Europe
အမေရိကန် အဆိုပြုသော “ယူကရိန်းအရေးဆိုင်ရာ စာရင်းများ” ကို အနာဂတ်သဘောတူညီချက် အခြေခံအဖြစ် ထားနိုင်ကြောင်း ပူတင်ဆို
မော်စကို၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
အမေရိကန် အဆိုပြုသော “ယူကရိန်းအရေးဆိုင်ရာ စာရင်းများ” ကို အနာဂတ်သဘောတူညီချက် အခြေခံအဖြစ် အသုံးပြုနိုင်သည်ဟု ရုရှားဘက်က ယေဘုယျအားဖြင့် ယူဆကြကြောင်း ရုရှားသမ္မတ ပူတင်က ကာဂျစ္စတန်နိုင်ငံ မြို့တော် ဘစ်ရှ်ကက်တွင် ပြောကြားခဲ့သည်။
အဆိုပါနေ့ ကာဂျစ္စတန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ပြီးဆုံးပြီးနောက် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပူတင်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ဤစာရင်းကား ယူကရိန်းအကျပ်အတည်းကို အဆုံးသတ်ရန် အမေရိကန်က အဆိုပြုထားသော အချက် ၂၈ ချက်ပါ အစီအစဉ်အသစ်ကို ရည်ညွှန်းသည် သို့မဟုတ် အမေရိကန်-ယူကရိန်း နိုဝင်ဘာ ၂၃ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပြင်ဆင်ထားသော ဗားရှင်းကို ရည်ညွှန်းသည်ကိုမူ ၎င်းက ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ပေ။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ အမေရိကန်နှင့် ယူကရိန်း တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်က ဤ “ငြိမ်းချမ်းရေးအစီအစဉ်” ၏ အကြောင်းအရာ ၂၈ ချက်ကို အပိုင်းလေးပိုင်း ခွဲခြားရန် ဆုံးဖြတ်ခဲ့ကြောင်း ပူတင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခုမှာ အဆိုပြုချက်အားလုံးကို သံတမန်စကားအဖြစ် ပြောင်းလဲရန် လိုအပ်ပြီး တိကျသော ဆွေးနွေးရန်အကြောင်းအရာများနှင့် စပ်လျဉ်း၍ လေးလေးနက်နက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှားအနေဖြင့် နယ်မြေပိုင်နက်ဆိုင်ရာ ကိစ္စရပ်များတွင် ယူကရိန်းနှင့် သဘောတူညီမှုရရှိရန် မျှော်လင့်ပြီး တစ်ချိန်တည်းမှာပင် ယူကရိန်းအကျပ်အတည်းဖြေရှင်းရေးနည်းလမ်းကို နိုင်ငံတကာက အသိအမှတ်ပြုရန် ရုရှားအနေဖြင့် လိုအပ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်သည် ရုရှားသို့ စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်စေလွှတ်မည်ဖြစ်ပြီး အမေရိကန် စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်သည် လာမည့်သီတင်းပတ် အစောပိုင်းတွင် မော်စကိုသို့ ရောက်ရှိမည်ဟု ရုရှားအနေဖြင့် ခန့်မှန်းကြောင်း၊ ရုရှားအနေဖြင့် “အလေးအနက်ထား ဆွေးနွေး” ရန် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်းကိုလည်း ပူတင်က ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးသဘောတူညီချက်ကို အချိန်မီ အတည်ပြုရန်အတွက် ထရမ့်သည် အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်အား ပူတင်နှင့် တွေ့ဆုံရန် မော်စကိုသို့ စေလွှတ်မည်ဟု နိုဝင်ဘာ ၂၅ ရက်က ကြေညာခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
普京:美国所提“乌克兰问题清单”可作为未来协议基础
新华社莫斯科11月27日电(记者包诺敏)俄罗斯总统普京27日在吉尔吉斯斯坦首都比什凯克表示,俄方总体上认为,美国提出的“乌克兰问题清单”可以作为未来协议的基础。
普京当天结束对吉尔吉斯斯坦国事访问后举行记者会,作出上述发言。他没有说明这一清单是指美方就结束乌克兰危机所提28点新计划,还是美乌23日在瑞士日内瓦会谈后修改的版本。
普京在记者会上说,美乌日内瓦会谈后,美国决定将这一“和平计划”的28点内容拆分为四个部分。他补充说,现在需将所有提议转化为外交语言,并就具体议题展开认真磋商。
普京表示,俄罗斯希望与乌克兰就领土等问题达成协议,同时,俄方需要乌克兰危机解决方案得到国际承认。
普京还说,美国总统特朗普将选派谈判代表访俄,俄方预计美方谈判代表将于下周早些时候抵达莫斯科,俄方已经准备好进行“认真的讨论”。
特朗普25日宣布,他将派美国中东问题特使威特科夫前往莫斯科与普京会面,以期敲定和平协议。(完)
图说:11月27日,在吉尔吉斯斯坦比什凯克,俄罗斯总统普京在集安组织集体安全理事会会议上发言。新华社发(吉尔吉斯斯坦总统办公厅供图)
