Latin America
တရုတ်ကုမ္ပဏီက တာဝန်ယူတည်ဆောက်သည့် ပနားမားတူးမြောင်း စတုတ္ထမြောက် တံတားကြီးက ပနားမားပြည်သူများကို များစွာဂုဏ်ယူရစေသည်ဟု ပနားမားအစိုးရအရာရှိ ဆို
ပနားမားစီးတီး၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
China Communications Construction ကုမ္ပဏီနှင့် China Harbour ကုမ္ပဏီတို့ ပူးပေါင်းအုပ်စုတို့ တာဝန်ယူတည်ဆောက်သည့် ပနားမားတူးမြောင်း စတုတ္ထမြောက် တံတားကြီး အရှေ့ပင်မတာဝါတိုင်၏ ဖောင်ဒေးရှင်း ပထမဆုံးအလွှာ ကွန်ကရစ်ကို နိုဝင်ဘာ ၁ ရက်တွင် စတင်သွန်းလောင်းခြင်းခဲ့ရာ အဆိုပါ ပနားမားနိုင်ငံ၏ “အရေးကြီးဆုံး စီမံကိန်း” တည်ဆောက်မှုသည် ကြီးမားသော တိုးတက်မှုရရှိသည့်အမှတ် သင်္ကေတဖော်ပြလျက်ရှိပေသည်။
ပနားမားနိုင်ငံ ဝန်ကြီးအဆင့် အစိုးရအရာရှိများစွာသည် အဆိုပါကွန်ကရစ်သွန်းလောင်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ပနားမားနိုင်ငံ အများပြည်သူဆောက်လုပ်ရေးလုပ်ငန်းဝန်ကြီး José Luis Andrade က အမှာစကားပြောကြားရာ၌ ယင်းသည် စတုတ္ထမြောက် တံတားကြီး တည်ဆောက်မှုတွင် သမိုင်းမှတ်ကျောက်တိုင်တစ်ခုဖြစ်ကြောင်း၊ “ဒီနေ့မှာတော့ ကျွန်တော်တို့က ဘယ်အချိန်ကထက်မဆို ပနားမားပြည်သူဖြစ်ရတာအတွက် ခိုင်မြဲစွာဂုဏ်ယူရပါတယ်” ဟု ပြောကြားခဲ့သည်။
စတုတ္ထမြောက် တံတားကြီးသ်ည ၂၀၂၈ ခုနှစ် အောက်တိုဘာလတွင် တည်ဆောက်ပြီးစီးမည်ဟု မျှော်မှန်းရပြီး လက်ရှိတွင် စီမံကိန်းတစ်ခုလုံး တည်ဆောက်ပြီးစီးမှုသည် ၂၇ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ရာ ကြိုတင်ရည်မှန်းချက်နှင့် ကိုက်ညီကြောင်း José Luis Andrade က မိတ်ဆက်ပြောကြားခဲ့သည်။ စတုတ္ထမြောက် တံတားကြီးသည် “တစ်နိုင်ငံလုံးမှာ အရေးအကြီးဆုံးစီမံကိန်း” ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်ကို ချိတ်ဆက်ပေးပြီး အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်း ကမ်းရိုးတန်းကို ဆက်သွယ်ပေးသောကြောင့် ဒေသခံများ လူနေမှုဘဝကို များစွာမြှင့်တင်ပေးမည်ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
စတုတ္ထမြောက် တံတားကြီး စီမံကိန်း အထွေထွေမန်နေဂျာ လဲ့လိက ယခုအကြိမ် အရေးကြီး ဆောက်လုပ်ရေး စီမံကိန်းအဆင့်အား ဖော်ဆောင်နိုင်ခြင်းသည် အရှေ့ပင်မတာဝါတိုင် တည်ဆောက်မှုမှာ မသေချာမရေရာမှု အတန်အသင့်များသည့် မြေအောက်အခြေခံအဆောက်အဦအဆင့်မှ မြေပေါ်ဖွဲ့စည်းပုံ တည်ဆောက်မှုအဆင့်သို့ တည်ငြိမ်စွာကူးပြောင်းမှုကို သင်္ကေတပြုနေပြီး နောက်ဆက်တွဲ ပင်မတာဝါတိုင် တည်ဆောက်မှုအတွက် ခိုင်မြဲသောအခြေခံချမှတ်ပေးလိုက်ကာ အရေးကြီးအနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။
စတုတ္ထမြောက် တံတားကြီး၏ ပင်မတံတားသည် ရေလယ်တာဝါတိုင်နှစ်ခု နှစ်ဖက်ကြိုးဆိုင်းထားသည့် ကြိုးဆိုင်းတံတားဖွဲ့စည်းပုံဖြစ်သည်။ ပင်မတံတား စုစုပေါင်းအရှည်သည် ၉၆၅ မီတာရှိပြီး ပင်မတာဝါတိုင်သည် “H” ပုံစံ ဖြစ်ကာ တာဝါတိုင်အမြင့်သည် ၁၈၆ မီတာရှိသည်။
စတုတ္ထမြောက် တံတားကြီး စီမံကိန်းသည် လက်ရှိ တရုတ်လုပ်ငန်းကုမ္ပဏီက လက်တင်အမေရိကဒေသ၌ တာဝန်ယူတည်ဆောက်သည့် အကြီးဆုံး တံတားတစ်စင်းတည်း စီမံကိန်းဖြစ်သလို လက်ရှိ တရုတ်-ပနားမား နှစ်နိုင်ငံ၏ ပမာဏအကြီးဆုံး စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းလည်းဖြစ်ပေသည်။ စီမံကိန်းတည်ဆောက်စဉ်အတွင်း တိုက်ရိုက်အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၀၀၀ နှင့် ပိုမိုများပြားသော တစ်ဆင့်ခံ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ စီမံကိန်းတည်ဆောက်ပြီးနောက် တူးမြောင်းကမ်းနှစ်ဖက်၏ လူပေါင်း ၂ သန်းခန့်သွားလာမှုကို များစွာအဆင်ပြေချောမွေ့သွားစေမည်ဖြစ်သလို ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိရောက်စွာ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ (Xinhua)

ပနားမားနိုင်ငံ မြို့တော်ပနားမားစီးတီး၌ ကျင်းပသည့် ပနားမားတူးမြောင်း စတုတ္ထမြောက် တံတားကြီး၏ အရှေ့ပင်မတာဝါတိုင် ဖောင်ဒေးရှင်း ပထမဆုံးအလွှာ ကွန်ကရစ်သွန်းလောင်းခြင်း ဝေဟင်မြင်ကွင်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Fourth Bridge over the Panama Canal Project Team)


——————–
(Chinese Version)
巴拿马官员:中企承建的运河第四大桥让巴拿马人倍感自豪
新华社巴拿马城11月1日电(记者许咏政)由中国交建和中国港湾联营体承建的巴拿马运河第四大桥东主塔承台首层混凝土11月1日正式开始浇筑,标志着这项巴拿马“最重要的工程”建设取得重大进展。
巴拿马多名部长级官员出席了浇筑仪式,公共工程部长何塞·路易斯·安德拉德在发言中说,这是第四大桥建设中的一个历史性里程碑。“今天,我们比以往任何时候都更加坚定地为身为巴拿马人而自豪。”
安德拉德介绍,第四大桥计划于2028年10月竣工,目前项目整体进度已超过27%,符合预期目标。他强调,第四大桥“是全国最重要的工程”,因为它连接北美洲与南美洲、贯通东西岸,将极大改善居民生活。
第四大桥项目总经理乐砾表示,此次关键工程节点的达成,标志着东主塔施工正式从不确定性较高的地下基础施工阶段,平稳过渡至地上结构施工阶段,为后续主塔塔柱施工筑牢了基础,意义重大。
第四大桥的主桥为双塔双索面斜拉桥结构,主桥全长965米,主塔为“H”型,塔高186米。据悉,第四大桥项目是目前中资企业在拉美地区承建的最大单体桥梁项目,也是目前中巴两国最大规模的经贸合作项目。项目建设过程中预计可创造3000个直接就业岗位和更多间接就业岗位。项目建成后,将极大改善运河两岸约200万人的出行条件,有效促进当地经济发展。(完)
1、11月1日,在巴拿马首都巴拿马城,巴拿马公共工程部长何塞·路易斯·安德拉德在巴拿马运河第四大桥东主塔承台首层混凝土浇筑仪式上致辞。新华社发(巴拿马公共工程部供图)
2、这是11月1日在巴拿马首都巴拿马城拍摄的巴拿马运河第四大桥东主塔承台混凝土浇筑现场(无人机照片)。新华社发(巴拿马运河第四大桥项目方供图)
