Asia
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးခရိုင်ရှိ စက်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွား
တိုကျို၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးခရိုင် မူရိုရန်မြို့ရှိ စက်ရုံတစ်ရုံတွင် ဒီဇင်ဘာလ ၁ ရက် နံနက်အစောပိုင်းက ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ စက်ရုံဝန်းအတွင်း ကွန်ကရစ်အပိုင်းအစများ ကျယ်ကျယ်ပြန့်ပြန့် လွင့်စင်သွားခဲ့သည်။ လက်ရှိတွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ အစီရင်ခံစာ မရှိသေးကြောင်း သိရသည်။
ဒေသခံမီးသတ်ဌာန၏ သတင်းပေးချက်အရ ဒီဇင်ဘာလ ၁ ရက် ၀၀:၅၅ နာရီခန့်တွင် မူရိုရန်မြို့ရှိ Nippon Steel ကုမ္ပဏီ၏ North Japan စတီးထုတ်လုပ်ရေးစက်ရုံအနီးရှိ ဒေသခံများက “နေအိမ်များ တုန်ခါမှု” ဖြစ်ပွားခဲ့ကြောင်း၊ စက်ရုံဝန်းအတွင်း မီးလောင်မှုဖြစ်ပွားဖွယ် သံသယရှိကြောင်း သတင်းပို့ခဲ့ကြသည်။ မီးသတ်သမားများသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြပြီး စက်ရုံအတွင်းရှိ အပူလေမီးဖိုတစ်ခု ပေါက်ကွဲခဲ့ရာ စက်ရုံဝန်းအတွင်း ကြီးမားသော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သည်။
မီးသတ်ဌာနက အခင်းဖြစ်ပွားစဉ်တွင် အလုပ်သမား ၁၀ ဦးခန့် ဘေးလွတ်ရာသို့ ထွက်ခွာနိုင်ခဲ့ပြီး လက်ရှိတွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ အစီရင်ခံစာ မရှိသေးကြောင်း ပြောကြားခဲ့သည်။ မီးလောင်ကျွမ်းမှုအရှိန်ပြင်းထန်သောကြောင့် မီးငြှိမ်းသတ်လုပ်ငန်းမှာ မီးစလောင်ကျွမ်းချိန်မှ နာရီများစွာ ဆက်လက်လုပ်ဆောင်လျက်ရှိခဲ့သည်။
စက်ရုံဝန်းအတွင်းရှိ မီးဖိုများ လည်ပတ်မှုကို အရေးပေါ်ရပ်ဆိုင်းလိုက်ပြီး စက်ပစ္စည်းပျက်စီးမှုအခြေအနေနှင့် ယင်းဖြစ်ရပ်ကြောင့် ထောက်ပံ့ရေးကွင်းဆက်နှင့် ထောက်ပံ့ပို့ဆောင်ရေးအပေါ် သက်ရောက်မှုကို အတည်ပြုလျက်ရှိသည်။
မီးလောင်မှုဖြစ်ပွားရခြင်း၏ တိကျသောအကြောင်းရင်းကို လက်ရှိတွင် စုံစမ်းစစ်ဆေးလျက်ဖြစ်သည်။ (Xinhua)

………………………..
(Chinese Version)
日本北海道一工厂发生爆炸并引发火灾
新华社东京12月1日电(记者李子越 陈泽安)日本北海道室兰市一工厂12月1日凌晨发生爆炸并引发火灾,事故造成厂区内混凝土碎片大面积飞散。目前尚无人员伤亡报告。
据当地消防部门通报,12月1日0时55分左右,室兰市日本制铁公司北日本制铁所工厂附近居民报警称“房屋发生震动,厂区内疑似发生火灾”。消防人员赶赴现场后确认,工厂内的热风炉发生爆炸,随后在厂区内引发大规模火灾。
消防部门说,事发时工厂内的约10名工作人员已撤离,目前暂无人员伤亡报告。由于火势较严重,起火数小时后灭火工作仍在持续。
工厂方面目前已紧急停止厂区熔炉运转,正在确认设备受损情况及事故对供应链和物流的影响。
事故具体原因目前仍在调查中。(完)
图说:这是12月1日在日本北海道室兰市航拍的室兰市日本制铁公司北日本制铁所工厂火灾后景象。新华社/共同社
