Africa & Middle East
G20 အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တောင်အာဖရိကထံမှ အမေရိကန် လွှဲပြောင်းရရှိ
ဂျိုဟန်နက်စ်ဘာ့ခ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တောင်အာဖရိက နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဌာန (DIRCO) က နိုဝင်ဘာ ၂၅ ရက်တွင် G20 အလှည့်ကျဥက္ကဋ္ဌနိုင်ငံ အခွင့်အာဏာ လုပ်ပိုင်ခွင့်ကို အမေရိကန်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တောင်အာဖရိက အသံလွှင့်ဌာန SABC ၏ အဆိုပါနေ့ သတင်းဖော်ပြမှုအရ သိရသည်။
လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ပရီတိုးရီးယားအုပ်ချုပ်ရေးမြို့တော်ရှိ DIRCO ရုံးအဆောက်အအုံတွင် “သိုသိုသိပ်သိပ် ကျင်းပ” ခဲ့ပြီး အခမ်းအနားတွင် ပါဝင်တက်ရောက်ခဲ့ကြသော နှစ်ဖက် အရာရှိများမှာ မည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သတင်းအရ သိရသည်။
၂၀ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်တွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့တွင် ကျင်းပခဲ့သည်။ ယခုအကြိမ် ထိပ်သီးအစည်းအဝေးကို အမေရိကန်တက်ရောက်ရန် ပျက်ကွက်ခဲ့သောကြောင့် ပိတ်ပွဲအခမ်းအနားတွင် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား မကျင်းပခဲ့ပေ။
ယခုနှစ်မှစ၍ တောင်အာဖရိကနှင့် အမေရိကန် ဆက်ဆံရေးသည် စဉ်ဆက်မပြတ် တင်းမာခဲ့သည်။ တောင်အာဖရိကအစိုးရ၏ မြေယာမူဝါဒသည် ယင်းနိုင်ငံအတွင်းရှိ လူဖြူများအပေါ် လူမျိုးရေးခွဲခြားဆက်ဆံမှုဖြစ်စေသည်ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်က တောင်အာဖရိကထံ အကူအညီများကို ဦးစွာဖြတ်တောက်ခဲ့ပြီးနောက် တောင်အာဖရိကသံအမတ်ကြီးကို နှင်ထုတ်ခဲ့သည်။ G20 အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် အမေရိကန်၏ တာဝန်သက်တမ်းမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ဖြစ်သည်။ (Xinhua)
………………………………..
(Chinese Version)
美国从南非接棒二十国集团轮值主席国
新华社约翰内斯堡11月26日电(记者靳博文 蒋国鹏)据南非广播公司25日报道,南非国际关系与合作部当天已将二十国集团轮值主席国职权正式移交美国。
报道说,交接仪式在南非国际关系与合作部位于行政首都比勒陀利亚的办公楼内“低调进行”,并未对外透露双方参与交接仪式的官员身份。
二十国集团领导人第二十次峰会于11月22日至23日在南非约翰内斯堡举行。由于美国缺席了此次峰会,闭幕式上并未举行交接仪式。今年以来,南非和美国关系持续紧张。美方先以南非政府土地政策构成对该国白人种族歧视为由切断对南援助,后驱逐南非大使。 美国作为二十国集团轮值主席国的任期为2025年12月1日至2026年11月30日。(完)
图说:这是11月22日在南非约翰内斯堡拍摄的二十国集团领导人第二十次峰会标识。
