Connect with us

Latin America

ပြန်လည်ပို့ဆောင်ခံရသည့် ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူများက အမေရိကန်လေကြောင်းခရီးစဉ်ဖြင့် နိုင်ငံသို့ပြန်လည်ရောက်ရှိ

ဗင်နီဇွဲလားနိုင်ငံ Maiquetía Simón Bolívar အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အမေရိကန်မှ ပြန်လည်ပို့ဆောင်လာသော ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူများ စီးနင်းလိုက်ပါလာသည့် လေယာဉ်တစ်စင်း ဆိုက်ရောက်လာသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကရာကတ်စ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်မှ ပြန်လည်ပို့ဆောင်ခြင်းခံရသည့် ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူ ၁၇၅ ဦးသည် နိုဝင်ဘာ ၂၆ ရက်တွင် အမေရိကန်နိုင်ငံ Eastern Airline ကုမ္ပဏီ၏ လေကြောင်းခရီးစဉ်ဖြင့် စီးနင်းလိုက်ပါကာ နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါလေယာဉ်သည် ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ် အနီးတစ်ဝိုက်ရှိ Maiquetía Simón Bolívar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသော ပြန်လည်ပို့ဆောင်ခံရသည့် ရွှေ့ပြောင်းနေထိုင်သူများတွင် အမျိုးသား ၁၄၂ ဦး၊ အမျိုးသမီး ၂၆ ဦးနှင့် ကလေး ၇ ဦး ပါဝင်ကြောင်း သိရသည်။
ယခုနှစ်အတွင်း ဗင်နီဇွဲလားနိုင်ငံသည် ရွှေ့ပြောင်းနေထိုင်သူများ ပြန်လည်ပို့ဆောင်သည့် လေယာဉ်အကြိမ်ရေ ၉၂ စင်း လက်ခံရရှိထားပြီးဖြစ်ရာ ၎င်းအနက် ရွှေ့ပြောင်းနေထိုင်သူ အများစုသည် အမေရိကန်မှ ပြန်လည်ထွက်ခွာလာခြင်းဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံ အစိုးရ စစ်တမ်းကောက်ယူမှုအရ သိရသည်။

လတ်တလောကာလအတွင်း အမေရိကန်သည် “မူးယစ်ဆေးဝါးတိုက်ဖျက်ဖမ်းဆီးရေး” ဟူသော အကြောင်းပြချက်ဖြင့် ဗင်နီဇွဲလားနိုင်ငံ အနီးတစ်ဝိုက် ကာရေဘီယံပင်လယ်ပြင်၌ စစ်ရေယာဉ်အစင်းရေများစွာ ဖြန့်ကြက်နေရာချထားခဲ့ရာ ဒေသတွင်းအခြေအနေ တင်းမာမှုဖြစ်စေခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ ပိုင်နက်ဝေဟင်အား ပျံသန်းကျော်ဖြတ်သွားသည့် မည်သည့် အရပ်ဘက်‌လေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်မဆို “အန္တရာယ်အခြေအနေနှင့် တွေ့ကြုံနိုင်” သောကြောင့် လေကြောင်းလိုင်းကုမ္ပဏီများအနေဖြင့် “သတိထားလုပ်ဆောင်ရန်” လိုအပ်ကြောင်း အမေရိကန်နိုင်ငံ ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲမှု ဦးစီးဌာန (FAA) က အဓိကလေကြောင်းကုမ္ပဏီ အများအပြားကို နိုဝင်ဘာ ၂၁ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ထို့နောက် လေကြောင်းကုမ္ပဏီအများအပြားက ဗင်နီဇွဲလားနိုင်ငံနှင့် စပ်လျဉ်းသည့် လေကြောင်းခရီးစဉ်များ ပျံသန်းမှုကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
委内瑞拉被遣返移民乘美航班回国
新华社加拉加斯11月26日电(记者田睿)被美国遣返的175名委内瑞拉移民26日搭乘美国东方航空公司航班回国。
这一航班降落在委首都加拉加斯附近的迈克蒂亚西蒙·玻利瓦尔国际机场,机上被遣返移民包括142名男性、26名女性和7名儿童。
据委内瑞拉官方统计,今年以来,委内瑞拉已接收92架次遣返移民航班,其中大部分移民从美国返回。
近期,美国以“缉毒”为由,在委内瑞拉附近加勒比海域部署多艘军舰,引发地区局势紧张。美国联邦航空局本月21日向多家重要航空公司发出警告称,任何民航客机飞越委内瑞拉领空都会“面临危险境况”,各航企需“谨慎行事”。此后,多家航司停飞涉委航班。(完)
图说:11月26日,一架载有被美国遣返的委内瑞拉移民的飞机抵达委内瑞拉迈克蒂亚西蒙·玻利瓦尔国际机场。新华社发(马科斯·萨尔加多摄)