Asia
တရုတ်တစ်နိုင်ငံတည်းအခြေခံမူကို အခိုင်အမာ လက်ကိုင်ထားကြောင်း လာအို ထပ်လောင်းပြောကြား
ဖနွမ်းပင်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၅၀ ပြည့်ဖြစ်ပြီး ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်နှင့် ကုလသမဂ္ဂတည်ထောင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်သလို ကုလသမဂ္ဂတွင် လာအိုပါဝင်ခြင်း နှစ် ၇၀ ပြည့် ဖြစ်ရာ ကုလသမဂ္ဂထူထောင်ခြင်း၏ အရေးပါသော ရည်ရွယ်ချက်မှာ ဒုတိယကမ္ဘာစစ်အလွန် နိုင်ငံတကာစည်းစနစ်ကို ထိန်းသိမ်းရန်ဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ထောက်ပြခဲ့သည်။
ဤအခါသမယမှတစ်ဆင့် လာအိုနိုင်ငံသည် ၎င်း၏ တစ်သမတ်တည်း ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုခဲ့သည်။ ယင်းတို့မှာ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို ခိုင်မာစွာထောက်ခံခြင်း၊ တရုတ်တစ်နိုင်ငံတည်းအခြေခံမူကို ခိုင်မာစွာလက်ကိုင်ထားခြင်း၊ ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲခြားမရသော နယ်မြေပိုင်နက် အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို အသိအမှတ်ပြုခြင်း၊ တရုတ်နိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်သည့် မည်သည့်ပြုမူမှုကိုမဆို ကန့်ကွက်ခြင်း ဖြစ်သည်။ (Xinhua)
…………………
(Chinese Version)
老挝重申坚定奉行一个中国原则
新华社万象11月28日电(记者赵旭 马淮钊)老挝外交部在28日发表的一份消息稿中指出,2025年是老挝人民民主共和国成立50周年,还是世界反法西斯战争胜利80周年和联合国成立80周年,也是老挝加入联合国70周年,联合国成立的重要目的就是维护二战战后国际秩序。借此机会,老方重申其一贯立场,即坚定支持联合国大会第2758号决议,坚定奉行一个中国原则,承认台湾是中华人民共和国领土不可分割的一部分,反对任何干涉中国内政的行为。(完)
