Connect with us

Europe

အားကစားလှုပ်ရှားမှုနှင့် အီလက်ထရောနစ်ပစ္စည်း မျက်နှာပြင်ကြည့်ရှုမှုအချိန်က ဆယ်ကျော်သက် လူငယ်များ၏ ဦးနှောက်ကြီးထွားမှုအပေါ် သက်ရောက်မှုရှိ

ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပသည့် စက်ရုပ်ပြိုင်ပွဲ၌ ကွန်ပျူတာပေါ်တွင် စက်ရုပ်အား ထိန်းညှိနေသော ပြိုင်ပွဲဝင်ကလေးများကို ၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

ဟယ်လ်ဆင်ကီ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ဖင်လန်နိုင်ငံ အရှေ့ဖင်လန်တက္ကသိုလ်နှင့် Kuopio တက္ကသိုလ်ဆေးရုံတို့ ပူးတွဲလုပ်ဆောင်သည့် နောက်ဆုံး သုတေသနပြုလုပ်မှုနှစ်ခုအရ ဆယ်ကျော်သက်လူငယ်များ၏ အားကစားလှုပ်ရှားမှု အလေ့အကျင့်နှင့် အီလက်ထရောနစ်ပစ္စည်း မျက်နှာပြင်ကြည့်ရှုမှုအချိန် စသည့် အခြေအနေများသည် ၎င်းတို့၏ ဦးနှောက်လုပ်ဆောင်ချက်နှင့် စိတ်ကျန်းမာရေးအပေါ် သိသိသာသာ သက်ရောက်မှုရှိကြောင်း တွေ့ရှိရသည်။
သက်ဆိုင်ရာ သုတေသနပြုလုပ်မှုရလဒ်များကို နိုင်ငံတကာပညာရပ်ဂျာနယ် “Frontiers In Neuroscience” နှင့် “Neuroscience” များတွင် ဆက်တိုက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အဆိုပါသုတေသနပြုလုပ်မှုနှစ်ခု ရလဒ်များအရ ကောင်းမွန်သော သက်လုံအား ထိန်းသိမ်းထား၍ အားကစားလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခြင်းနှင့် အီလက်ထရောနစ်ပစ္စည်းများအား လျော်ကန်စွာအသုံးပြုခြင်းသည် ဆယ်ကျော်သက်လူငယ်များ ဦးနှောက်ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးရန်အတွက် အရေးကြီး အနက်အဓိပ္ပာယ်ရှိကြောင်း ဖော်ပြနေသည်ဟု အရှေ့ဖင်လန်တက္ကသိုလ်က မကြာသေးမီက ထုတ်ပြန်သည့် သတင်းကြေညာချက်က ဆိုသည်။
အဆိုပါ သုတေသနပြုလုပ်မှုနှစ်ရပ်သည် ဖင်လန်နိုင်ငံ အသက် ၁၆ နှစ်မှ ၁၉ နှစ်အတွင်း ကျန်းမာသောလူငယ် ၄၅ ဦးတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ၎င်းအနက် အမျိုးသမီး ၂၅ ဦးနှင့် အမျိုးသား ၂၀ ဦး ပါဝင်သည်။ သုတေသီများသည် ခန္ဓာကိုယ်လုပ်ဆောင်ချက် စမ်းသပ်မှုများစွာနှင့် စစ်တမ်းကောက်ယူချက်များ စသည်တို့ကို ပေါင်းစပ်ခြင်းဖြင့် စမ်းသပ်မှုခံယူသူများကို အကဲဖြတ်မှုများ လုပ်ဆောင်ခဲ့သည်။

ပထမသုတေသနပြုလုပ်မှုတွင် သိပ္ပံသုတေသနဝန်ထမ်းများက စမ်းသပ်မှုခံယူသူ၏ ကလေးသူငယ်ဘဝမှစ၍ ၎င်း၏ခန္ဓာကိုယ်လုပ်ဆောင်ချက် အခြေအနေနှင့် နေထိုင်မှုပုံစံတို့ကို ရေရှည်ခြေရာခံခဲ့သည်။ ရလဒ်အနေဖြင့် ခန္ဓာကိုယ်လုပ်ဆောင်ချက် အတန်အသင့်ကောင်းမွန်သည့် ဆယ်ကျော်သက်လူငယ်များက ဦးနှောက် Motor cortex ဧရိယာ၏ တက်ကြွလှုပ်ရှားမှုနှင့် တားဆီးမှုတို့အကြား ဟန်ချက်ညီမှုကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ကြောင်း၊ ထိုကဲ့သို့ဟန်ချက်ညီမှုသည် လေ့လာသင်ယူမှုစွမ်းရည်၊ အာရုံစူးစိုက်နိုင်မှုနှင့် ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုကို ပံ့ပိုးပေးသည့် အရေးကြီးအခြေခံပင်ဖြစ်ကြောင်း သိရသည်။
ဒုတိယ သုတေသနပြုလုပ်မှုတွင် အီလက်ထရောနစ်ပစ္စည်း မျက်နှာပြင်အသုံးပြုမှုအချိန်နှင့် အားကစားလှုပ်ရှားမှုက ဆယ်ကျော်သက်လူငယ်များ၏ ဦးနှောက်လုပ်ဆောင်ချက်အပေါ် သက်ရောက်မှုကို လေ့လာသုံးသပ်ခဲ့သည်။ ရလဒ်အနေဖြင့် ဦးနှောက်ကျန်းမာရေးအား သက်ရောက်မှုရှိသည့် အဓိကအချက်မှာ အီလက်ထရောနစ်ပစ္စည်း မျက်နှာပြင်အသုံးပြုသည့် ကြာချိန်မဟုတ်ဘဲ အသုံးပြုသည့်နည်းလမ်း မတူသောကြောင့်ဖြစ်သည်ကို တွေ့ရှိရသည်။
အီလက်ထရောနစ်ပစ္စည်းများအား မဖြစ်မနေအသုံးပြုရခြင်း ဥပမာအားဖြင့် လက်ကိုင်ဖုန်းဖြင့် ကစားချိန်များခြင်း၊ တီဗီသို့မဟုတ် ဗီဒီယိုကြည့်ခြင်းသည် ဦးနှောက် cerebral cortex ဧရိယာ၏ “တားဆီးမှုယန္တရား” ဖြစ်သော အာရုံကြောစနစ်၏ “ဘရိတ်အုပ်ခြင်း လုပ်ဆောင်ချက်” ကို အားလျော့သွားစေနိုင်သည်။ ဒစ်ဂျစ်တယ်စက်ပစ္စည်းများအား ကိုယ်တိုင်၊ တီထွင်ရန်အသုံးပြုခြင်း ဥပမာအားဖြင့် အပြန်အလှန်လှုပ်ရှားမှုရှိသော အက်ပလီကေးရှင်းများအား အသုံးပြုခြင်း၊ ဖန်တီးခြင်း သို့မဟုတ် လေ့လာသင်ယူခြင်း တို့ကမူ ဦးနှောက်၏ တုံ့ပြန်နိုင်စွမ်းပိုမိုမြင့်မားမှုနှင့် သက်ဆိုင်လျက်ရှိရာ ထိုကဲ့သို့ အပြုသဘောဆောင်သည့်လုပ်ဆောင်ချက်သည် စနစ်တကျ အားကစားလေ့ကျင့်မှုနှင့် တူညီပေသည်။
ဆယ်ကျော်သက်လူငယ်ကာလတွင် လမ်းညွှန်ချက်ရှိရှိဖြင့် အားကစားလှုပ်ရှားမှု လုပ်ဆောင်ခြင်းသည် အလွန်အကျိုးရှိကြောင်း၊ ၎င်းသည် လူမှုဆက်ဆံရေးနှင့် စိတ်ကျန်းမာရေးအတွက် အကျိုးပြုသလို ဦးနှောက်လုပ်ဆောင်ချက် တိုးတက်မှုကိုလည်း မြှင့်တင်နိုင်ကြောင်း၊ အီလက်ထရောနစ်ပစ္စည်း မျက်နှာပြင်အသုံးပြုမှုအချိန်ကိုလည်း အသင့်အတင့်ထိန်းသိမ်းထားသင့်ပြီး အတွေးအခေါ်များ လှုံ့ဆော်ပေးရန်၊ ခန္ဓာကိုယ်လှုပ်ရှားမှုမြှင့်တင်ရန်လည်း အကျိုးပြုသင့်ကြောင်း သုတေသီများက ဆိုသည်။ (Xinhua)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျန်းယဲ့မြို့ ရောင်စုံစက်ဘီးစီးလမ်းတစ်နေရာ၌ အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ထားသော ကလေးငယ်စက်ဘီးသမားများက လှိုင်းသဖွယ် အနိမ့်အမြင့်ရှိသော စက်ဘီးလမ်း၌ စက်ဘီးစီးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
研究:运动与电子屏幕使用方式影响青少年大脑发育
新华社赫尔辛基11月1日电(记者朱昊晨 徐谦)芬兰东芬兰大学与库奥皮奥大学医院联合开展的两项新研究显示,青少年的运动习惯以及电子屏幕的使用方式等因素会显著影响其大脑功能和心理健康。
相关研究成果已相继发表于国际学术期刊《神经科学前沿》和《神经科学》上。东芬兰大学日前发布的新闻公报说,两项研究结果表明,保持良好体能、积极参与运动并合理使用电子设备,对青少年大脑的健康发育具有重要意义。
两项研究共纳入45名16至19岁的芬兰健康青少年,其中女性25人、男性20人。研究人员通过多项体能测试并结合问卷调查等对受试者进行评估。
在第一项研究中,科研人员自受试者儿童时期起就长期追踪其体能状况与生活方式。结果发现,体能较好的青少年在大脑运动皮层的兴奋性与抑制性之间保持更好的平衡,这种平衡是支持学习能力、注意力集中及大脑发育的重要基础。
第二项研究分析了屏幕使用时间与运动对青少年大脑功能的影响。结果显示,影响大脑健康的关键并非屏幕使用的时长,而在于使用方式的不同:被动使用电子设备,如刷手机、看电视或视频,会削弱大脑皮层的“抑制机制”,即神经系统的“刹车功能”;主动、创造性地使用数字设备,如参与互动类应用、创作或学习活动,则与更高的大脑反应敏感性相关,这种积极效应类似于有组织的体育锻炼。
研究人员表示,青少年时期进行有指导的体育运动十分有益,它不仅有助于社交与心理健康,也促进大脑功能发展,而屏幕使用时间应保持适度,且应有利于激发思维、促进身体活动。(完)
1、4月26日,在俄罗斯符拉迪沃斯托克机器人比赛上,选手在电脑上调试机器人。新华社发(郭飞洲摄)
2、8月22日,甘肃省张掖市一处彩虹泵道骑行区,佩戴护具的“小骑士”在波浪起伏的泵道上骑行。新华社发(杨潇摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.