Connect with us

Asia

ပူတင်၏ အိန္ဒိယခရီးစဉ်က နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်မည်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ၏ လမ်းမြင်ကွင်းကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ/မော်စကို၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ရုရှားသမ္မတ ပူတင်သည် ဒီဇင်ဘာ ၄ ရက်မှ ၅ အထိ အိန္ဒိယသို့ ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း၊ ယခုအကြိမ်ခရီးစဉ်၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ “တစ်မူထူးခြားမှုနှင့် ဦးစားပေးမှု မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး” ကို မြှင့်တင်ရန်ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာများနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်းဖလှယ်ရန် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

ယခုအကြိမ်ခရီးစဉ်တွင် အိန္ဒိယက ရုရှားနှင့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် ထပ်တိုးဝယ်ယူရန် စသည့် အစီအစဉ်များကိုလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း အိန္ဒိယမီဒီယာများ၏ သတင်းဖော်ပြချက်အရသိရသည်။

ရုရှားသမ္မတရုံးဝက်ဘ်ဆိုက်က နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ ယခုအကြိမ်ခရီးစဉ်သည် ရုရှား-အိန္ဒိယဆက်ဆံရေး၊ နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုအကြောင်းအရာများကို ဘက်စုံဆွေးနွေးရန်ဖြစ်ပြီး လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်းရေးရာကို ကိုင်တွယ်စီမံရာတွင် အခွင့်အလမ်းများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုအကြိမ်ခရီးစဉ်သည် အိန္ဒိယက ရုရှားမှ ရေနံတင်သွင်းခြင်းကြောင့် အမေရိကန်၏ မြင့်မားသော စည်းကြပ်ခွန်လက်တုံ့ပြန်မှုများကို ရင်ဆိုင်ရချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ထိုမတိုင်မီ အိန္ဒိယရေနံချက်သူကုမ္ပဏီများက ရုရှာရေနံစိမ်းဝယ်ယူမှုကို သိသိသာသာလျှော့ချထားပြီးဖြစ်ကြောင်း အိန္ဒိယတိုင်းမ် သတင်းစာ စသည့် မီဒီယာများက ဖော်ပြထားသည်။

ယခုနှစ် ဩဂုတ်လတွင် အမေရိကန်အစိုးရက ရုရှားရေနံ အိန္ဒိယဝယ်ယူသည်ဟု အကြောင်းပြကာ အမေရိကန်သို့ တင်သွင်းသော အိန္ဒိယကုန်စည်ပစ္စည်းများအား ဒဏ်ခတ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ထပ်တိုးကောက်ခံခဲ့သည်။ ထို့အပေါ် မိုဒီက မိမိနိုင်ငံအကျိုးစီးပွားကို အခိုင်အမာ ကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည့် မိန့်ခွန်းများတွင် ကြိမ်ဖန်များစွာပြောကြားခဲ့သလို အိန္ဒိယအစိုးရကလည်း စည်းကြပ်ခွန်ရိုက်ခတ်မှုကို ကိုင်တွယ်စီမံရန် မူဝါဒများစွာ ထုတ်ပြန်ခဲ့သည်။

အမေရိကန်အနေဖြင့် မြင့်မားသည့် စည်းကြပ်ခွန်ဖြင့် ရုရှားရေနံမဝယ်ယူစေရန် အိန္ဒိယကို ဖိအားပေးလျက်ရှိသော်ငြားလည်း ရုရှား-အိန္ဒိယအကြား ရေနံကုန်သွယ်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ခန့်မှန်းရကြောင်း ရုရှားအဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရသိရသည်။ (Xinhua)

——————–
(Chinese Version)
印外交部说普京访印将加强两国战略伙伴关系
新华社新德里/莫斯科11月28日电 印度外交部28日发布声明说,应印度总理莫迪邀请,俄罗斯总统普京将于12月4日至5日访问印度。此访旨在加强两国“特殊和优先战略伙伴关系”,并就地区和全球问题交换意见。
据印度媒体报道,此次访问期间,印度还将与俄方讨论增购S-400防空系统等计划。
俄总统网站28日发布消息说,此次访问将为全面探讨俄印关系、两国各领域合作议题,以及应对当前国际和地区问题提供契机。
《印度时报》等媒体称,此访正值印度因进口俄罗斯石油而面临美国高额关税报复,并称此前印度炼油商已大幅减少了对俄原油的采购。
今年8月,美国政府以印度进口俄罗斯石油为由对印输美商品加征25%惩罚性关税。对此,莫迪多次在公开讲话中表示,将捍卫本国利益,印度政府也宣布多项政策应对关税冲击。另据俄政府高级官员说,尽管美国以高昂关税施压印度放弃进口俄罗斯石油,但俄印间预期将继续保持石油贸易。(完)
1. 这是8月21日在印度首都新德里拍摄的街景。新华社记者 陈冬书 摄