North America
“စိုးရိမ်ဖွယ်” နိုင်ငံ ၁၉ နိုင်ငံမှ ဂရင်းကတ် (Green Card) ကိုင်ဆောင်ထားသူများကို အမေရိကန် ပြန်လည်စိစစ်မည်
ဝါရှင်တန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
“စိုးရိမ်ဖွယ်” နိုင်ငံ ၁၉ နိုင်ငံမှ ဂရင်းကတ် (ရာသက်ပန်နေထိုင်ခွင့်) ကိုင်ဆောင်ထားသူများကို ပြန်လည်စိစစ်မှု စတင်မည်ဟု အမေရိကန် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုများ ဌာန (USCIS) က နိုဝင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။
အမေရိကန်အစိုးရက “စိုးရိမ်ဖွယ်” နိုင်ငံများဟု ဆိုသောနိုင်ငံများမှ ဂရင်းကတ် (Green Card) ကိုင်ဆောင်ထားသူများကို ဘက်စုံ ပြန်လည်စိစစ်ရန် သမ္မတ ထရမ့်က USCIS ဌာနအား ညွှန်ကြားခဲ့ကြောင်း အဆိုပါဌာန အကြီးအကဲ Joseph Edlow က နိုဝင်ဘာ ၂၇ ရက်က ဆိုရှယ်မီဒီယာပေါ်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ “အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ စိုးရိမ်ဖွယ်နိုင်ငံတစ်ခုချင်းစီမှ လာတဲ့ ဂရင်းကတ်ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားတစ်ဦးစီအပေါ် ဘက်စုံ၊ တင်းကြပ်စွာ ပြန်လည်စိစစ်ဖို့ ကျွန်တော် ညွှန်ကြားထားပြီးပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။
မည်သည့်နိုင်ငံများကို “စိုးရိမ်ဖွယ်နိုင်ငံ” အဖြစ် ထည့်သွင်းထားသနည်းဟု မေးမြန်းရာတွင် USCIS ဌာနက ဇွန်လတွင် ထုတ်ပြန်ထားသော သမ္မတကြေညာချက်တစ်ခုကို ကိုးကားကြောင်း သိရသည်။
အမေရိကန် အိမ်ဖြူတော်သည် “နိုင်ငံတော် လုံခြုံရေး” စသည်ကို အကြောင်းပြု၍ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ် စသည့် နိုင်ငံ ၁၂ နိုင်ငံမှ နိုင်ငံသားများအပေါ် ပြည်ဝင်ခွင့်ကို အလုံးစုံကန့်သတ်ခဲ့ပြီး ဘူရွန်ဒီ၊ ကျူးဘား၊ လာအို စသည့် နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများ အမေရိကန်သို့ ဝင်ရောက်ခြင်းကို တစ်စိတ်တစ်ပိုင်း ကန့်သတ်ခဲ့သည်ဟု ကြေညာခဲ့ကြောင်း အဆိုပါကြေညာချက်အရ သိရသည်။ (Xinhua)
………………………..
(Chinese Version)
美国将重新审查来自19个“受关注国家”的绿卡持有者
新华社华盛顿11月27日电(记者杨伶)美国公民及移民服务局27日宣布,对来自19个“受关注国家”的绿卡(永久居留)持有者启动重新审查。
美国公民及移民服务局局长约瑟夫·埃德洛27日在社交媒体上发表声明说,总统特朗普已指示该局对来自美国政府所称“受关注国家”的绿卡持有者进行全面审查。“根据美国总统的指示,我已指示对来自每个受关注国家的每名外国人的每张绿卡进行全面、严格地重新审查。”
当被问及哪些国家被列为“受关注国家”时,美国公民及移民服务局援引一份6月发布的总统公告。根据该公告,美国白宫以“国家安全”等为由,宣布对阿富汗、缅甸、乍得等12国公民实施全面入境限制,并部分限制布隆迪、古巴、老挝等7国公民入境美国。(完)
图说:11月26日,在美国首都华盛顿,警方封锁案发现场附近街道。新华社记者胡友松摄
