Connect with us

North America

G20 ထိပ်သီးအစည်းအဝေးတွင် တောင်အာဖရိကအား ဖိတ်ကြားမည်မဟုတ်ဟု ထရမ့် ဆို

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၌ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ မိုင်ယာမီမြို့၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် တောင်အာဖရိကအနေဖြင့် တက်ရောက်ရန် ဖိတ်ကြားခံရမည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က နိုဝင်ဘာ ၂၆ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်ပြောကြားခဲ့သည်။
မကြာသေးမီက တောင်အာဖရိကနိုင်ငံ၌ ကျင်းပခဲ့သည့် G20 ထိပ်သီးအစည်းအဝေး ပြီးစီးချိန်တွင် တောင်အာဖရိကက G20 အလှည့်ကျဥက္ကဋ္ဌနိုင်ငံတာဝန်အား ပိတ်ပွဲအခမ်းအနား တက်ရောက်သည့် တောင်အာဖရိကနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အဆင့်မြင့်ကိုယ်စားလှယ်ထံ လွှဲပြောင်းပေးအပ်ရန် ငြင်းဆိုခဲ့ကြောင်း၊ ထို့‌ကြောင့် ၎င်း၏ညွှန်ကြားချက်အရ တောင်အာဖရိကသည် လာမည့်နှစ်တွင် မိုင်ယာမီမြို့၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခံရမည်မဟုတ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa ရုံးက ထိုနေ့တွင်ပင် Cyril Ramaphosa အနေဖြင့် ယင်းအပေါ် ဝမ်းနည်းမိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
တောင်အာဖရိကနိုင်ငံ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးဌာနသည် နိုဝင်ဘာ ၂၅ ရက်တွင် G20 အလှည့်ကျဥက္ကဋ္ဌနိုင်ငံတာဝန်အား အမေရိကန်ထံ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို တောင်အာဖရိက နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးဌာန၏ တောင်အာဖရိကနိုင်ငံ အုပ်ချုပ်ရေးမြို့တော် ပရီတိုးရီးယားရှိ ရုံးခန်းအတွင်း၌ “အကျဉ်းချုံးလုပ်ဆောင်” ခဲ့ပြီး နှစ်ဖက်က လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည့် အရာရှိများ မည်သူမည်ဝါဖြစ်သည်ကို ပြင်ပသို့ ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း တောင်အာဖရိကမီဒီယာများက သတင်းဖော်ပြသည်။

ယခုအကြိမ် G20 ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ကျင်းပခဲ့ပြီး အမေရိကန်သည် လာမည့် G20 အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်ပေသည်။ လုပ်ထုံးလုပ်နည်းများအရ G20 ထိပ်သီးအစည်းအဝေး ကြီးမှူးကျင်းပသူသည် အစည်းအဝေးပိတ်ပွဲတွင် ဥက္ကဋ္ဌနိုင်ငံ တူအား နောက်တစ်ကြိမ် အလှည့်ကျဥက္ကဋ္ဌနိုင်ငံ အကြီးအကဲထံ လွှဲပြောင်းပေးရမည်ဖြစ်သည်။ သို့သော် အမေရိကန်က ယခုအကြိမ် ထိပ်သီးအစည်းအဝေးတွင် တက်ရောက်ခြင်းမရှိသည့်အတွက် ပိတ်ပွဲအခမ်းအနား၌ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့ခြင်းမရှိပေ။

ယခုနှစ်အတွင်း အမေရိကန်နှင့် တောင်အာဖရိကနှစ်နိုင်ငံဆက်ဆံရေးသည် ဆက်တိုက်တင်းမာမှုများ ဖြစ်ခဲ့သည်။ အမေရိကန်ဘက်က ရှေးဦးစွာ တောင်အာဖရိကနိုင်ငံအစိုးရ၏ မြေယာမူဝါဒသည် အဆိုပါနိုင်ငံ လူဖြူများအပေါ် လူမျိုးရေးခွဲခြားဆက်ဆံမှုဖြစ်စေသည်ဟူသော အကြောင်းပြချက်ဖြင့် တောင်အာဖရိကနိုင်ငံအပေါ် ကူညီမှုများ ဖြတ်တောက်ခဲ့ပြီး နောက်ပိုင်းတွင် တောင်အာဖရိကသံအမတ်ကြီးအား ပြည်နှင်ခဲ့သည်။ (Xinhua)

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ကျင်းပသည့် ၂၀ ကြိမ်မြောက် G20 နိုင်ငံအကြီးအကဲများ ထိပ်သီးအစည်းအဝေး မြင်ကွင်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
特朗普称不邀请南非参加G20峰会
新华社华盛顿11月26日电 美国总统特朗普26日在社交媒体发文说,南非将不会受邀参加2026年在美国迈阿密举行的二十国集团(G20)峰会。
特朗普表示,日前在南非举行的G20峰会结束时,南非拒绝将G20主席国职权交给出席闭幕式的美国驻南非使馆高级代表。因此,按照他的指示,南非将不会收到参加明年在迈阿密举办的G20峰会的邀请。
南非总统拉马福萨的办公室当天回应说,拉马福萨对此表示遗憾。
据南非媒体报道,南非国际关系与合作部25日将G20轮值主席国职权正式移交美国。交接仪式在南非国际关系与合作部位于南非行政首都比勒陀利亚的办公楼内“低调进行”,并未对外透露双方参与交接仪式的官员身份。
本次G20峰会于11月22日至23日在南非约翰内斯堡举行,美国是下一任G20轮值主席国。按照惯例,G20峰会主办方在闭幕时,会将主席槌交给接任轮值主席国领导人。但由于美国缺席此次峰会,闭幕式上并未举行交接仪式。
今年以来,美国和南非两国关系持续紧张。美方先以南非政府土地政策构成对该国白人种族歧视为由切断对南援助,后驱逐南非大使。(完)
图说1、11月16日,在美国首都华盛顿,美国总统特朗普返回白宫。新华社记者 胡友松 摄
图说2、这是11月22日在南非约翰内斯堡拍摄的二十国集团领导人第二十次峰会会场内景。新华社记者 陈为 摄