကို မည်သည့်ပြင်ဆင်မှုမျှ ပြုလုပ်မည်မဟုတ်ကြောင်း၊ ယင်းမှာ ယူကရိန်း၏ “အနီရောင် စည်းမျဉ်း” ဖြစ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။
နယ်မြေပိုင်နက်ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် အချက်နှစ်ချက်အပေါ် အခြေခံသင့်သည်ဟု ယူဆကြောင်း၊ ယင်းတို့မှာ “လက်ရှိစစ်ရေးဆက်သွယ်မှုလမ်းကြောင်းကို ဆွေးနွေးမှု အခြေခံအဖြစ် ထားရှိသင့်ခြင်း” နှင့် “ဆွေးနွေးမှုများကို ခေါင်းဆောင်အဆင့်ရှိသူတို့အကြား ပြုလုပ်သင့်ခြင်း” ဖြစ်ကြောင်း Bevz က အဆိုပါနေ့ ယူကရိန်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။ (Xinhua)

ရုရှားသမ္မတ ပူတင်နှင့် အမေရိကန်သမ္မတ ထရမ့် (မြင်ကွင်းတွင် မပါဝင်) တို့ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် အန်းခါးရေ့ဂျ်မြို့ Elmendorf-Richardson ပူးတွဲစစ်အခြေစိုက်စခန်း၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ အတူတကွ တက်ရောက်လာသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
俄方称拒绝任何让步 乌方称不接受领土被占
新华社莫斯科/基辅11月26日电(记者赵冰 李东旭)俄罗斯外交部副部长里亚布科夫26日表示,俄罗斯欢迎美国为寻求解决乌克兰危机所作努力,但俄方不会放弃自身立场或作出任何让步。
里亚布科夫当天在莫斯科举行的一场新闻发布会上表示,俄乌“和平计划”的各种版本都属于谈判范畴,但俄方不会公开讨论内容细节。他还强调,在俄军仍在进行特别军事行动的背景下,俄方在当前关键问题上“不会作出任何让步或放弃立场”。
在谈到俄美关系问题时,里亚布科夫强调,俄美关系正常化进程仍在初期阶段,俄方愿在双方感兴趣的所有领域继续与美方开展对话,但对话“必须建立在平等互利的基础上”。
同日,乌克兰总统办公室顾问亚历山大·别夫兹在谈及乌俄和平谈判议题时强调,乌克兰不会接受俄罗斯对乌领土的任何占领,乌方不会就此对宪法做出任何修改,这是乌方“红线”。
别夫兹当天在接受乌媒采访时还说,乌方认为关于领土问题的讨论应基于两点,即“当前军事接触线应作为讨论的基础”以及“讨论应在领导人级别进行”。(完)
图说 1:8月18日,乌克兰总统泽连斯基(左)抵达美国华盛顿白宫。新华社记者胡友松摄
图说2:8月15日,俄罗斯总统普京与美国总统特朗普(未在画面中)在美国阿拉斯加州安克雷奇市埃尔门多夫-理查森联合军事基地举行会晤后共同出席联合记者会。新华社记者吴晓凌摄