Connect with us

Asia

သီရိလင်္ကာနိုင်ငံ၌ အဆုံးရွားဆုံး သဘာဝဘေးအန္တရာယ်သင့်မှုကြောင့် သေဆုံးသူ ၃၃၄ ဦး ရှိလာ

သီရိလင်္ကာနိုင်ငံ Kelaniya ဒေသ၌ ရေနစ်မြုပ်နေသော နေအိမ်များ၏ ဝေဟင်မြင်ကွင်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

လတ်တလောရက်ပိုင်းတွင် သီရိလင်္ကာနိုင်ငံ၌ ယနေ့တိုင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ သမ္မတ Anura Kumara Dissanayake က နိုဝင်ဘာ ၃၀ ရက်တွင် နိုင်ငံတော်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိတွင် အစွန်းရောက်ရာသီဥတုကြောင့် နိုင်ငံတစ်ဝန်း၌ သေဆုံးသူ ၃၃၄ ဦး၊ ပျောက်ဆုံးသူ ၃၇၀ ဦး၊ ဘေးဒဏ်သင့်သူ ၁.၁ သန်း‌ကျော် ရှိလာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

အပူပိုင်း ဆိုက်ကလုန်းမုန်တိုင်း Ditwah ၏ သက်ရောက်မှုကြောင့် သီရိလင်္ကာနိုင်ငံ ဒေသအများအပြားတွင် ရက်ပေါင်းဆက်တိုက် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း စသည့် ဆိုးရွားသော ရာသီဥတုအခြေအနေများနှင့် ကြုံတွေ့ခဲ့ရာ ရေကြီးရေလျှံမှု၊ မြေပြိုမှု စသည့် သဘာဝဘေးဒဏ်သင့်ခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုစင်တာက ထိုနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ အိန္ဒိယသမုဒ္ဒရာ ကျွန်းနိုင်ငံသည် နိုဝင်ဘာ ၂၈ ရက်မှစ၍ အများပြည်သူအရေးပေါ်အခြေအနေသို့ ဝင်ရောက်ကြောင်း Anura Kumara Dissanayake က နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
Anura Kumara Dissanayake က နိုဝင်ဘာ ၃၀ ရက်တွင် မိန့်ခွန်းပြောကြားရာ၌ သက်ဆိုင်ရာဌာနများအနေဖြင့် အရေးပေါ်အစီအမံများ လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ ဘေးဒဏ်သင့်ဒေသများ၏ ရေပေးဝေမှု၊ လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ဆက်သွယ်ရေး စသည့် အခြေခံဝန်ဆောင်မှုများ ပြန်လည်ရရှိရေး အစွမ်းကုန်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုခဲ့သည်။ (Xinhua)

သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုရှိ ဆင်ခြေဖုံး၌ ဒေသခံများက လှေစီး၍ ဘေးဒဏ်သင့်ဒေသမှ ထွက်ခွာနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————-
(Chinese Version)
斯里兰卡遭遇最严重自然灾害 已致334人死亡
新华社科伦坡11月30日电(记者吴子钰)斯里兰卡总统迪萨纳亚克11月30日发表全国讲话说,连日来的极端天气令斯里兰卡遭遇迄今最严重的自然灾害。目前,极端天气已造成全国334人死亡、370人失踪,超110万人受灾。
斯里兰卡灾害管理中心当晚通报,受热带气旋“迪特瓦”影响,斯里兰卡多地连日来遭遇暴雨大风等恶劣天气,引发洪水、山体滑坡等灾害。迪萨纳亚克29日宣布,这个印度洋岛国已于28日进入公共紧急状态。
迪萨纳亚克30日在讲话中表示,有关部门已采取应急措施,全力恢复受影响地区的供水供电和网络通信等基础服务。(完)
图说1:11月29日,在斯里兰卡凯勒尼耶地区,房屋被洪水淹没(无人机照片)。新华社发(蒂拉纳·卡卢托塔格摄)
图说2:11月29日,在斯里兰卡首都科伦坡郊区,当地居民乘船撤离受灾区域。新华社发(阿吉特·佩雷拉摄)