Asia
တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားကြောင်း ကမ္ဘောဒီးယား ထပ်လောင်းပြောဆို
ဖနွမ်းပင်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားကြောင်း၊ ထိုင်ဝမ်သည် တရုတ်နယ်မြေပိုင်နက် ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ကမ္ဘောဒီးယားသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သလို ထိုင်ဝမ်မှာ တရုတ်နယ်မြေပိုင်နက် ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို အသိအမှတ်ပြုကြောင်း“ ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ ပြည်တွင်းရေးဖြစ်ကာ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အမျိုးသားပြန်လည်ပေါင်းစည်းရေး ဖော်ဆောင်ခြင်းကို ထောက်ခံပြီး မည်သည့် “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ပုံစံကိုမဆို ဆန့်ကျင်ကြောင်းကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
………………………………
(Chinese Version)
柬埔寨重申坚定奉行一个中国政策
新华社金边11月27日电(记者吴长伟)柬埔寨外交与国际合作部发言人26日晚发表声明说,柬埔寨重申坚定奉行一个中国政策,台湾是中国领土不可分割的一部分。
声明说,“柬埔寨坚定奉行一个中国政策,承认中华人民共和国政府是代表全中国的唯一合法政府,台湾是中国领土不可分割的一部分。”
声明还说,台湾问题是中国内政,柬埔寨支持中国实现国家统一的努力,反对任何形式的“台独”。(完)
