North America
အမျိုးသားအစောင့်တပ် အဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းက “အကြမ်းဖက်လုပ်ရပ်” ဖြစ်သည်ဟု ထရမ့် ဆို
ဝါရှင်တန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ဒီစီတွင် နိုဝင်ဘာ ၂၆ ရက်က ဖြစ်ပွားခဲ့သော အမျိုးသားအစောင့်တပ် အဖွဲ့ဝင်များအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် “အကြမ်းဖက်လုပ်ရပ်” ဖြစ်သည်ဟု အမေရိကန် သမ္မတ ထရမ့်က အဆိုပါနေ့ ညပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါနေ့အစောပိုင်းအချိန်တွင် အိမ်ဖြူတော်နှင့် ခြေလှမ်းအနည်းငယ်အကွာသာရှိသောနေရာတွင် အမျိုးသားအစောင့်တပ်အဖွဲ့ဝင်နှစ်ဦးအား အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ “ဒီဒေါသထွက်ဖွယ်ရာ တိုက်ခိုက်မှုက ဆိုးရွားမှု၊ အမုန်းတရားနှင့် အကြမ်းဖက်မှုလုပ်ရပ်တစ်ခုဖြစ်တယ်” ဟု ထရမ့်က ရုပ်သံထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ၎င်းသည် ဝါရှင်တန်ဒီစီသို့ စစ်သည် ၅၀၀ ဖြည့်တင်းပေးရန် ကာကွယ်ရေးဝန်ကြီးဌာနအား ညွှန်ကြားစေခဲ့ပြီးဖြစ်ကြောင်း၊ “ယခုအကြိမ် ဆိုးသွမ်းတဲ့တိုက်ခိုက်မှု ကျူးလွန်သူကို ကျွန်တော်တို့ တရားဥပဒေအရ အရေးယူသွားမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသော ပစ်ခတ်မှု သံသယရှိသူသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် အာဖဂန်နစ္စတန်မှ အမေရိကန် ပြည်တွင်းသို့ ဝင်လာခြင်းဖြစ်သည်ဟု အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနက အတည်ပြုခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် ဘိုင်ဒန်လက်ထက်တွင် အာဖဂန်နစ္စတန်မှ အမေရိကန်သို့ ဝင်ရောက်လာသည့် “နိုင်ငံခြားသား တစ်ဦးစီ” ကို မဖြစ်မနေ ပြန်လည်စိစစ်ရမည်ဟု ၎င်းက ပြောကြားခဲ့သည်။
အမျိုးသားအစောင့်တပ် အဖွဲ့ဝင် နှစ်ဦးသည် အိမ်ဖြူတော်နှင့် လမ်းအနည်းငယ်အကွာတွင် ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်၍ ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ သံသယရှိသူသည် ဝါရှင်တန်ပြည်နယ်တွင် နေထိုင်သော အာဖဂန်နစ္စတန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်း အမှုကျူးလွန်သည့် ရည်ရွယ်ချက်ကား မသိရသေးကြောင်း အမေရိကန် မီဒီယာက လုံခြုံရေးအဆင့်မြင့်အရာရှိတစ်ဦး၏ စကားကို ကိုးကား၍ ဖော်ပြခဲ့သည်။ (Xinhua)
………………………
(Chinese Version)
特朗普称对国民警卫队成员的袭击是“恐怖行为”
新华社华盛顿11月26日电(记者杨伶)美国总统特朗普26日晚说,当天首都华盛顿特区发生的针对国民警卫队成员的袭击是“恐怖行为”。
特朗普在视频声明中说,当天早些时候,两名国民警卫队成员在距离白宫仅几步之遥的地方遭到近距离枪击,“这起令人发指的袭击是邪恶、仇恨和恐怖的行为”。他说,他已指示国防部向华盛顿特区增派500名士兵,“我们将把这次野蛮袭击的肇事者绳之以法”。
特朗普说,美国国土安全部确认,被捕的枪击事件嫌疑人2021年9月从阿富汗入境美国。美国必须重新审查在拜登执政期间从阿富汗入境的“每一名外国人”。
26日下午,两名国民警卫队成员在距离白宫仅几个街区的地方遭到枪击,受伤严重,已被送医救治。美国媒体援引高级安全官员的话说,嫌疑人为一名居住在华盛顿州的阿富汗公民,其作案动机尚不清楚。(完)
图说:11月25日,在美国首都华盛顿,美国总统特朗普离开白宫。新华社记者 胡友松 摄
