Latin America
အမေရိကန်၏လုပ်ရပ်များက ကမ္ဘာ့စွမ်းအင်တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသည်ဟု ဗင်နီဇွဲလားက OPEC သို့ စာပေးပို့
ကရာကက်စ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
ကာရေဘီယံဒေသတွင် အမေရိကန် စစ်ရေးဖြန့်ကြက်မှုတိုးမြှင့်ခြင်းက ဗင်နီဇွဲလားနိုင်ငံအပေါ် ခြိမ်းခြောက်မှုဖြစ်သလို ကမ္ဘာ့စွမ်းအင်ဈေးကွက်တည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဗင်နီဇွဲလားသမ္မတ မာဒူရိုက ရေနံတင်ပို့သောနိုင်ငံများအသင်း (OPEC) အထွေထွေအတွင်းရေးမှူးချုပ် Haitham al-Ghais ထံသို့ မကြာမီရက်ပိုင်းတွင် စာလွှာပေးပို့၍ ပြောကြားခဲ့သည်။
ဗင်နီဇွဲလား ဒုတိယသမ္မတနှင့် ရေနံဝန်ကြီးဌာန ဝန်ကြီး Delcy Rodríguez သည် မကြာမီရက်ပိုင်းက OPEC အစည်းအဝေးကာလတွင် အဆိုပါစာလွှာအကြောင်းအရာကို ဖတ်ကြားခဲ့သည်။
ဩဂုတ်လမှစ၍ အမေရိကန်သည် “အနှောင့်အယှက်နှင့် ခြိမ်းခြောက်သည့် လုပ်ရပ်များ” စတင်၍ အဆက်မပြတ် အရှိန်မြှင့်တင်လုပ်ဆောင်ခဲ့ကြောင်း၊ ကာရေဘီယံပင်လယ်တွင် ရေတပ်သင်္ဘော ဆယ်စင်းကျော်နှင့် စစ်သည် ၁၅,၀၀၀ ခန့် ဖြန့်ကြက်ထားသလို ရေယာဉ်သင်္ဘောများကိုလည်း အကြိမ်ပေါင်း ၂၀ ကျော် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ကြောင်း၊ ယင်းလုပ်ရပ်သည် “လက်နက်အင်အား အကြိမ်ကြိမ်သုံး၍ ခြိမ်းခြောက်ခြင်း” ၊ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” နှင့် နိုင်ငံတကာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ရာ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် စွမ်းအင်ထောက်ပံ့ရေးကွင်းဆက်ကို ရိုက်ခတ်နေပြီ ဖြစ်ကြောင်း မာဒူရို၏ စာလွှာတွင် ဖော်ပြထားသည်။
အမေရိကန်၏ အဆိုပါလုပ်ရပ်များက “လက်နက်အင်အားဖြင့် ဗင်နီဇွဲလား၏ ရေနံအရင်းအမြစ်ကို လုယူရန် ရည်ရွယ်ခြင်း” ဖြစ်ကြောင်း၊ ယင်းကြံစည်ကြိုးပမ်းမှုမှာ ဗင်နီဇွဲလားရေနံထုတ်လုပ်မှုကို တိုက်ရိုက်အန္တရာယ် ဖြစ်စေရုံသာမက ကမ္ဘာလုံးဆိုင်ရာရေနံဈေးကွက် တည်ငြိမ်ရေးကိုလည်း အန္တရာယ်ကြုံတွေ့စေကြောင်း မာဒူရိုက ထောက်ပြခဲ့သည်။
သမိုင်းတွင် ရေနံထုတ်လုပ်သည့်နိုင်ငံများကို ပစ်မှတ်ထားသော စစ်ရေးစွက်ဖက်မှုကြောင့် ဖြစ်ပွားသည့် နောက်ဆက်တွဲဆိုးကျိုးများကို ဂရုပြုကြရန် OPEC နှင့် “OPEC+” အဖွဲ့ဝင်များကို မာဒူရိုက သတိပေးခဲ့ပြီး အထူးသဖြင့် အီရတ်၊ လစ်ဗျား စသည့်နိုင်ငံများတွင် ပြည်ပစစ်ရေးလှုပ်ရှားမှုကြောင့် စွမ်းအင်စနစ်ထိခိုက်ကာ ဈေးကွက်အပြင်းအထန်လှုပ်ခတ်ခဲ့သည့်အခြေအနေကို ပြောကြားခဲ့သည်။
မာဒူရိုက ဗင်နီဇွဲလားအပေါ် အမေရိကန်က ဆက်လက်ဖိအားပေးနေမည်ဆိုလျှင် “ရေတို၊ ရေလတ်နှင့် ရေရှည်ကာလများ” တွင် ကမ္ဘာ့ရေနံထုတ်လုပ်မှုစနစ်နှင့် ထောက်ပံ့မှု ဟန်ချက်ညီမှုအပေါ် ဆိုးကျိုးသက်ရောက်စေမည် ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
ဗင်နီဇွဲလားအနေဖြင့် နိုင်ငံ၏စွမ်းအင်အရင်းအမြစ် အချုပ်အခြာအာဏာကို အခိုင်အမာကာကွယ်သွားမည် ဖြစ်ရာ ပြင်ပခြိမ်းခြောက်မှုနှင့် အကျပ်ကိုင်မှု မည်သည့်ပုံစံကိုမဆို ဆန့်ကျင်သွားမည် ဖြစ်ကြောင်း၊ OPEC နှင့် “OPEC+” က ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ အမေရိကန်၏လုပ်ရပ်က ဈေးကွက်နှင့် အဖွဲ့ဝင်များ၏ အကျိုးစီးပွားအပေါ် သက်ရောက်မှုအလားအလာများကို ဂရုပြုကြရန် တိုက်တွန်းကြောင်း မာဒူရိုက အလေးထားပြောကြားခဲ့သည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်၌ ကျင်းပသော ဆန္ဒပြလှုပ်ရှားမှုတစ်ခုတွင် ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရို မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်၌ ကျင်းပသော ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သော ဗင်နီဇွဲလား ဘိုလီးဗာရီးယားနာ အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ အဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
委内瑞拉致信欧佩克:美方行动威胁全球能源稳定
新华社加拉加斯11月30日电(记者缪培源 田睿)委内瑞拉总统马杜罗日前致信石油输出国组织(欧佩克)秘书长海赛姆·盖斯,表示美国在加勒比海地区加强军事部署,对委内瑞拉构成威胁,或危及全球能源市场稳定。
委内瑞拉副总统兼石油部长罗德里格斯日前在欧佩克会议期间宣读信件内容。马杜罗在信中说,自8月以来,美国发起的“骚扰与威胁行动”不断升级,美方在加勒比海部署十余艘军舰和约1.5万名军人,还对船只实施20余次空袭,造成80多人死亡。这些行动构成“反复使用武力威胁”,严重违反《联合国宪章》和国际法,已对地区和平、安全与能源供应链造成冲击。
马杜罗指出,美方上述行动“以武力夺取委内瑞拉石油资源为目的”,这一企图不仅直接危及委内瑞拉石油生产,也使全球能源市场的稳定面临风险。
马杜罗提醒欧佩克及“欧佩克+”成员关注历史上针对产油国的军事干预所造成的后果,并特别提及伊拉克、利比亚等国家因外部军事行动能源体系受损、市场剧烈波动的情况。马杜罗警告,美国对委施压若持续,将在“短期、中期和长期”对全球产油体系与供应平衡造成不利影响。
马杜罗强调,委内瑞拉将坚定维护国家能源资源主权,反对任何形式的外部威胁和胁迫,并呼吁欧佩克及“欧佩克+”加强沟通协作,关注美方行动对市场和成员利益带来的潜在影响。(完)
1,2. 11月25日,委内瑞拉总统马杜罗在加拉加斯举行的游行活动上发表讲话。新华社发
3. 11月25日,委内瑞拉玻利瓦尔国民武装部队成员参加在加拉加斯举行的游行活动。新华社发
