Connect with us

North America

အမေရိကန်နိုင်ငံ တောင်ပိုင်းပြည်နယ်နှစ်ခုတွင် လူဝင်မှုကြီးကြပ်ရေးကဏ္ဍ တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုဖြင့် လူ ၅,၀၀၀ ဖမ်းဆီးမည်ဟု အမေရိကန်မီဒီယာများ ဆို

အမေရိကန်နိုင်ငံ ချီကာဂိုမြို့လယ်တွင် ဆန္ဒပြလှုပ်ရှားမှုဖြစ်ပွားနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန် လူဝင်မှုကြီးကြပ်ရေးကဏ္ဍ တရားဥပဒေစိုးမိုးရေးဝန်ထမ်း ၂၅၀ ခန့်သည် ဒီဇင်ဘာ ၁ ရက်မှစ၍ လူဝီစီးယားနားပြည်နယ် အရှေ့တောင်ပိုင်းနှင့် မစ္စစ္စပီပြည်နယ်တို့တွင် လနှင့်ချီကြာသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများလုပ်ဆောင်ကာ လူ ၅,၀၀၀ ဖမ်းဆီးရန် ရည်မှန်းထားကြောင်း AP သတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် သတင်းများအရ သိရသည်။

ယခုအကြိမ် လှုပ်ရှားမှုကို “ရွှံ့နွံရှင်းလင်းရေး (Swamp Sweep)” ဟု အမည်ပေးထားပြီး လူဝီစီးယားနားပြည်နယ် နယူးအော်လင်းမြို့ကို ဗဟိုပြုလုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ယင်းမှာ ထရမ့်အစိုးရအနေဖြင့် တင်းမာသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား နှင်ထုတ်ရေးမူဝါဒ စတင် ကျင့်သုံးသည့်အချိန်မှစ၍ ဒီမိုကရက်တစ်ပါတီအုပ်ချုပ်သော မြို့ပြကို ပစ်မှတ်ထားသည့် ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးကဏ္ဍ တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှု နောက်ဆုံးအသစ်တစ်ကြိမ် ဖြစ်ကြောင်း သိရသည်။

ထိုမတိုင်မီ အမေရိကန် တရားစီရင်ရေးဌာနက နယူးအော်လင်းစ်မြို့သည် ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးကဏ္ဍ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို နှောင့်ယှက်သည်ဟု စွပ်စွဲပြစ်တင်ခဲ့ပြီး ၎င်းကို “အကာအကွယ်ပေးသည့်မြို့ပြ” ၁၈ ခု ဟူသော စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း၊ သို့သော် ရီပက်ဘလစ်ကန်ပါတီ ဦးဆောင်သည့် လူဝီစီးယားနားပြည်နယ် လွှတ်တော်ကမူ ဥပဒေအကြောင်းအချက်များစွာကို အတည်ပြုကာ ထရမ့်အစိုးရ၏ သဘောထားတင်းမာသော လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပူးပေါင်းဆောင်ရွက်ရန် နယူးအော်လင်းမြို့ဌာနအသီးသီးကို အတင်းအကျပ်တောင်းဆိုခဲ့ကြောင်း သိရသည်။
အမေရိကန် နယ်ခြားကင်းလှည့်တပ်မှူး Gregory Bovino က ယခုအကြိမ်လှုပ်ရှားမှုကို ဦးဆောင်မည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထိုမတိုင်မီ ၎င်းသည် ချီကာဂို၊ လော့စ်အိန်ဂျလိစ်နှင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရှားလော့မြို့ စသည့်နေရာများတွင် ရွှေ့ပြောင်းနေထိုင်သူများကို ပစ်မှတ်ထားသည့် တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများကို ကွပ်ကဲခဲ့ဖူးကြောင်း၊ သို့သော် တရားဥပဒေစိုးမိုးရေးလုပ်ဆောင်သည့် နည်းလမ်းသည် အလွန်အမင်း ပြင်းထန်ခြင်းကြောင့် အငြင်းပွားမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေခဲ့ပြီး တရားစွဲဆိုခံရမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မကြာသေးမီလများအတွင်း တရားဥပဒေစိုးမိုးရေးဝန်ထမ်းများသည် ချီကာဂိုဒေသ၌ လျှပ်တစ်ပြက်လှုပ်ရှားမှုများ ပြုလုပ်ပြီး ရွှေ့ပြောင်းနေထိုင်သူ ၃၂,၀၀ ကျော်ကို ဖမ်းဆီးထားခဲ့ပြီးကြောင်း သတင်းများက ဖော်ပြထားသော်လည်း အသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ထို့အပြင် ယခုကာလများအတွင်း ဖမ်းဆီးထိန်းသိမ်းမှု ၆၀၀ ခန့်၏ တရားရုံးစာရွက်စာတမ်းများအရ ၎င်းတို့အနက် အလွန်နည်းပါးသောလူဦးရေလောက်ကသာ “အများပြည်သူ့လုံခြုံရေးအပေါ် ကြီးမားသောအန္တရာယ်” ဖြစ်စေနိုင်သည့် ပြစ်မှုကျူးလွန်မှုမှတ်တမ်း ရှိကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ အောက်မန်ဟက်တန်၊ ဖက်ဒရယ်ရင်ပြင်ရှိ လူဝင်မှုကြီးကြပ်ရေးတရားရုံးအနီးတွင် ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား ထိန်းသိမ်းနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့လယ်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
美媒:美移民执法行动将在南部两州逮捕5000人
新华社华盛顿11月30日电 据美联社11月30日报道,约250名美国移民执法人员预计将于1日开始在路易斯安那州东南部及密西西比州开展一场为期数月的移民执法行动,目标是逮捕5000人。
报道说,此次行动代号为“沼泽清扫”,将以路易斯安那州新奥尔良市为中心进行。这是特朗普政府开始执行强硬的驱逐非法移民政策以来,最新一次针对民主党执政城市的联邦移民执法行动。
美国司法部此前指责新奥尔良市妨碍联邦移民执法工作,并将其列入18个所谓“庇护城市”名单之中。然而,由共和党主导的路易斯安那州议会已通过多项法律,强制要求新奥尔良各机构配合特朗普政府的强硬移民政策。
报道说,美国边境巡逻队指挥官格雷戈里·博维诺将领导此次行动。此前,他曾指挥过在芝加哥、洛杉矶和北卡罗来纳州夏洛特等地针对移民的执法行动,但因执法方式过于强硬,引发广泛争议,并招致多项诉讼指控。
根据报道,近几个月,执法人员在芝加哥地区突袭行动中已逮捕超过3200名移民,但未提供太多细节。此外,约600起近期逮捕案例的法庭文件显示,其中仅有极少数人具有构成“重大公共安全风险”的犯罪记录。(完)
1. 这是6月10日在美国芝加哥市中心拍摄的抗议活动现场。新华社发(文森特·约翰逊摄)
2. 6月10日,在美国纽约曼哈顿下城联邦广场移民法庭附近,警察控制抗议者。新华社记者 刘亚南 摄
3. 6月10日,在美国芝加哥市中心,抗议者与警察对峙。新华社发(文森特·约翰逊摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.